အစေခံဇနီး{part9}U/Z

1.2K 24 0
                                    

အစေခံဇနီး{Unicode}

#အခန်း၉#

မှောင်မဲနေတဲ့ ဟောဒီဂိုထောင်ကြီးထဲမှာ ကျူးရိပ်ရှိနေတယ်ဆိုတာ ဘယ်သူများသိပါမလဲ...

အချိန်ပြည့် ကိုကြီးကိုပဲတမ်းတနေမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလား...ကိုကြီးကိုသိပ်ချစ်မိတဲ့အတွက် ခံရတဲ့အပြစ်တစ်ခုဆိုလဲ ကျူးရိပ်ကျေနပ်မိမှာပါ...

''ကျူးရိပ်..ကျူးရိပ် သတိထားပါအုံး ကျူးရိပ်´´

နားထဲဝိုးတဝါးကြားမိတဲ့အသံ...မျက်လုံးများလေးလံစွာဖြင့် ဖွင့်၍မရပေ။ဒီအသံက...ကိုကြီးများဖြစ်နေလေမလားလို့ တွေးမိပြန်သည်။

သေချာမကြားရပေမယ့် ကျူးရိပ်နာမည်ကို ပြက်ပြက်သားသားခေါ်ပြီး ခန္ဓာကိုယ်လေးကို ဆက်ခနဲပွေ့ချီသွားခံရတာ သိလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကျူးရိပ်အသက်ရှင်ပြီပဲ...ကျူးရိပ်ဒီဂိုထောင်ထဲက လွတ်မြောက်ပြီပဲ...ကျူးရိပ်အသက်ရှင်ပြီ ကျူးရိပ်လွတ်မြောက်ပြီ...

ဟင့်အင်း..သခင်မကြီးရဲ့အရိပ်အောက်ကနေတော့ ကျူးရိပ်မလွတ်နိုင်ပါဘူး..ကျူးရိပ် ဒီဂိုထောင်ထဲကနေလွတ်မြောက်ခဲ့ရင်တောင် ကျူးရိပ် သခင်မကြီးအရိပ်အောက်ကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး..

ဖြစ်နိုင်ရင် ခုနကဂိုထောင်ထဲမှာပဲ ပြန်သွားနေချင်မိတယ် ကျူးရိပ်အသက်ရှင်ရင် ကျူးရိပ်ကို ဒေါသတကြီးဆီးကြိုနေမည့် သခင်မကြီးရဲ့ပုံရိပ်များ...

ကျူးရိပ် မလွတ်မြောက်ချင်တော့ဘူး...ကျူးရိပ် အဲ့အိမ်ကိုပြန်မသွားချင်ဘူး...ကျူးရိပ်သိပ်ကြောက်တယ် ကျူးရိပ် အသက်ရှင်ရမှာ သိပ်ကြောက်မိတာပဲ...

>>>>>

မျက်စိအစုံကိုဖွင့်ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရသည်က ကိုကြီးမျက်နှာ။

ကျူးရိပ်ရဲ့လက်ကိုဆုပ်ကိုင်ထား၍သူ၏မျက်နှာမှာထိကပ်ထားပြီး မျက်ရည်များရစ်ဝဲနေသောကိုကြီး...

''ကျူးရိပ်...ကျူးရိပ်သတိရလာပြီလား´´

ပထမဆုံးတွေ့လိုက်ရတာကိုကြီးမျက်နှာဖြစ်နေသောကြောင့် ကျူးရိပ်ပျော်မိသည်။ကိုကြီးအမေးကို ကျုးရိပ်ခေါင်းငြိမ့်ပြလိုက်၏။

အစေခံဇနီးWhere stories live. Discover now