အစေခံဇနီး{intro}

5.6K 70 2
                                    

💜အစေခံဇနီး💜

အစေခံပေါင်းများစွာဖြင့် ကြီးပြင်းခဲ့ရသောသူ...ဘဝမှာ လိုလေးသေးမရှိ ပြည့်စုံကာ အားလုံးရဲ့ချစ်ခြင်းကို အပြည့်အဝခံရသော အောင်မြင်တဲ့စီးပွားရေးကိုဦးဆောင်နေသောသူဟာ မထင်မှတ်ပဲ အစေခံမိန်းကလေးတစ်ဦးနဲ့မှားယွင်းသွားသောအခါ...ထိုအစေခံမိန်းကလေးကို လက်ထပ်လိုက်ရချိန် အားလုံးဆုံးရှုံးသွားရသဖြင့် အင်မတန် မုန်းတီးနေသော

🌺လွန်သျှန်သွေးခ🌺

သနားစရာအစေခံမလေးကို တိတ်တခိုးလေး သနားမိရာကနေ ချစ်မိသွားတဲ့ အိမ်နီးချင်း ကောင်လေး...

🌺သျှန်မဟော်🌺

သူငယ်ချင်းဖြစ်သူရဲ့ ဇနီးအပေါ်အနိုင်ကျင့် နှိပ်စက်တာတွေကိုမြင်နေရင်း သူငယ်ချင်း၏ဇနီးဖြစ်သူအား သနားနေမိတဲ့ သူငယ်ချင်းတစ်ဖြစ်လဲပြိုင်ဘက်ဖြစ်သူ...

🌺ရှိန်းပိုင်ထက်🌺

ဂုဏ်သိက္ခာကို အထွဠ်အမြတ်ထားသောမိသားစုအတွင်း ထိုအစေခံမိန်းကလေးဝင်ရောက်လာချိန် တစ်မိသားစုလုံး၏ အမုန်းများကို ခါးစည်းခံရသော သနားစရာအစေခံမလေး...

🌺ကျူးရိပ်ပြယ်🌺

အရာအားလုံးကို လူယူခံလိုက်ရ၍ မကျေမနပ်ဖြစ်ကစွဲလမ်းချစ်ရသူ၏ ဇနီးဖြစ်သူ အစေခံမလေးအား အမျိုးမျိုး ဒုက္ခပေးရန် ကြံသည်နေသော

🌺လမင်းပို🌺

ငယ်စဥ်ကတည်းက ချစ်ခင်ပေါင်းသင်းခဲ့ရသော သူငယ်ချင်းဖြစ်သူအား အနိုင်ကျင့်ခံရချိန်..အစေခံဖြစ်သူ သူငယ်ချင်းအပေါ်ဒုက္ခပေးနေသူများထံမှ ကာကွယ်ပေးရန် ကြိုးစားပေးမယ့် သူငယ်ချင်းကောင်းလေး

🌺နှင်းစက်ကြွေ🌺

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

လွန်သျှန်သွေးခ
🍂🍂🍂🍂🍂
တိတ်စမ်း ငါ့အိမ်မှာ မင်းရဲ့ငိုသံကြားရတာ ကျက်သရေယုတ်တယ် နောက်နေ့ကစပြီး မင်းမျက်ရည်ကျရဲကျကြည့်စမ်း မင်းကို ငါဘယ်လို ပညာပေးမလဲ စောင့်ကြည့်နေလိုက် ကျူးရိပ်ပြယ် မင်းက ငါ့ဘဝကို ဖျက်ဆီးခဲ့တဲ့ အစေခံ မိန်းမယုတ်ပဲ...

ကျူးရိပ်ပြယ်
🍂🍂🍂🍂🍂
အစေခံမို့ တရားဝင်လက်ထပ်ခွင့်တောင်မရှိတာတဲ့လားကိုကြီးရယ်...အားလုံးရဲ့အမုန်းတွေကို ကျူးရိပ်တစ်ယောက်ထဲခံနေခဲ့ရတာပါ..ကိုကြီးရဲ့စည်းစိမ်တွေကို မက်မောလို့  ကျူးရိပ်အခုလို ကြံစည်ခဲ့ရတာလဲမဟုတ်ပါဘူး ကျူးရိပ်က ကိုကြီးကို ချစ်မိရုံပါပဲ ကိုကြီးရယ်...

သျှန်မဟော်
🍂🍂🍂🍂🍂
သနားစရာ ကျူးရိပ်ရယ်...ကိုသာ မင်းကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် မင်းအခုလို မျက်ရည်ကျပြီး နာကျင်နေရမှာမဟုတ်သလို အခုလို ဒဏ်ရာတွေလဲရမှာမဟုတ်ဘူး

ရှိန်းပိုင်ထက်
🍂🍂🍂🍂🍂
မင်းရဲ့လုပ်ရပ်တွေအရမ်းတရားလွန်တာပဲကွာ ကျူးရိပ်ကို နည်းနည်းလောက်သနားပါအုံး ဘယ်လိုပဲ အစေခံဖြစ်နေပါစေအုံး သူက မင်းရဲ့ဇနီးဖြစ်နေပြီလေ မင်းလေးစားမှု့လေးတော့ ထားသင့်တယ်ကွာ...

လမင်းပို
🍂🍂🍂🍂🍂
ငါ့ဆီကနေ ကို့ကို လုယူသွားတဲ့ မိန်းမယုတ်မ အစေခံမ အောက်တန်းစားမ နင့်အသက်နဲ့နင်ပြန်ပေးဆပ်ရစေမယ်...နင့်ရဲ့ပျက်စီးနေတဲ့ မျက်နှာကို ငါဒီ့ထက်ပိုပြီး ပျက်စီးအောင် ဖျက်ဆီးပစ်မှာ

နှင်းစက်ကြွေ
🍂🍂🍂🍂🍂
ကျူးရိပ်ရယ် နင့်မျက်နှာကို ပျက်စီးအောင်လုပ်ခဲ့မိတဲ့ ငါ့အပြစ်အတွက် ငါ့အသက်နဲ့လဲပြီး နင့်ကိုကာကွယ်သွားမှာပါ နင်စိတ်ချပါ နင့်ကို ဘယ်သူမှ အနိုင်ကျင့်မရအောင် ငါကာကွယ်ပေးမယ် ငါ့ကိုသာယုံ

စာရေးသူ=မေမြတ်လွန်း

အစေခံဇနီးWhere stories live. Discover now