(8)

1K 147 33
                                    

Zawgyi
.
.
“Oh god! J.. ဘယ်လိုဖြစ်ရတာလဲ သားရယ်”

မစ္စဂျိန်းတစ်ယောက် လက်တစ်ဖက်ပြတ်နဲ့ဂျေ့ကိုတွေ့ချိန် ဘုရားတမိသည်။

“အကြမ်းမဖက်ခဲ့ဖို့ ကျွန်မသေချာမှာခဲ့တယ်လေ မစ္စတာဟန်”

‌ဂျေ့ကို ဖမ်းဆီးရန်ထွက်ခွာသည့်အဖွဲ့မှ ခေါင်းဆောင်ကို သူမ ခပ်တင်းတင်းကြည့်ရင်းပြောလိုက်သည်။

ဂျေက သူမသားပဲမို့ ဘယ်နည်းနဲ့မှ အထိခိုက်မခံချင်ခဲ့ပါ။ ဂျေတစ်ယောက် ကလန်ကဆန်လုပ်ပြီး ပွဲမကြမ်းဖို့အတွက်လည်း သူမကိုယ်တိုင်ဖျောင်းဖျပေးခဲ့သေးသည်။ ဒါကိုပင် လုပ်ရက်ခဲ့ကြသည်။

အရေပြားတုအောက်မှ စတီးဖရိန်နှင့် သွေးအစားထိုး အပြာရောင်အရည်များကတော့ ဂျေဟာ သူမသားမဟုတ်သလို လူသားတစ်ယောက်လည်းမဟုတ်ကြောင်း ပြောပြနေပါသည်။

“ကျွန်တော် အဆင်ပြေပါတယ် မာမီ”

ဂျေ့မျက်နှာလေးက နွမ်းလျနေသည်။

“ကျွန်တော်တို့တွေ Doctorရဲ့ အမိန့်အရလုပ်ခဲ့တာပါ မစ္စ”

“ဂျိန်း.. Jungkookအနေနဲ့လည်း သူ့လက်တစ်ဖက်အတွက် အစားပြန်ယူသင့်တယ်မဟုတ်လား”

Rmက ဝင်ပြောသည်။ ဒီစက်ရုပ်လူသားကြောင့်ပဲ Jungkookရဲ့ ညာဘက် လက်ကောက်ဝတ်ရိုး  ကျိုးကြေသွားခဲ့ရသည်။ စတီးရိုးတစ်ခုကို အစားထိုးထားလည်း သာမန်လက်တစ်ချောင်းတော့ မဖြစ်နိုင်တော့ဘူးလေ။

“ဒါဆိုရင် သူ့လက်ကို ပြန်တပ်ခွင့်မပေးကြတော့ဖို့ စဉ်းစားနေတာလားအခု”

“အချိန်တစ်ခုထိ‌ပေါ့.. ဒါပေမယ့်မပူပါနဲ့ ဂျိန်း.. သူက အများကြီးအသုံးဝင်သေးတာမို့ ဖျက်ဆီးတဲ့အဆင့်တော့ မရောက်သေးပါဘူး................... ကြားထဲပြဿနာမရှာခဲ့ရင်ပေါ့လေ”

နောက်ဆုံးစကားကို RMက ဂျေ့ကိုကြည့်ပြီး ပြောသည်။

“ဒါဆိုလည်း အခု သူ့ကို ကျွန်မနဲ့ထားခဲ့ကြ..”

“သူက အကျဉ်းသားပါ ဂျိန်း”

“သူက ဒီဓာတ်ခွဲခန်းရဲ့ Professor.. ပြီးတော့ ကျွန်မသား..”

ဒေါသတကြီးအော်ပြောလိုက်သည့် မစ္စဂျိန်းရဲ့စကားကြောင့် RMစိတ်လျှော့လိုက်သည်။ ဘေးက တပ်သားတွေကို ခေါင်းညိတ်ပြလိုက်တော့ လွှတ်ပေးလိုက်ရသည်။ နူးညံ့သိမ်မွေ့သော ဂျိန်းက သူမသားတွေနှင့် ပတ်သတ်လျှင် အမြဲပွဲကြမ်းတတ်သည်။

𝙃𝙞𝙨 𝙃𝙚𝙖𝙧𝙩 𝙞𝙨 𝙎𝙩𝙖𝙞𝙣𝙡𝙚𝙨𝙨 𝙎𝙩𝙚𝙚𝙡Where stories live. Discover now