အစေခံဇနီး{part5} U/Z

1.7K 33 2
                                    

အစေခံဇနီး

#အခန်း၅#

''မဟော်...ကျူးရိပ်ကို ဒီနားလေးတင်ရပ်ပေးနော် ကျူးရိပ်ဒီကနေလမ်းလျှောက်သွားလိုက်တော့မယ်´´

''အိမ်ထိတစ်ခါတည်းလိုက်ခဲ့လိုက်တော့လေ..´´

''မဖြစ်ဘူးမဟော် သခင်မကြီးသိရင် ကျူးရိပ်အရိုက်ခံရမှာ..´´

ထိုစကားကြောင့် မဟော်သနားမိပြန်သည်။ကားလေးကို ကျူးရိပ်ပြောတဲ့နေရာမှာရပ်ပေးလိုက်၏။

''မဟော် သွားတော့နော် လိုက်ပို့ပေးလို့ကျူးရိပ်ကျေးဇူးတင်ပါတယ်´´

''ကျေးဇူးမလိုပါဘူး ကျူးရိပ်ရယ်´´

ကိုယ်က ကျူးရိပ်ကိုအမြဲအနားမှာခေါ်ထားချင်တာပါ...

ကျူးရိပ်မကြားအောင်စိတ်ထဲတွင်ထိုစကားကိုရေရွတ်လိုက်ရင်း မဟော်တစ်ချက်ပြုံးလိုက်မိသည်။

.....

''ပြန်လာပါပြီ သခင်မကြီး...´´

''ဟင်!!´´

ဒေါ်ခင်မေခက် နာရီကိုလှမ်းကြည့်လိုက်တော့ ၉နာရီ၂၀မိနစ်သာရှိသေး၏။

''ပြန်လာတာဘာလို့ဒီလောက်မြန်ရတာလဲ´´

''ကျူးရိပ်ကို ၁၀နာရီအရောက်ပြန်ခဲ့လို့ပြောလို့ ကျူးရိပ်အမှီပြန်လာတာပါ သခင်မကြီး´´

စိတ်ထဲတွင် မကျေနပ်မိပေမယ့် သက်ပြင်းကိုချလိုက်ရင်း ကျူးရိပ်ပြယ်လက်ထဲမှ စျေးခြင်းကိုဆွဲယူလိုက်၏။

''နင် သားသျှန်ဆီလိုက်သွား...ဖိုင်တွဲတွေကျန်နေခဲ့လို့သွားပေးလိုက်...´´

''ဟုတ်...ကျူးရိပ်အခုသွားရမှာလားသခင်မကြီး...´´

''မဟုတ်ဘူး ၁နာရီထိုးမှသွား အခု မီးဖိုခန်းထဲဝင်ပြီး လုပ်စရာရှိတာလာလုပ် အဝတ်တွေလဲလျှော်ရအုံးမယ်...ပန်းအိုးတွေလဲ နေရာတကျပြန်စီလိုက်...´´

''ဟုတ်ကဲ့ပါ သခင်မကြီး..´´

ဘာကိုမှမလွန်ဆန်ရဲသောကြောင့် ကျူးရိပ်ခေါင်းငြိမ့်ရုံမှအပ မတက်နိုင်ပေ။အခုထိ အဖျားမကျသေးပေမယ့် အနားယူလို့မရတာမို့...

အစေခံဇနီးWhere stories live. Discover now