အစေခံဇနီး{part2} U/Z

1.9K 38 1
                                    

အစေခံဇနီး{Unicode}

#အခန်း၂#

လွန်ခဲ့သောတစ်လခန့်က....

''ရေး...ကိုကိုပြန်လာပြီ´´

ကြွေ ပျော်ရွှင်စွာဖြင့် အိမ်ထဲမှ ခုန်ပေါက်ထွက်လာကာ ကားပေါ်မှဆင်းလာသော ကိုကို့ဆီသို့ အပြေးလာကာ ရီကျဲကျဲလေးဖြင့် လက်မောင်းကိုတွဲခိုလိုက်၏။...

''ကိုကို ကြွေ့ကိုမှတ်မိလားဟင်´´

''မမှတ်မိရအောင် ကိုကိုက အတိတ်မေ့နေလို့လားကွ´´

''ဟီး...ကိုကိုကလဲ ကြွေက အဲ့လိုပြောတာမဟုတ်ဘူးလေ´´

''မှတ်မိပါတယ်ဗျာ...ကိုယ့်ညီမလေး ဒီတစ်ယောက်လေးရှိတာကို´´

ကြွေ့ ခေါင်းလေးကို အသာပုတ်ရင်း အိမ်ထဲသို့ခြေလှမ်းတို့လှမ်းဝင်ရင်းဆိုလိုက်၏။..

''ကြွေ မေမေကော´´

''မေမေက ကုမ္ပဏီမှာလေ ကိုကိုရဲ့ ညနေမှလာမှာရယ်..ကိုကို ခဏနားလိုက်အုံးလေ ပင်ပန်းလာရောပေါ့ ကျူးရိပ် ကိုကို့ကို နေရမယ့်အခန်းကို လိုက်ပို့ပေးပါအုံး´´

''ဟုတ် သခင်မလေး...´´

ဆံပင်အရှည်တို့ မျက်နှာတစ်ဖတ်ဖုံးလွှမ်းနေကာ ခေါင်းလေးအသာငုံ့လျှက် အရှေ့မှ ဦးဆောင်ခေါ်သွားသော ထိုမိန်းကလေးနောက်သို့ သျှန်လိုက်လာခဲ့၏။..

''သခင်လေးရဲ့အခန်းက ဒီအခန်းပါရှင့်´´

အခန်းတံခါးလေးကိုဖွင့်လိုက်တော့ အခန်းလေးဟာ သန့်ရှင်းသပ်ရပ်နေကာ နေချင်စဖွယ်အတိပင်။အခန်းအပြင်အဆင်က သူများတွေနဲ့မတူပဲပြင်ထားလေသည်...အရောင်ကလဲ သျှန်ကြိုက်တဲ့အရောင်မို့ ချက်ချင်းပင် မွေ့ယာထက် လှဲအိပ်ပစ်ချင်လာသည်။

''ဒီအခန်းက ဘယ်သူပြင်ထားတာလဲသိလား´´

''ဟို..ကျူးရိပ်ပြင်ထားတာပါသခင်လေး...ဘာ..ဘာလို့လဲဟင် စိတ်တိုင်းမကျလို့လား ကျူးရိပ်ပြန်ပြင်ပေးပါ့မယ်´´

ခေါင်းကိုငုံ့လျှက် အခန်းထဲဝင်ရန်ပြင်နေသော ထိုမိန်းကလေးလက်ကို သျှန်ဆွဲလိုက်ရင်း

''ဟေး...မကြိုက်ဘူးလို့ပြောလို့လား...ဘယ်သူပြင်ထားလဲပဲမေးတာလေ ဒါနဲ့နေပါအုံး မင်းကဘာလို့စကားပြောရင် မော့ပြီးမပြောတာလဲ...´´

အစေခံဇနီးWhere stories live. Discover now