အစေခံဇနီး{part1} U/Z

3K 44 5
                                    

အစေခံဇနီး{Unicode}

#အခန်း၁#

ခွမ်း...ဒုန်း...

''ဟင်!!´´

အားလုံးရဲ့အကြည့်များဟာ ကျူးရိပ်ဆီသို့ စုပြုံလျှက်...

''သွားပြီ...သူတော့ အလုပ်ဖြုတ်ခံရတော့မယ်´´

''အပြစ်ပေးခံရတော့မှာပါ´´

အားလုံး တီးတိုးပြောကာ ကျူးရိပ်ကို သနားသလို စိတ်မကောင်းသလို စုပြုံကြည့်နေကျ၏။

ကျူးရိပ် လက်ချော်ပြီး ဟင်းရည်ပန်းကန်လေးဟာ ကြမ်းပြင်ပေါ်သို့ ကျကွဲသွားလေ၏။လက်တွင်ပူလောင်နေသော်လဲ ထိုအပူဒဏ်အား ဂရုမစိုက်အားပဲ ကျကွဲသွားသော ဟင်းရည်များကိုသာကြည့်၍ ဝမ်းနည်းစွာဖြင့် မျက်ရည်များ စီးကျနေမိ၏။

''ဘာဖြစ်နေကျတာလဲ´´

''ဟင်!! သခင်မလေး´´

အသံကြောင့် ကျူးရိပ်မော့ကြည့်လေတော့ကျူးရိပ်ကို ဂရုဏာသက်စွာဖြင့် ငေးကြည့်နေသော သူငယ်ချင်းဖြစ်သူ​နှင်းစက်ကြွေ...ဒီအိမ်ရဲ့ သခင်မလေးပင်...

''ဟို သူ..သူက ဟင်းရည်တွေလွတ်ကျပြီး ဟင်းရည်တွေမှောက်´´

''ရရဲ့လားကျူးရိပ် နင့်လက်ပူသွားသေးလား ပြစမ်း ပြစမ်း´´

ကျူးရိပ်အနားထိုင်ချ၍ လက်ကိုဆွဲယူကာကြည့်လေ၏။ ကျူးရိပ် အလန့်တကြားဖြင့် လက်ကို အတင်းရုန်းမိလေသည်။

''သ..သခင်မလေး အဲ့ အဲ့လိုမလုပ်ပါနဲ့ ဟို ဟိုလေ သခင်မကြီးသိရင်´´

''ကဲ နင့်လက်အပူလောင်ထားတယ်လေ မဟုတ်ဘူးလား ငြိမ်ငြိမ်နေ ငါဆေးထည့်ပေးမယ်´´

ကျူးရိပ်လက်ကိုအတင်းဆွဲကာ ထိုင်နေရာမှထစေ၍ အနားရှိခုံပေါ်ထိုင်စေ၏။

''ဘာဖြစ်နေတာလဲ သမီး...´´

''ဟင်!!´´

''သခင်မကြီးလာပြီ...´´

အနောက်မှ ပြက်သားသောအသံကြောင့် အစေခံအားလုံးငြိမ်ကျသွားကာ ခေါင်းကိုငုံ့လျှက် အနောက်သို့ဆုတ်၍ ရိုကျိုးစွာ ဆက်ဆံကျလေ၏။

''မဟုတ်ပါဘူးမေမေရယ်..ကြွေ့ကြောင့်လေ ဟင်းရည်တွေ ကျူးရိပ်ပေါ်ဖိတ်ကုန်လို့ ဆေးထည့်ပေး´´

အစေခံဇနီးOpowieści tętniące życiem. Odkryj je teraz