(3)

1K 165 17
                                    

Zawgyi
.
.
ပျင်းပျင်းနှင့် ကျန်နေခဲ့သော်လည်း ဂျွန်တိုက်သောဆေးအရှိန်နှင့် စားသောက်ခဲ့သောအရှိန်တို့ကြောင့် မှေးကနဲအိပ်ပျော်သွားသည်။

I need somebody who can love me at my worst
Know I'm not perfect
but I hope you see my worth
Cause it's only you nobody new
I put you first
And for you girl
I swear
I'd do the worst
Ooh-ooh-ooh
Ooh-ooh-ooh ooh-ooh-ooh-ooh

ကြာကြာအိပ်လေ့မရှိသည်မို့ နာရီဝက်လောက်အကြာ ဖုန်းသံတစ်ခုကြောင့် ပြန်နိုးလာခဲ့သည်။

အိပ်ချင်မူးတူးနှင့် စားပွဲပေါ်ကဖုန်းကို သွားယူလိုက်ပေမယ့် ဖုန်းလာနေတာ ဒီကမဟုတ်။

မျက်လုံးကို လက်နှစ်ဖက်နှင့် သေချာပွတ်ကြည့်သော်လည်း ဖုန်းသံပျောက်မသွားသည့်တိုင်အောင် လက်ထဲကဖုန်းတွင်တော့ အဝင်callမရှိသလို အသံလည်းမထွက်ပေ။

ထူးဆန်သည်။

ဖုန်းringtoneမှာ ကမ္ဘာပေါ်တွင် ဘယ်သူမှမထားနိုင်သော ကိုယ့်ဂျွန်ကိုယ်တိုင် ကိုယ်တစ်ဦးတည်းအတွက် ဆိုပြထားသည့် At my worst cover acoustic versionဖြစ်သည်။

ဂျွန်က ကိုယ်ပိုင်ဖုန်းမသုံးသည်မို့ ကိုယ်ပင်လျှင် ဂျွန်ကို အိမ်ဖုန်းမှတစ်ဆင့်ဆက်သွယ်ရသည်။

ဂျွန်တစ်ယောက်က သူ၏ပါးလျသေးငယ်သော tabletတစ်လုံးကိုသာ အလေးထားပြီးကိုင်သည်။

ဒီလိုဆိုရင် အိမ်ထဲတွင် နောက်ထပ်ဘယ်သူ့ဖုန်းရောက်နေသည်လဲ။

အသံလာရာအတိုင်း လိုက်သွားလိုက်ရာ ဂျွန်၏အလုပ်ခန်းကို ဦးတည်မိသည်။

လျှို့ဝှက်ထားသော ဂျွန့်အလုပ်ကို မသိသော်လည်း ဂျွန်အချိန်ကုန်လေ့ရှိသော အလုပ်ခန်းကိုတော့ ကိုယ်မကြာခဏဝင်ထွက်တတ်သည်။

အခန်းကိုဝင်ရန် fingerprintအတွက် လက်မကိုတင်လိုက်တော့ ခါတိုင်းလိုပွင့်မသွားဘဲ အချက်ပေးသံတွေဆူညံလာသည်မို့ လန့်ပြီးနောက်ဆုတ်သွားမိသည်။

Passwordကိုရိုက်ထည့်လိုက်မှ အသံတွေရပ်သွားပြီး တံခါးပွင့်လာသည်။

𝙃𝙞𝙨 𝙃𝙚𝙖𝙧𝙩 𝙞𝙨 𝙎𝙩𝙖𝙞𝙣𝙡𝙚𝙨𝙨 𝙎𝙩𝙚𝙚𝙡Where stories live. Discover now