Chapter 4

40 4 2
                                    

ကျွီ.... ဒုန်း...
ကားတိုက်မှုနောက်တွင် ပေါက်ကွဲမှုတစ်ခုပါကပ်ပါလာသည်..

ဖောင်း...ကားလေးမှာ မီးများလောင်စွဲ၍ အထဲမှလူများသည်လည်း အသက်ရှိသေးလား မရှိတော့ဘူးလားပင်မသိတော့ပါ

ထို့နောက် အရေးပေါ်ကားသံများ မီးသတ်ကားသံများနှင့် ဆူညံသွားတော့သည်

တီ...တီ...
ဦးမောင်မောင်မင်းထံ ဖုန်းတစ်ကောလ်ဝင်လာသည်

"ဟလို" ဦးမောင်မောင်မင်းလား

"ဟုတ်ပါတယ်"

"ဦးလင်းသစ်တို့"....

"ဗျာ" ကျွန်တော်အခုလာခဲ့ပါမယ်

သူငယ်ချင်းဖြစ်သူ၏အဖြစ်ဆိုးအားကြား၍ ယူကျုံးမရဖြစ်ရတော့သည် သူ့သူငယ်ချင်းမှာ ဆေးရုံတောင်မရောက်လိုက်ပါ ကားထဲမှာပင် အသက်မရှိရှာတော့ ဒေါ်ခွာညိုမှာတော့ မီးလောင်ဒဏ်ရာတွေဖြင့်  အသက်မျှင်မျှင်သာရှိတော့သည်ရုပ်ပျက်ဆင်းပျက် အသက်မျှင်မျှင်သာရှိတော့သော သူငယ်ချင်း၏ အမျိုးသမီးအား ကြည့်၍ စိတ်မကောင်းဖြစ်ရသည်
ဒေါ်ခွာညိုမှာ လက်ဟန်ခြေဟန်ဖြင့် ဦးမောင်မင်းအား စကားပြောချင်၍ အနားလာရန်ခေါ်သည်

"ကို..မောင်မင်း ကျွန်မသားလေးကို စောင့်ရှောက်ပေးပါ ကျွန်မ မိဘတွေလာခေါ်ရင်လုံးဝထည့်မပေးပါနဲ့ ကျွန်မတို့ပိုင်ဆိုင်သမျှ သားလေးနာမည်နဲ့လွှဲထားပါတယ် ကိုမောင်မင်းတို့ပဲ စောင့်ရှောက်ပေးပါ နောက်ဆုံးအနေနဲ့ တောင်းဆိုပါတယ်
သူပြောချငိတာကို အားတင်းထား၍ ပြောပြီး စိတ်ချစွာ အသက်ထွက်သွားတော့သည်

ဦးမောင်မင်းမှာ စိတ်မကောင်းစွာနဲ့ သူငယ်ချင်းဖြစ်သူတို့၏ နောက်ဆုံး ဆန္ဒအားကတိအထပ်ထပ်ပေးပါ လိုက်လျောသည်

သစ်ခွလေးမှာတော့ သူ့အဖေနှင့် အမေ၏ သတင်းဆိုးအားကြားကြားချင်းမှာတင် သတိလစ်သွားတော့သည်

သစ်ခွလေးမှာသူ့မိဘတွေဒီလိုအဖြစ်ဆိုးနဲ့သူ့အားတစ်ယောက်ထဲထားခဲ့ခြင်းကို မယုံနိုင်သေးပါ ကလေးပီပီ ရှိုက်ကာငိုပါတော့သည် ဒေါ်မေပျိုတို့မှာလဲ သစ်ခွလေးအားသနားစိတ်ပိုကာ နှစ်သိမ့်ပေးရရှာသည်

ဦးလင်းသစ်မှာ မိဘမဲ့ကျောင်းမှမိဘမဲ့တစ်ယောက်ဖြစ်ပြီး ဒေါ်ခွာညိုကတော့ ရှမ်းပြည်ဘက်က ချမ်းသာတဲ့သူဌေးသမီး တစ်ယောက်ဖြစ်သည်

ဦးလင်းသစ်နဲ့အကြောင်းပါချစ်ကြိုက်ကြပြီး ခိုးရာလိုက်ပြေးခဲ့ကာ ရန်ကုန်တွင်ဆွေမရှိမျိူးမရှိပဲ ရပ်တည်ကြရသည်

ဒါကြောင့်သစ်ခွလေးမှာ ရှမ်းပြည်ကအဖိုးအဖွားများမှလွဲ၍ဆွေမျိုးမရှိပါ

ရှမ်းပြည်မှအဖိုးအဖွားများကလည်း သူ့အမေကိုစိတ်နာ၍ သစ်ခွလေးမွေးပြီးတာတောင် ဆက်သွယ်ခြင်းမရှိ သစ်ခွလေးမှာ အဖိုးအဖွားများကိုလဲ တစ်ခါမှမတွေ့ဖူးမမြင်ဖူးပါ

ထို့ကြောင့် သစ်ခွလေးမှာ သူ့အမေ၏ ဆန္ဒအတိုင်း
ဦးမောင်မင်းတို့နဲ့ပဲနေရတော့မည်

ဦးမောင်မင်းတို့နဲ့နေရလည်း အခက်ခဲမရှိပါ မိသားစုလိုဖြစ်နေတော့ အဆင်ပြေသည်

ဒီလိုနဲ့ အသုဘ ကိစ္စတွေပြီးသည်နှင့် သစ်ခွလေးမှာ ဦးမောင်မင်းတို့နဲ့ပဲ လိုက်နေရတော့သည်

သူ့ကိုကိုခိုက်မောင်နဲ့မမမေမောင်တို့ရှိနေတော့ သစ်ခွလေးပျော်သည်

"သား သစ်ခွလေး သားကိုယ့်အိမ်လိုနေနော် ဒီနေ့ကစပြီး သားကအန်တီ့သားပဲ အန်တီကိုမေမေလို့ခေါ်နော်"

သူများနဲ့မတူပဲ တမူထူးခြားသည့် သစ်ခွကလည်း

"ဟင့်အင်း မေမေလို့ခေါ်ချင်ဘူး သားက မာမားလို့ခေါ်ချင်တာ"

"ဟုတ်ပါပီ မားသားလေးရယ် ဒီနေ့ကစပြီးသားက မားတို့အိမ်ရဲ့ အငယ်ဆုံးလေးပဲနော်"

မင်းခိုက်နှင့်မေမောင်မှာတော့ အငယ်ဆုံးလေးရလိုက်သည်နှင့် ပျော်နေကြတော့သည်

"သစ်ခွလေးက အခုဆိုကိုကို့ရဲ့ ညီလေးပူတူလေးအငယ်ဆုံးလေးဖြစ်သွားပြီနော်"

မေမောင်မှလည်း "သစ်ခွလေးက ငါ့မောင်လေးအရင်းဖြစ်ပီကွ"ဆိုပြီး ပျော်နေသည်

မင်းခိုက်မှာတော့ သစ်ခွလေးကိုညီလေးတော်လိုက်ရ၍အပျော်လွန်နေသည်

နောက်များတွင် ညီလေးတော်လိုက်ရတာကို စိတ်ညစ်၍ နောင်တရနေမလား....

21.4.2023

ဒီသာသာက စိတ်မမှန်ပါဘူး ဂေါက်သီးပါ ရက်အတိအကျပြောထားရင် ကိုယ်ပျောက်နေပြီး ကြာနိုင်တယ်ဆိုရင် ရောက်ချလာပါတယ် ဟီး စိတ်အပေါ်မူတည်ပြီးစာရေးတာမို့လို့ပါ

အားလုံးကို ဂွန်မားဝေါ့ 💜လပ်ယူ💓

 My Orchid Where stories live. Discover now