အချက်သုံးချက်
3 points//
"အဲ့တော့ ငါတို့ကို သူတို့ဘက်က ပစ္စည်းအဝင်မခံဘူးပေါ့ "
ထယ်ယောင်းရဲ့အမေးစကားကို ဂျောင်ကု ခေါင်းငြိမ့်ကာဖြေလိုက်သည် ။ သူတို့ ပစ္စည်း အများသွားနေကြ ဂိတ်က အခုမှ အဝင်မခံနေဘူး ။ အကြောင်းအရင်းကတော့ တစ်ခုခုရှိနေလိမ့်မယ် ။
"ဘယ်သူလက်ချက်လို့ထင်လဲ Kim Taehyung"
''ငါမပြောတတ်သေးဘူး တစ်ချက်ကြည့်ရမှာပေါ့ အခု ပစ္စည်းတွေက "
"အဲ့ဂိတ်နားမရောက်ခင် ဆိပ်ကမ်းမှာပဲရှိသေးတယ် "
"သွားကြည့်မယ် Jeon Jungkook "
ပြင်ဆင်ပြီးတာနဲ့ ကားနဲ့ ထွက်လာခဲ့သည် ။ ၂နာရီကျော်လောက် သွားရမယ့် ခရီးကို ဂျောင်ကု တစ်ယောက်ထဲသာ မောင်းသည် ။ လမ်းတစ်လျှောက် ကားအသွားအလာနည်းသည် ။ မိုးအေးတာကြောင့် သီချင်းအေးအေးလေးလည်း ကားအတွင်းပျံ့နှံ့လျက် ။ ထယ်ယောင်းကတော့ ဖုန်းအေးဆေးသုံးနေလေသည် ။
"Jeon Jungkook "
"ပြော "
"ဒီထဲမှာတွေ့တာ မေးကြည့်မယ် .. ငါ့အပေါ်မြင်တဲ့အချက်သုံးချက် "
"ဘယ်လိုမျိုးလဲ "
"ဒီလိုကွာ ဒီထဲမှာက သူကသူ့သူငယ်ချင်းကိုအဲ့လိုမေးတာ သူ့သူငယ်ချင်းကဖြေတာ စိတ်ကောင်းရှိတယ် ရုပ်ချောတယ် စာတော်တယ် အဲ့လို "
ထယ်ယောင်းပြောသည်ကို ဂျောင်ကုက သေချာနားထောင်းရင်း ခေါင်းလေးငြိမ့်နေသည် ။ လက်က ကားမောင်းမပျက်သလို မျက်လုံးကလည်း အရှေ့သာကြည့်နေသည် ။
" ပွင့်လင်းတယ်
စိတ်ဓာတ်ခိုင်မာတယ် .. ပြီးတော့
အဆိပ်ပြင်းပြီး အရမ်းလှတယ် ""လှတယ် ? ငါက "
"အင်း မင်းက လှတယ် "
ဂျောင်ကု ထယ်ယောင်းဘက်လှည့်ရင်း မျက်ဝန်းတွေကို စိုက်ကြည့်ကာ ပြောလိုက်သည် ။ ပြီးတာနဲ့လမ်းကိုသာ အာရုံစိုက်လိုက်သည် ။
"ငါ့ကိုရော Kim Taehyung ဘယ်လိုမြင်လဲ "
ဂျောင်ကု အမေးကို တွေးစစ ဖြစ်သွားတဲ့ ထယ်ယောင်းက အသေအချာလေး စဉ်းစားနေလေသည် ။
YOU ARE READING
// Anti-Romance International play boys //
Fanfiction"မသိဘူး ငါတို့တွဲကြမယ် " "ဟမ် တွဲမယ် " ... ... ... "ငါမင်းကိုချစ်တယ် " "အားးရှ် မင်းကိုအရမ်းချစ်တယ် ဒါပေမယ့် မပြောတတ်ဘူး " Start Date - 28.3.2022 Written by Victory Jeon