" Jeon Jungkook ကို လွမ်းတယ် "
ထယ်ယောင်း ခေါင်းကအတော်လေးကိုက်နေသည် ။ မနေ့ညကဘာဖြစ်လဲဆိုတာကိုတော့ မမှတ်မိပေမယ့် အခန်းအပြင်အဆင်ကြောင့် Jeon Jungkook ခေါ်လာတာကိုသိသည် ။ ဒီအခန်းက မြို့ထဲက Jeon Jungkook နဲ့သူနဲ့အတူတူ ဝယ်ထားတဲ့ ကွန်ဒိုခန်းဖြစ်သည် ။ အိပ်ခန်းနစ်ခန်းပါတယ် ။ Jeon Jungkook နဲ့သူနဲ့ တစ်ယောက်တစ်ခန်း ။
*ဒေါက် ဒေါက် *
"အော Jeon Jungkook ငါနိုးပြီ ဝင်ခဲ့လို့ရတယ် "
ဂျောင်ဂုသူဝင်တော့ ကုတင်ပေါ်မှာ မှီပြီး မျက်ရိုးကို လက်နဲ့ နိုပ်နေတဲ့ Kim Taehyung . ခေါင်းကိုက်နေတယ် ထင်တယ် ။
"ခေါင်းကိုက်နေတာလား "
"အော ဟုတ်တယ် "
"မျက်နာသစ်ပြီး အောက်ဆင်းခဲ့လိုက် ငါအမူးပြေဟင်းရည်ချက်ပေးထားမယ် "
"အင်း "
ထယ်ယောင်းမျက်နာ သစ်လိုက်တော့ အနည်းငယ် လန်းဆန်းသွားသည် ။ ဒါကြောင့် ရေပါတစ်ခါထဲ ချိုးလိုက်ပြီး ပေါ့ပေါ့ပါးပါးအကျီလေးကိုသာ ဝတ်ဆင်ခဲ့တယ် ။ အောက်ဆင်းလာတော့ ဂျောင်ဂုက မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသည်။
" အခြားဟာလည်းအဆင်ပြေပါတယ် အလုပ်ရှုပ်နေမယ် "
"ရပါတယ်ကွာ ရော့ သောက်လိုက်ဦး "
ဟင်းချိုရည်ကို သောက်ပြီးမှ ခေါင်းကိုက်တာ သက်သာသွားခဲ့သည် ။
"ကျေးဇူးပဲ ပျောက်သွားပြီ "
"မမေးချင်ပေမယ့် ဘာလို့ အဲ့လောက်သောက်နေတာတုန်း အရမ်းမသောက်နိုင်ဘဲနဲ့ "
"ဒီတိုင်း ..ဒီတိုင်းပါပဲ စိတ်ညစ်နေလို့ရယ် "
"အင်းပါ မင်းဘယ်သွားဦးမှာလဲ "
"ဟင့်အင်း ငါဒီမှာ နေဦးမယ် Villa မပြန်ချင်ဘူး "
"ဟုတ်ပြီလေ ငါလည်း ဒီမှာပဲနေမှာ အဲ့ဆို ငါအပြင်သွားဦးမယ် မင်းအေးဆေး အိပ်ရင်အိပ်နေလေ "
"အင်း Jeon Jungkook ငါ ဆိုဖာမှာထိုင်ရင်း သတင်းကြည့်ဦးမယ် ဇာတ်ကားလေးလည်းကြည့်ရင်း "
"အွန်း အဲ့ဆို ငါအပြင်သွားလိုက်ဦးမယ် "
ဒီလိုနဲ့ ဂျောင်ဂုအပြင်သွားတော့ ထယ်ယောင်းက ဆိုဖာပေါ်ထိုင်ပြီး TV ကြည့်နေလေရဲ့ ။ သူကြိုက်တဲ့ ဇာတ်ကားလေးတွေ့တာကြောင့် ကြည့်နေတုန်း ဖုန်းဝင်လာခဲ့တယ် ။ contant name ကြည့်တော့ သူအခု တွဲနေတဲ့ ရည်းစားဖြစ်တယ် ။
YOU ARE READING
// Anti-Romance International play boys //
Fanfiction"မသိဘူး ငါတို့တွဲကြမယ် " "ဟမ် တွဲမယ် " ... ... ... "ငါမင်းကိုချစ်တယ် " "အားးရှ် မင်းကိုအရမ်းချစ်တယ် ဒါပေမယ့် မပြောတတ်ဘူး " Start Date - 28.3.2022 Written by Victory Jeon