I have only you

500 59 10
                                    

Kim Taehyung ကြည့်ရတာ တော်တော်လေး စိတ်ညစ်နေတယ်ထင်တယ် ။ဒီတိုက်ခန်းထဲကလွဲရင် အပြင်မထွက်သည်မှာ တစ်ပတ်ကျော်နေပြီ ။

"Kim Taehyung ဘာဖြစ်လို့လဲ မင်းဘာအဆင်မပြေလို့လဲ "

"ဘာလို့ မေးတာတုန်း "

"မင်းဘယ်မှလည်းမသွားလို့လေ "

"ဒီအတိုင်းပဲ ပျင်းတယ် villa ပြန်ရင်လည်းမတွေ့ချင်တဲ့ မျက်နာတွေ တွေ့ရမှာလေ "

"အွန်း ငါခနနေ အပြင်သွားမလို့ "

"အင်း သွားလေ ပြန်လာရင် ကိတ်မုန့်လေးဝယ်ခဲ့ "

"အိုကေ ရေသွားချိူးလိုက်ဦးမယ်"

Jeon Jungkook က အပြင်သွားဖို့ရေချိုးနေတယ် ။ သူကတော့ ဒီ TVရှေ့မှာပဲ ဇာတ်ကားကြည့်နေတယ် ။ အခုကြည့်နေတာက ဒီတစ်လောမှထွက်ထားတဲ့ နာမည်ကြီး ဇာတ်ကား Duty After School ဖြစ်သည် ။ ဇာတ်လမ်းရဲ့ အရှိန် တစ်ကယ့်နေရာရောက်ကာမှ ထမြည်လာတဲ့ ဖုန်းကြောင့် စိတ်တိုသွားသည် ။

သူ့ဖုန်းသံမဟုတ် Jeon Jungkook ရဲ့ဖုန်းသံဖြစ်သည် ။ အော် ခနက သူရှေ့က စားပွဲပေါ်မှာ ကျန်ခဲ့တာကိုး ။ မကိုင်ဘူး လုပ်ပေမယ့် contant name ကြောင့် စိတ်တိုလာသည် ။ သူကိုင်မယ် ပြင်ပေမယ့် ဖုန်းက ကျသွားပြီ ။ ခနနေတော့ ဝင်လာတဲ့ Message.

"ကို .. ငယ်ထွက်လာပြီနော် .. cafe မှာစောင့်နေမယ် မွ ချစ်တယ် .. "

ကျစ် Jeon Jungkook ရည်းစား‌ထားနေပြန်ပြီ ။ သူကသာ ရည်းစား မှိုလိုပေါက်အောင်ထားမယ် Jeon Jungkook ရည်းစားထားတာကိုတော့ မကြိုက်ဘူး ။ ဘာလို့လဲမသိပေမယ့် အချစ်ဆုံး သူငယ်ချင်း . ကိုယ့်ကိုအမြဲနား‌လည်ပေးပြီ ကိုယ့်နားအမြဲရှိပေးတဲ့သူ ။ ထိုသူက သူနဲ့အတူ အခြားတစ်ယောက်ကိုပါ အဲ့လိုလုပ်ပေးမယ်ကို တွေးမိတိုင်း စိတ်တိုသည် ။

"Kim Taehyung ငါဖုန်းလေး တွေ့သေးလား "

"ဒီစားပွဲပေါ်မှာ "

"အော် ငါသွားလိုက်ဦးမယ် "

"အင်း .. "

Jeon Jungkook ထွက်သွားပြီးတော့လည်း ထယ်ယောင်းမှာ ဇာတ်ကားထဲ အာရုံမရတော့ပြန် ။ Jeon Jungkook ဒီလိုရည်းစားနဲ့ အမြဲသွားနေတာလား ။ ဘယ်နကြိမ်တောင်ရှိပြီလဲ ။ ခါတိုင်း တွဲရင် သူ့ကိုပြောပါတယ် အခုဟာ သူ့ကိုတောင်မပြောဘဲ ခိုးတွဲနေတာလား ။

// Anti-Romance International play boys // Where stories live. Discover now