နွေရာသီကျောင်းပိတ်ရက်က တအောင့်လေးနဲ့ပြီးသွားခဲ့ပြီး ခုဆိုသစ်ခွက တစ်တန်းတက်ရတော့မယ်
ကိုခိုက်မောင်ကတော့ငါးတန်းပေါ့ေကျာင်းမတက်ခင်မှာ သစ်ခွရယ် ကိုခိုက်မောင်ရယ် မမေမောင်ရယ် ကျောင်းအတွက်လိုအပ်တဲ့ ပစ္စည်းတွေလိုက်ဝယ်ဖို့ပါပါးကလိုက်ပို့ပေးတယ်
"ကဲ ကလေးတွေ လိုအပ်တာတွေသွားဝယ်နော် ဖေဖေကားထဲကစောင့်နေမယ်"
"ဟုတ်ဖေဖေ"
"ဟုတ်ဖေဖေ"
"ဟုတ်ပါပါး ပါပါးကရောသားတို့နဲ့တူတူလိုက်ဖူးလားလို့"
သူများထပ်တမူးထူးလိုက်ရမှကျေနပ်တဲ့သစ်ခွကတော့ ဦးမောင်မင်းကို သူတို့နဲ့အတူလိုက်ဖို့အပါခေါ်နေပါပြီ"မလိုက်တော့ဘူး သစ်ခွလေးရယ် ပါပါးကသားတို့ကိုအေးဆေးဝယ်စေချင်လို့ ကားထဲကပဲစောင့်နေလိုက်မယ်နော် သားကလိမ္မာပါတယ် ကိုကိုရယ် မမရယ်နဲ့တူတူသွားလိုက်နော်"
"ဟိုနှစ်ကောင် ကလေးကိုသေချာလက်တွဲပြီးခေါ်သွားနော်"
"ဟုတ်"
"ဟုတ်""လာ ကိုကို့ရဲ့သစ်ခွလေး ကိုကို့လက်ကိုတွဲ"
"မမနဲ့လဲတူတူသွားမယ် မမလက်ကိုလည်းတွဲ"
သစ်ခွလေးမှာတော့ ကိုကိုရယ် မမရယ်ကို တစ်ဖက်ဆီတွဲကာ ပျော်ပျော်ကြီး ပစ္စည်းကိရိယာဆိုင်ထဲသို့ဝင်သွားပါတော့သည်
Time skip...
ကျောင်းပထမဆုံးရက်မှာ ပါပါးရယ်မာမားရယ်ကိုကိုရယ်မမရယ်နဲ့အတူတူအရင်နှစ်ကလိုပဲလက်တွဲပြီးကျောင်းထဲကိုဝင်လာခဲ့တယ်
အခန်းဝရောက်တော့သူ့ရဲ့နှစ်ယောက်မရှိတဲ့သူငယ်ချင်းကြီးမိုးပြာပြာမှ
"ခွခွရယ် မင်းကလဲနောက်ကျလိုက်တာ မင်းအတွက်ငါ့မှာနေရာဦးထားရတာ"
"အေးပါကွာ ကျေးဇူးပဲ"
"ဟော့ ဟိုမှာ အခန်းဝမှာ မင်းအကိုမှတ်မလား"
"ငါခနသွားလိုက်အုံးမယ်နော်ပြာပြာ"
"အေးအေး"
အခန်းဝတွင် သူ့ကိုပြုံးပြီးမုန့်ထုပ်ကြီးကိုင်ပြီးရပ်နေသော ကိုခိုက်မောင်မှ
"ကို့သစ်ခွလေး မုန့်မစားရသေးဘူးမှတ်မလား"
"ဟီး ဟုတယ်ကိုခိုက်မောင်ရဲ့ သစ်ခွ ပြာပြာနဲ့နောက်ပြီးမှမုန့်စျေးတန်းသွားမလို့ ခုတော့သွားစရာမလိုတော့ဘူး ကျေးဇူးပဲနော်"
"ရပါတယ် ဒီက ကိုကိုက သစ်ခွအတွက်ဆိုအမြဲရှိပြီးသားပါ"
သစ်ခွမှာဒီလိုအလိုလိုက်လွန်းတဲ့ကိုကိုရှိနေလို့ သစ်ခွ သူ့ကိုခိုက်မောင်အပေါ်ဆို ဆိုးချင်ပါသည်
"ကဲ နောက်ပြီးဆရာမလာတော့မယ် ကိုကိုသွားတော့မယ်နော် သစ်ခွလေး"
"ဟုတ် ကိုခိုက်မောင် ဂရုစိုက်သွားနော်"
ဒီလိုနဲ့ပဲ သစ်ခွကိုညီလေးတစ်ယောက်လိုချစ်ပြီးအလိုလိုက်လွန်းတဲ့ကိုခိုက်မောင်ရယ် အလိုလိုက်လွန်းလို့ဆိုးချင်တဲ့သစ်ခွရယ်နဲ့နေ့ရက်တိုင်းကသာသာယာယာပါပဲ
သစ်ခွတစ်တန်း ကိုခိုက်မောင်ငါးတန်း
သစ်ခွနှစ်တန်း ကိုခိုက်မောင် ခြောက်တန်း
သစ်ခွသုံးတန်း ကိုခိုက်မောင် ခုနှစ်တန်း
အချိန်တွေဟာအလီလီပြောင်းလဲပြီး ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ချစ်ခဲ့ကြတဲ့ကလေးလေးတွေကကောပြောင်းလဲသွားတော့မှာလား.......
9.5.2023
သာသာရဲ့နှစ်တစ်ထောင်အပ်ပဒိတ်လေးအတွက်မီယမ်းနဲပါ တိုသွားပါတယ် သာသာစာရေးဖို့ ေဆးထိုးထားေတာ့လက်ကအဆင်မ ပြေသေးတာရယ်စိတ်ကဖမ်းလို့မရသေးတာရယ် ကြောင့်ပါ ကလေးတွေကငယ်သေးတော့သိပ်ပြီးလိုချင်တဲ့နေရာကိုသွားလို့မရသေးဘူးရယ် အဲ့တာကြောင့် နေ့ချင်းညချင်း ကြီးရပါတော့မယ် အရင်ရက်တွေက မအပ်ဖြစ်တဲ့အတွက် သတစ်နေ့ကိုသာသာအပ်နိုင်သလောက်အပ်သွားပါမယ်
အားလုံးကို ဂွန်မားဝေါ့💜