Chapter 1

68 6 2
                                    

နေသာ၍ ကျေးငှက်ကလေးများတေးဆိုသံတို့ဖြင့် သာယာနေသောနေ့လေးတွင် ခရမ်းရောင်တစ်ထပ်တိုက်အိမ်လေးအတွင်းမှ "သားသားရေ မဆော့နဲ့တော့ မေမေနဲ့အဝတ်စားသွားလဲမယ် လာထ"မေမေကလည်းဗျာ ခဏလေးပါ ဒီပွဲလေးပြီးရင်ထမယ်
gameကိုပဲ စိတ်ရောက်နေသောသားတော်မောင်အား
ဒေါ်မေပျိုသစ်မနိုင်တော့ပါ အိမ်ရဲအိမ်ထောင်ဦးစီး သူ့ယောက်ကျားအား ခေါ်ရန်ပြင်ရပါတော့သည်

"ကိုမောင်မောင်မင်း ဒီမယ်ရှင့်သားကို ရှင်ပြောတော့ ဒီလိုစကားနားမထောင်တာကို ဘယ်သူဆီကအမွေရထားလဲမသိပါဘူး"

"အေးပါအေးပါ မိန်းမရာ ကိုယ်ပြောပါ့မယ်"

ဒေါ်မေပျိုသစ်၏အရှေ့တွင်တော့

"မင်းခိုက်မောင်မောင်" လေသံကိုမာ၍သားတော်မောင်အား မျက်စပြစ်ပြကာ အခုသွားတော့ပုံစံဖြင့်ပြောလိုက်သည် အရိပ်အကဲသိလွန်းသည့် မင်းခိုက်မှာ သူ့အဖေအထာပြသည်နှင့် တန်းနေအောင်ပြေးတော့သည်

ဒေါ်မေပျိုသစ်မှာတော့ သဘောတကျကျဖြင့် သူ့သားကို သူ့ယောက်ကျားမှလွဲ၍ မည်သူ့မှမနိုင်ဟုတွေးထားလိုက်သည်

တစ်ကောင်ပြီးသွားသည်နှင့် နောက်တစ်ကောင်ကိုခေါ်ရတော့မည်

"မေပျိုမောင်မောင်" သမီးရေအဝတ်စားသွားလဲတော့လေ တစ်ခွန်းလဲမရ နှစ်ခွန်းလဲမရ ဒါကတော့သူ့သမီးကြီး k popအရူးမ မေပျိုမောင်မောင်ပါလေ

နားထဲကနားကြပ်ကိုဆွဲဖြုတ်ပြီးဆူလိုက်မှ ဆူပုတ်၍
ထသွားတော့သည်

သူမတို့အိမ်တွင် အဆိုးဆုံးကတော့ မင်းခိုက်  သားအငယ်လေးပါ အကြီးမကတော့ ဆူလိုက်ပြောလိုက်ရင်ရပြီ အငယ်ကောင်ကတော့ သူစကားကို ဒီဘက်ကဝင် ဟိုဘက်ကထွက်ပါလေ သူ့အဖေဆိုရင်တော့ တစ်ခွန်းထဲ  အမှန်တော့ မင်းခိုက်သည် ဆိုးလွန်းသည့်ကလေးထဲမပါပေ သူဖြစ်ချင်တာကို တဇွတ်ထိုးလုပ်တတ်သည့်အကျင့်လေးသာရှိသည် ဦးမောင်မောင်မင်းမှာ သားငယ်အားတအားထိန်းချုပ်ပြီး ဖိအားပေးတဲ့အဖေထဲတွင်မပါ သူ့သားနှင့်အပေးအယူလုပ်၍ နားလည်မှုသေချာယူသည့်အဖေမျိုးဖြစ်သည်  ခုနကလည်း သားငယ်အား တခွန်းထဲပြော၍ရသည့် လျှိုဝှက်ချက်မှာ အပေးအယူကြီးကြီးမားမားလုပ်ထား၍ဖြစ်သည်

 My Orchid Where stories live. Discover now