Chapter 2

52 6 0
                                    

ဘုရားရှိခိုးပြီး ရင်ပြင်တော်တွင် ထိုင်နေကြစဥ် ဖေဖေသူငယ်ချင်း ဦးလင်းသစ်တို့ မိသားစုနှင့်ဆုံကြတယ် ဦးလင်းသစ်က ဖေဖေ့ငယ်သူငယ်ချင်းဖြစ်ပြီး စီးပွားဖက်တွေလဲဖြစ်ကြတယ်

"ဟာ လင်းသစ် မင်းတို့မိသားစုရော ဘုရားလာဖူးကြတာလား မတွေ့တာတောင် ကြာပီ"

"အေးကွာ သားငယ်လေး ဘုရားလာချင်တယ်ဆိုလို့"
မေမေနဲ့ဦးလင်းသစ်အမျိုးသမီး အန်တီခွာညိုနဲ့လည်းရင်းနှီးကြတယ်

"အမခွာညို သားသားကိုဘုရားလိုက်ပို့တာလား"

"ဟုတ်တယ်မေပျိုရေ ဒါနဲ့မေပျိုတို့ကော"

"ဒီနေ့အိမ်ကသားသားမွေးနေ့လေ အဲ့တာကြောင့်ဘုရားလာကြတာ ဒါနဲ့ အမရောသစ်ခွလေးရော ညနေကျရင် သားသားမွေးနေ့လာခဲ့ကြအုံးနော်"

"သားသားသစ်ခွလေး ညနေကျရင် ကိုကို့မွေးနေ့လာခဲ့နော်"

ဒေါ်ခွာညိုလက်ထဲမှ လေးနှစ်သားလေး သစ်ခွလင်းသည်
"ဟုတ် အန်တီမေပျို"

မင်းခိုက်သည် ဖေဖေသူငယ်ချင်း သားလေးသစ်ခွလင်းဆိုသည့် သူ့ထပ်လေးနှစ်ငယ်သော ဖြူဖြူဖွေးဖွေး ပါးဖောင်းဖောင်းလေးနဲ့ကောင်လေးအား မြင်မြင်ချင်း အသည်းယားပြီး ဆွဲညစ်ချင်လာမိသည်

လူကြီးတွေစကားပြောနေတုန်း မင်းခိုက်မှ ဖြူဖွေးလေးအား "ကလေး ကိုကို့ကို ကလေးပါးလေးတစ်အောင့်လောက်ကိုက်ခွင့်ပေးပါလား"
"ရဘူးရဘူး ကိုက်ရဘူး "

သစ်ခွလေးသည် သူ့အရှေ့မှ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ကိုကိုမှ သူ့ပါးအား ကိုက်ခွင့်လာတောင်းနေသည်ကို ကြည့်မရတော့ပေ

မေမောင်မှ "ကလေးမမကိုအာဘွားပေးပါလား ကလေးကချစ်စရာလေးဟယ်"

သစ်ခွရှေ့မှအသားဖြူဖြူနဲ့မမက အာဘွားလာတောင်နေသည့်အတွက် ရှက်ရှက်နဲ့ပဲမမကို အာဘွားတွေအများကြီးပေးလိုက်တယ်

ဟိုကိုကိုမှာတော့ နှုပ်ခမ်းကြီးက ဆူနေလေပြီ
"ကလေးကိုကို့နာမည်က မင်းခိုက်မောင်မောင်"
" ကလေးမမနာမည်က မေပျိုမောင်မောင်"

"ကလေးကိုကို့ကို ကိုကိုမင်းခိုက်လို့ခေါ်လို့ရတယ်"

"ဟင့်အင်း ခေါ်ချင်ဘူး ကိုကိုမင်းခိုက်ဆိုတာ သူများတွေခေါ်နေကျလေ သစ်ခွက ကိုခိုက်မောင်လို့ခေါ်ချင်တာ"

မင်းခိုက် အံ့သြသွားသည် သူ့ကို ခိုက်မောင်လို့ ဘယ်သူ့မှ မခေါ်ဖူးပါ ဒီကလေးနှုတ်ဖျားကထွက်လိုက်တဲ့ ကိုခိုက်မောင်ဆိုတဲ့ နာမည်လေးကို ဘာလို့မှန်းမသိ ရင်ထဲမှာကြည်နူးမိသည်

"သဘောပါကွာ ကလေးကြိုက်သလိုသာခေါ်"

"မမကို  မမမေမောင်လို့ ခေါ်လဲရတယ်နော်"

"ဟုတ်မမမေမောင်"

သူတို့သုံးယောက်သည် စကားတွေပြောနေကြရင်း ညနေမင်းခိုက်ရဲ့မွေးနေ့ကို ဆက်ဆက်လာခဲ့ဖို့ သစ်ခွလေးအား ပြောနေကြသည်

ဒီလိုနဲ့သူတို့မိသားစုလေးတွေ တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့ကြသည်

Time skip...
ညနေ မင်းခိုက်ရဲ့မွေးနေ့တွင် သူငယ်ချင်းများနှင့် သစ်ခွလေးပါရောက်လာပြီး ခြံထဲတွင် တူတူပတ်ဆော့ကြသည် မဆော့ခင် သူ့သူငယ်ချင်းတွေအား
"ဒါငါ့ကလေးလေး သစ်ခွလင်းတဲ့ မှတ်ထားကြနော်"

ဒီလိုနဲ့သစ်ခွလေးလဲ မင်းခိုက်သူငယ်ချင်းတွေနဲ့အဖွဲ့ကျသွားပြီး ဗြောင်းဆန်အောင် တူတူဆော့ကြတော့သည်

နောက်ရက်တွေလည်း မင်းခိုက်က သစ်ခွလေးနဲ့ တွေ့ချင်လို့ဆိုပြီး သစ်ခွအိမ်ကို လိုက်၍ဆော့တတ်သည်

သူတို့ဆော့နေရင်း"ကိုခိုက်မောင် သစ်ခွကိုကုန်းပိုး "ဆင်ကြီးစီးချင်လို့"  "ဟုတ်ကဲ့ပါဗျာ ကဲတတ်" ဒီလိုနဲ့ဆင်ကြီးစီးတိုင်း ဆော့ကြတော့သည် သစ်ခွနှင့်မင်းခိုက်တို့၏ အဖြူရောင်သံယောဇဥ်လေးသည် နောက်များတွင် အရောင်တွေဆိုးသွားနိုင်မလား....

14.4.2023
နည်းနည်းကြာသွားပါတယ်  ဒီရက်ထဲအလုပ်နည်းနည်းရှုပ်နေလို့ ကြာသွားတာပါ ခေါ်ထွန့်ခ သိပ်အားမရပါဘူး လိုအပ်ချက်လေးတွေရှိပါသေးတယ် နှစ်ဆန်းတစ်ရက်နေ့မှ ပြန်လာခဲ့ပါမယ်

 My Orchid Where stories live. Discover now