Villa

637 70 6
                                    

" Kim Taehyung  Jeon Jungkook ကို ဘာကိစ္စခေါ်လာရပြန်တာလဲ မင်းနားမလည်ဘူးလားဟမ် "

"သူက ကျုပ်သူငယ်ချင်း ကျုပ်ခေါ်လာချင်ရင် ခေါ်လာမှာပေါ့ "

"ဒါပေမယ့် ဒါငါတို့ အိမ် ! ဒါငါတို့ villa ! "

ကြီးကြီးကျယ်ကျယ်တွေပြောနေတဲ့ ဦလေးဖြစ်သူကို
ထယ်ယောင်း လှောင်ရယ်လိုက်သည် ။

"ဟုတ်လား အိုးး သေချာလို့လား "

ဦးလေးဖြစ်သူအားမျက်လုံးတည့်တည့်စိုက်ကြည့်လိုက်ပြီးပြောသည်။

"ဟင် သေချာလို့လား ဒါက ခင်ဗျားပိုင်တာ "

"Kim Taehyung မင်းဘာစကားပြောတာလဲ !! "

"လူစကားလေ ကျစ် ကျုပ်ကြောင့် အချိန်ကုန်ခံမနေနဲ့ "

ထယ်ယောင်းထိုသို့ပြောကာ အိမ်ကနေထွက်လာပြီး Barမှာ လာသောက်နေလိုက်သည် ။

အရင်က သိပ်ကိုအင်အားကြီး စည်းလုံးပါတယ်ဆိုတဲ့ Kim villa အိမ်တော် ၊ အာဏာပါဝါအမြင့်ဆုံးနဲ့ လူတိုင်းအားကျရတဲ့ Kim  မျိုးရိုး ၊ အခုတော့ မရှိတော့ဘူး ။ Kim မျိုးရိုးတွေထဲ သွေးမစစ်တွေဝင်လာခဲ့တယ် ။

"ဟက် Jeon Jungkook ‌အခုမင်း ဘယ်မှာလဲဟာ "

တန်ဖိုးကြီးသော အရက်ပြင်းကို ထယ်ယောင်းသောက်နေသည်မှာ တစ်ပုလင်းလုံးကုန်တော့မည် ။
ပူလောင်တယ် အရင်အခြေအနေကို ပြန်လိုချင်တယ်။

// VILLA //

Kim မျိုးရိုးနဲ့ Jeon မျိုးရိုးဆိုသည်မှာ အရင်က အရမ်းကိုမှ ခင်မင်စည်းလုံးတဲ့ မျိုးရိုးနစ်ခုဖြစ်သည် ။ ထိတ်တန်းစာရင်းဝင် အာဏာအပြင်းဆုံးမိသားစု နှစ်ခု ။ သို့ပေမယ့်  အမှားလေးတစ်ခုကြောင့် မထားသင့်တဲ့ ရန်ညှိုး ထားမိကာမှ အကုန်ပျက်စီးကုန်ပြီ ။

Kim မျိုးရိုး ၊ Kim Taehyung ရဲ့အဖွားဖြစ်သူကို Jeon မျိူရိုး  Jeon Jungkookရဲ့ အဖိုးဖြစ်သူနဲ့ လက်ဆက်ပေးရန် ရည်ရွယ်ထားကြတယ် ။ သို့ပေမယ့် သူတို့ချင်းမှ မချစ်ခဲ့တာ ဒါကိုအတင်းလုပ်ယူခဲ့တယ် ။ အဲ့တာနဲ့ Kim အဖွားက ထွက်ပြေးရင် သေဆုံးခဲ့သလို Jeon အဖိုးကလည်း သူချစ်ရတဲ့သူနဲ့ လိုက်သွားခဲ့တယ် ။

// Anti-Romance International play boys // Where stories live. Discover now