မင်းတို့မှာ အခင်ဆုံးအချစ်ဆုံးသူငယ်ချင်း
ဆိုတာ ရှိကြတယ်ဟုတ် ။
မင်းတို့ချင်းက မတည့်ကြတာဖြစ်ဖြစ်
တစ်စုံတစ်ခုသောအရာတွေက တားဆီးလို့ပဲဖြစ်ဖြစ်
မင်းတို့အချင်းချင်းကတော့ ချစ်ခင်နေကြဆဲမလား ။အကယ်၍ မင်းရဲ့အချစ်ဆုံးသူငယ်ချင်းက
မင်းမုန်းတဲ့လူတစ်ယောက်ကို သဘောကျသွားရင်
မင်းဘယ်လိုခံစားရမလဲ ။ပြီးတော့ မင်းဘာလုပ်မလဲ ။
ငါဒီအဖြေကို သိပ်သိချင်တယ် ။
ငါကတော့ အမ်း.... ဟက် ။
// F.R.I.E.N.D //
"Kim Taehyung မင်းကို ဇာတ်လမ်းတစ်ပုဒ်ပေးမယ် မင်းက အဲ့တာက ဘယ်နေရာဖြစ်မယ်လို့ထင်လဲ မင်းကိုယ်မင်း "
"ငါလား အမ်းး ငါက ဗီလိန် တစ်ယောက်ဖြစ်လောက်မှာ သေချာပေါက် "
"အမ် ဘာလို့ "
"မသိဘူး ဒါပေမယ့် ငါကအရမ်းချောတဲ့ Villain ပေါ့ကွယ် "
" ဗီလိန်ဆို မင်းက ဘယ်လိုလုပ်မလို့တုန်း "
"သေချာတာကတော့ ငါလိုချင်တဲ့ဟာကို ငါ့အပိုင်အဖြစ် ငါဆွဲယူမှာလေ "
// Villain//
"ထယ်ယောင်း မင်းနဲ့ အွန်းငယ် အခြေအနေဘယ်လိုလဲ ။ မင်းသူ့ကို သဘောမကျဘူးလား "
"အင်း ရှင်းရှင်းပြောရင် သဘောမကျဘူး "
"ဘာလို့လဲ "
"အကယ်၍ မင်းကိစ္စတစ်ခုခုဖြစ်ခဲ့ရင် မင်းသူ့ကိုယုံလား ငါ့ကို ယုံလား Jeon Jungkook "
"အာ .. မင်းကို ယုံတယ် ! ငါသိထားတဲ့ Kim Taehyung က ဘယ်တော့မှ မလိမ်တတ်ဘူးလေ "
"ဒါဆို မင်းငါ့ဘက်နော် "
"အင်း .. "
ဂျောင်ဂုရဲ့အဖြေကို ထယ်ယောင်းအားရသွားခဲ့တယ် ။ ဘာပဲပြောပြော ဂျွန်ဂျောင်ဂုက သူ့ဘက်မှာရှိနေတာမလား ။
"ငါမင်းကို မသိုဝှက်ထားချင်လို့ ပြောပြမယ် ဂျောင်ဂု "
"အင်း ပြော ဘာပဲဖြစ်ဖြစ် ငါက မင်းကို ယုံတယ် "
"လီအွန်းရွယ်က အခု ငါ့အိမ်က ဦးလေး Kim Jungmin ရဲ့တူမ "
"ဘာ ! "
YOU ARE READING
// Anti-Romance International play boys //
Fanfiction"မသိဘူး ငါတို့တွဲကြမယ် " "ဟမ် တွဲမယ် " ... ... ... "ငါမင်းကိုချစ်တယ် " "အားးရှ် မင်းကိုအရမ်းချစ်တယ် ဒါပေမယ့် မပြောတတ်ဘူး " Start Date - 28.3.2022 Written by Victory Jeon