Chapter 8

26 3 0
                                    

ရက်တွေလတွေနှစ်တွေအလီလီပြောင်းလဲခဲ့ပြီး အခုဆို သစ်ခွလေးက လူပျိုပေါက်ကြီးအရွယ် အသက်ဆယ့်ခြောက်နှစ်တောင်ရှိပြီ ကိုကိုခိုက်မောင်ကတော့
အသက်နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေကြပြီ

မင်းခိုက်က တက္ကသိုလ်တက်နေချိန်အိမ်ကိုပြန်မလာပဲ သူငယ်ချင်းတွေအိမ်မှာပဲအမြဲနေနေတတ်သည်
ငယ်ငယ်ကသစ်ခွမရှိရင်မနေနိုင်တဲ့မင်းခိုက်မဟုတ်တော့ပဲ ရင့်ကျက်ပြီးစကားနည်းတဲ့မင်းခိုက်ဖြစ်နေပါပြီ
မေမောင်ကတော့ ကျောင်းပြီးလို့ ဖအေဖြစ်သူဦးမောင်မင်းအလုပ်ကို ဦးစီးနေပြီ

အိမ်မှာနောက်ဆုံးဖြစ်တဲ့ အငယ်ဆုံးလေးသစ်ခွတစ်ယောက်သာ မာမားတို့နဲ့အတူနေတော့သည်

ဒီနေ့က မင်းခိုက်ရဲ့မွေးနေ့မို့လို့ သူ့ကိုကိုခိုက်မောင်ပြန်လာမှာဖြစ်တဲ့အတွက် သစ်ခွလေးကတော့စိတ်လှုပ်ရှားနေပါပြီ

"မာမားရေ ကိုခိုက်မောင်ကမလာသေးဘူးလား"

"ဒီတခေါက်အပြီးပြန်လာမှာမှတ်မလား မာမား"

"သားကိုကိုက အခုနောက်ဆုံးနှစ်ပြီးရင် အိမ်မှာတစ်နှစ်လောက် သူ့အဖေလုပ်ငန်းတွေကိုလေ့လားပြီး Americaကိုသွားပြီး မာစတာထပ်ယူမယ်တဲ့သားရေ"

"ဟုတ်လား သားလည်း ကိုခိုက်မောင်လို စာတော်အောင်လုပ်မှာ"

မင်းခိုက်ကဆယ်တန်းမှာ လေးဘာသာဂုဏ်ထူးပါပေမဲ့ စီးပွားရေးသာလုပ်ချင်၍ စီးပွားစီမံသာတက်ဖြစ်သည်

မြန်မာပြည်မှာစီးပွားစီမံပြီးတာနဲ့ America ကို မာစတာထပ်ယူဖို့စီစဥ်ထားပြီးသားပါ

တီတီ ကားဟွန်းသံကြား၍ သူ့ကိုကိုခိုက်မောင်ပြန်လာပြီဆိုတာသိ၍ သစ်ခွမှာ အငြိမ်မနေနိုင်တော့ပဲ ခြံတံခါးဆီအမြန်ပြေးတော့သည်

"ကိုခိုက်မောင် ပြန်လာပြီလား သစ်ခွကမနက်ထဲကစောင့်နေတာ ဒီနေ့ကိုခိုက်မောင်ပြန်လာမှာမို့လို့ မာမားက ဟင်းတွေအများကြီးချက်ထားတယ် ညနေကျရင်လဲ မွေးနေ့အတွက် မိဘမဲ့ဂေဟာကိုသွားဖို့စီစဥ်ပြီးပြီ"

စကားတွေအများကြီးပြောနေတဲ့ဒီကောင်လေးက အကုန်ပြောင်းလဲသွားပေမဲ့ စကားများတာတော့မပြောင်းလဲပါဘူး

ဖြူဥပြီးနေထိမခံတဲ့အသားအရေလေးရယ် ဘယ်ဘက်မျက်ခွံ မျက်ရစ်လေးအပေါ်က မှဲ့သေးသေးလေးရယ် စကားပြောတိုင်းချွန်ထွက်လာတဲ့ နှုပ်ခမ်းရဲရဲလေးရယ် ပြုံးလိုက်ရင်ပေါ်လာတဲ့သွားထက်ကလေးရယ်က လွန်ခဲ့တဲ့နှစ်နှစ်ကစိတ်ကို အရောင်တွေဆိုးသွားအောင်လုပ်လိုက်တဲ့ကောင်လေးပါ

မင်းခိုက်မှာ အသက်ကြီးလာတာနဲ့အမျှ သစ်ခွအပေါ် ညီလေးတစ်ယောက်လိုမချစ်နိုင်တော့လို့ သစ်ခွနဲ့အရင်ကလိုမနေတော့ပဲ ခပ်ခွာခွာသာနေခဲ့သည်ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်မှာဆိုးလို့ အိမ်မှာတောင်မနေပဲ သူငယ်ချင်းတွေနဲ့သာ သွားနေဖြစ်သည် ဒါကိုဒီကလေးကမသိပဲ သူ့ကိုဆို အရင်ကလိုပဲချစ်တဲ့ကလေးပေါက်လေးပါ

"အင်း သစ်ခွ ကိုကိုပြန်ရောက်ပြီ မေမေကောအိမ်ထဲမှာလား"

"ဟုတယိကိုခိုက်မောင်ရဲ့လာလာ"
ဆိုပြီး မင်းခိုက်လက်မောင်းကိုဆွဲ၍အိမ်ထဲခေါ်လာတော့သည်"

မင်းခိုက်မှာတော့ ကိုယ့်စိတ်ကိုယ်မလုံ၍ အို့တို့အန်းတန်းဖြစ်ကာပါသွားရှာတော့သည်

"ကိုယ်မင်းကိုညီလေးတစ်ယောက်လိုမချစ်နိုင်တော့ဘူးသစ်ခွရယ် မင်းအရွယ်မရောက်သေးလို့ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်မှာဆိုးလို့ မင်းနဲ့အဝေးမှာနေခဲ့တာပါ ကိုယ်ဒီထပ်ပိုပြီးမင်းအပေါ်လောဘတက်လို့ရမလား မောင့်သစ်ခွရယ်"

6.5.2023

စာကစိတ်ရှိတုန်းရေးမှ တမြင့်ဆို နှစ်တစ်ထောင်လောက်ပျောက်ပျောက်သွားလို့ ကိုခိုက်မောင်တစ်ယောက်တော့ ညီလေးလိုမချစ်နိုင်တော့ပါဘူး

အားလုံးကို ဂွန်မားဝေါ့💜

You've reached the end of published parts.

⏰ Last updated: May 09, 2023 ⏰

Add this story to your Library to get notified about new parts!

 My Orchid Where stories live. Discover now