အစေခံဇနီး{part7}U/Z

1.4K 21 1
                                    

အစေခံဇနီး{Unicode}

#အခန်း၇#

''ဟင့်အင်း ကျူးရိပ်မလုပ်ဘူး တစ်ကယ်ပါ သခင်မကြီးရယ် ကျူးရိပ်မှာ အဲ့လိုစိတ်မျိုးမရှိပါဘူး´´

''ဒါဆိုဘာလို့ ကြီးခင်က ဆေးရုံရောက်သွားရတာလဲ နင်ငါ့ကိုအဆိပ်ခက်လို့ ကြီးခင်က ငါ့အစား အဲ့အဆိပ်ပါတဲ့အစာစားမိလို့´´

''ဟင့်အင်း ဟင့်အင်း ကျူးရိပ်လုပ်တာမဟုတ်ဘူး...ကျူးရိပ်ကဘာလို့ သခင်မကြီးကို အဆိပ်ခက်ရမှာလဲ ကျူးရိပ်မလုပ်ပါဘူး တစ်ကယ်ပါ´´

မနက်စောစောကျူးရိပ်ထမင်းချက်ပြီး ခြံထဲမှာ အမှိုက်တွေလှဲနေတာမို့ အိမ်ထဲမှာဘာတွေဖြစ်ပျက်သွားလဲမသိပေ။

ကိုကြီးက အိမ်အလုပ်တွေမလုပ်ဖို့ပြောပေမယ့် နေ့တိုင်းလုပ်နေကျအလုပ်တွေမို့ မလုပ်ပဲမနေနိုင်ပေ။

အခုတော့ ကျူးရိပ်က ထမင်းထဲမှာအဆိပ်ခက်တယ်တဲ့လား...ကြီးခင်က ဆေးရုံရောက်သွားလေပြီ။အစာအဆိပ်သင့်တယ်လို့ ဆေးစစ်ချက်ထွက်လာသဖြင့် ထိုအဆိပ်သင့်တာကို ကျူးရိပ်က လုပ်တယ်တဲ့လား...

''ဒီအိမ်မှာ ထမင်းချက်တာကနင်ပဲ...ကြီးခင်က နင်ချက်တဲ့ထမင်းကိုစားပြီး အခုလိုဖြစ်သွားတာပဲ...´´

''အို..မဟုတ်ပါဘူး ကျူးရိပ်မလုပ်ရပါဘူး ကျူးရိပ်ကို ယုံကြည်ပေးပါ သခင်မကြီးရယ်...´´

''နင်ထမင်းထဲကိုတစ်ခုခုထည့်လိုက်တာ ရီရီကတွေ့လိုက်တယ်လို့ပြောတယ်...´´

''ဟင့်အင်း မဟုတ်ပါဘူး ကျူးရိပ်ဘာမှမထည့်ပါဘူး ကျူးရိပ်ထမင်းချက်ပြီးကတည်းက ခြံထဲမှာ အမှိုက်တွေရှင်းနေတာပါ ကျူးရိပ်မသိပါဘူးသခငိမကြီးရယ်တစ်ကယ်ပါ´´

''တော်စမ်း ကျူးရိပ်ပြယ်...မာလာ သားသျှန်ဆီဖုန်းဆက်စမ်း အခုချက်ချင်းပြန်လာခဲ့လို့ပြောလိုက် ပြီးတော့ ရဲစခန်းပါတစ်ခါတည်းဆက်´´

''ဟင်!!သခင်မကြီး မလုပ်ပါနဲ့ ရဲစခန်းကိုမဆက်ပါနဲ့ သခင်မကြီးကျူးရိပ်အမှားမလုပ်ပါဘူး...´´

''နင်ရဲစခန်းမသွားချင်ရင် နင်လုပ်တယ်ဆိုတာဝန်ခံလေ..´´

''ဟင့်အင်း ကျူးရိပ်မလုပ်တဲ့ကိစ္စကို ကျူးရိပ်က ဘာကိုဝန်ခံရမှာလဲ ကျူးရိပ်မလုပ်ပါဘူး သခင်မကြီးရယ်´´

အစေခံဇနီးWo Geschichten leben. Entdecke jetzt