(5)

909 166 10
                                    

Zawgyi
.
.
နောက်တစ်နေ့မနက်ခင်း နိုးထခဲ့ရသည်။

တိတ်ဆိတ်ငြိမ်သက်နေသော ဧည့်ခန်းကိုဖြတ်ကျော်ပြီး မီးဖိုခန်းဘက်ရောက်လျှင် မနက်စာပြင်ဆင်နေသော ဂျွန့်နောက်ကျောကိုတွေ့သည်။

ရိုးရှင်းသောမနက်စာက အသားညှပ်ပေါင်မုန့်နှင့် အသီးအနှံအချို့ဖြစ်သည်။

နောက်ထပ်မတူညီမှုတစ်ခုက ရပ်ကြည့်နေသော ကိုယ့်မျက်လုံးထဲ ပေါ်လာပြန်သည်။

ဂျွန်တစ်ယောက်က မီးဖိုခန်းဝင်လျှင် ဘယ်သောအခါမှ ဒီလို တိတ်ဆိတ်မနေဘဲ သီချင်းတွေအော်ဆိုနေတတ်သည်။

ခါးလေးတလှုပ်လှုပ်နှင့် သူတိုးတိုးငြီးဆိုလေ့ရှိသော စာသားများ နားထဲကြားယောင်လာသည်။

ကိုယ့်ရှေ့ကဂျွန်မှာတော့ ကျောက်ရုပ်တစ်ခုကဲ့သို့ အလုပ်လုပ်နေသည်။

Summer has already spread in the air
Breeze is already blowing
The last cold snap is going out

ဂျွန်ငြီးလေ့ရှိသော စာသားအချို့ကို ကိုယ်ငြီးလိုက်တော့ သူနောက်ကို လှည့်ကြည့်လာသည်။

“လာခေါ်မလို့ကို.. ကျွန်တော့်ထယ်က ဆင်းလာပြီပဲ”

ခပ်တောင့်တောင့်ရပ်နေမိတဲ့ ကိုယ့်ကိုပွေ့ဖက်ကာ နဖူးကိုနမ်းရင်းပြောသည်။

သီချင်းသံကြားရင် ဘာနေနေ နောက်ကလိုက်ဆိုတတ်တဲ့ ကိုယ့်ဂျွန်ကိုလွမ်းသည်။

“ဘယ်သူလဲ..”

စားပွဲမှာနေရာချပေးနေတဲ့လူကို မော့ကြည့်ကာမေးလိုက်သည်။

“ဘာကိုလဲ ထယ်!”

ကိုယ့်ကို ငုံ့ကြည့်နေပါသော ကိုယ့်ဂျွန်ရဲ့ ကြည်လင်နေသောမျက်ဝန်းလေးတွေ။ အမှားတစ်ခုခုရှာသော်လည်း ဘာမှမတွေ့။ ဘယ်နေရာက မှားယွင်းနေသည်လဲ။

မင်းက ဘာလဲ... မင်းက ဘယ်သူလဲ.. မင်း ဘာတွေဖြစ်နေတာလဲ.. မင်းတစ်ယောက် ဘာလို့ အရင်နဲ့မတူတာလဲ..

တစ်ခုခုကို သိလိုက်ဖို့ ကိုယ်ကြောက်နေမိတယ် ဂျွန်။

“ဟင့်အင်း.. အာ ဒီနေ့ ကိုယ် အလုပ်ကိုသွားဦးမယ်”

စကားလမ်းကြောင်းလွှဲချင်မိသည်။ မင်းက ကိုယ့်ဂျွန်ပါပဲလို့ ယုံမိလိုက်ပြန်သည်။

“ခွင့်ရက်မပြည့်သေးဘူးလေ ထယ်”

“သိတယ်... သွားပြီး ဂျီမင်းနဲ့ တိုင်ပင်စရာလေးတွေရှိလို့.. ကိုယ် စောစောပြန်ခဲ့မယ်”

“မသွားပါနဲ့ဦး.. ကျွန်တော်အားတုန်းလေး ထယ်နဲ့အတူရှိရတာ မဝသေးဘူး”

“ကိုယ်သိပါတယ်.. ကြာကြာမနေဘဲ ပြန်ခဲ့မယ်..“

“ကဲပါ.. အီလည်လည်ကြီးဖြစ်နေတယ်မလား.. ကီဝီဖျော်ထားတယ် တစ်ခွက်တော့ ကုန်အောင်သောက်နော်.. sandwichလည်း ကုန်အောင်စား.. ထယ် အားပြတ်နေတယ်.. ပြီးရင်တစ်ခါထဲစားရအောင် ကျွန်တော် အသီးလှီးထားလိုက်မယ်”

Blenderထဲက Juiceတချို့ကို ခွက်ထဲလောင်းထည့်ပေးကာ အသားညှပ်ပေါင်မုန့်နှစ်စုံကို ချပေးသည်။

ပေါင်မုန့်ကိုလှပ်ကြည့်တော့ ညီညီညာညာလှီးဖြတ်ထားသော ဂဏန်းချောင်းတွေပါသောတစ်ခုနှင့် နောက်တစ်ခုမှာတော့ တူနာအရသာ။ ကိုယ့်အကြိုက် ကြက်သွန်နီကွင်းလေးများကလည်း ပေါင်မုန့်အောက်တွင် ပါးလျစွာကပ်နေသည်။

ယောင်နနနဲ့ ဂျွန့်အပြောအတိုင်း ကောက်စားလိုက်တော့ တစ်ထေရာတည်းသော အရသာကိုရသည်။

“အဆင်ပြေလား ထယ်”

ပန်းသစ်တော်ကို အခွံခွာဓားမသုံးဘဲ ဓားချွန်တစ်ချောင်းနှင့် သေသပ်စွာခွာချနေသည်။ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားသည်က ကိုယ်ငေးကြည့်နေတုန်းမှာပင်ဖြစ်သည်။

ရုတ်တရက် အတွေးဝင်မိတော့ ဂျွန်ရှိရာထသွားပြီး လက်ထဲက ဓားကိုဆွဲလိုက်သည်။

“ကိုယ်လှီးမယ်.. မင်းလည်း ကိုယ်နဲ့အတူစား.. သွား မင်းအတွက်မုန့်ထုတ်ခဲ့”

“ကျွန်တော် စားပြီးပြီ ထယ်.. သွား သွား ကျွန်တော်ပဲလုပ်မယ် ထယ့်လက်တွေ ထိခိုက်ကုန်မယ် ဖယ်နော်”

အသာပြန်ဆွဲယူတဲ့ ဂျွန့်လက်တွေကြားက အားပါပါနဲ့ ရုန်းထွက်ပြီး ဓားကိုင်ထားတဲ့လက်ကို ထပ်ဆွဲလိုက်သည်။

“ပေးပါဆို.. မင်းချည်းလုပ်နေတာ ကိုယ်ဘယ်တရားမလဲ.. ပေး ပေး”

“မဟုတ်.. ထယ့်.. လက်ထိမယ် “

ရည်ရွယ်ချက်ရှိရှိ ဇွတ်လုပ်လိုက်တဲ့အပြုအမူက ရည်ရွယ်ထားတဲ့အတိုင်း ဂျွန့်လက်နဲ့ထိတွေ့သွားသည်။ အားပါပါဆွဲလုတာမို့ ကိုယ့်လက်ချောင်းတွေလည်း မလွတ်။

ရွှီးခနဲ ပြတ်သွားသလိုမျိုး အပေါ်ယံထိချက်က လက်ခလယ်ထိတ်မှာ သွေးတွေတွေ စိမ့်ထွက်လာစေသည်။ ကိုယ့်ထက်ပိုထိသွားတဲ့ ဂျွန့်လက်ကိုကြည့်လိုက်တော့ လက်မနဲ့လက်ညှိုးကြားနေရာမှာ 10cmလောက်ပြဲသွားသည်ကို တွေ့သည်။

ကိုယ့်လက်ခလယ်ပေါ်က စိမ့်ထွက်လာနေသော သွေးတွေကို ပျာယာခတ်စွာ ရေဆေးချပေးဖို့လုပ်သောဂျွန်က သူ့လက်ဆီက သွေးမထွက်တဲ့ဒဏ်ရာကို ဖုံးကွယ်ဖို့မေ့နေသည်။

အသက်ရှူအောင့်ထားလျက် ထိုဟပြဲဖြစ်နေသော အသားစနေရာကို စိုက်ကြည့်နေမိသည်။

ဂျွန့်လှုပ်ရှားမှုတွေ ရပ်တန့်သွားသည်။

ဒဏ်ရာကိုစိုက်ကြည့်နေသော ကိုယ့်မျက်လုံးတွေကို တည့်တည့်ကြည့်လာသည်။ ပြုံးယောင်သန်းနေတဲ့ သူ့နှုတ်ခမ်းတွေက ခဏမျှ တင်းတင်းစေ့သွားပြီးနောက် တစ်ဖန်ထပ်ပြုံးသည်။

“ကျွန်တော့်ထယ်.. အမှန်တရားကို တကယ်မသိချင်ပါဘူး.. ကျွန်တော့်ကို ပြောပြစေချင်နေတာလား”

အယောင်‌ယောင်အမှားမှားနဲ့ ဓားချွန်ကို ကောက်ကိုင်လိုက်မိတာ ကိုယ်ရောဟုတ်ရဲ့လားမသိပါ။ ကိုယ်ဟာ ဘယ်တုန်းကမှ ဂျွန့်ကိုနာကျင်အောင် မလုပ်ခဲ့ဖူးတာ။

“မင်း... “

ဘယ်သူလဲဆိုတဲ့စကားက နှုတ်ခမ်းဝမှာ တစ်နေသည်။

မင်းဘယ်သူလဲလို့မေးလိုက်ရင် ကိုယ့်ဂျွန်ကရော ဘယ်မလဲ။ ကိုယ့်ဂျွန်တစ်ခုခုဖြစ်နေတယ်လို့တော့ မပြောလောက်ဘူးမဟုတ်လား။

မေးခွန်းများစွာ ရောထွေးလျက် လက်ထဲကဓားနှင့် ရှေ့က ကိုယ့်ဂျွန်နှင့်တစ်ထေရာတည်းသောလူကို ချိန်ထားမိသည်။

“ကျွန်တော်က ထယ့်ဂျွန်ပါပဲ.. ထယ်မကြောက်နဲ့လေ..”

“မင်းဘယ်သူလဲ.. ကိုယ့်ဂျွန် ဘယ်မှာလဲ”

“ကျွန်တော်က ထယ့်ဂျွန်ပဲ.. ထယ့်‌ရှေ့က ကျွန်တော်ပဲ”

ထင်မှတ်မထားသော အဖြေက အံ့အားသင့်စေသည်။ သူ့ကိုယ်သူ ကိုယ့်ဂျွန်ပါဟု အခိုင်အမာပြောနေခြင်းက ကြောက်လန့်နေသောစိတ်တွေအစား ဒေါသတွေဝင်ရောက်လာစေသည်။

“မဟုတ်ဘူး.. မင်းမဟုတ်ဘူး”

“လက်မှာ သွေးမထွက်လို့လား... ထယ်မြင်ချင်ရင် ကျွန်တော်နောက်ခါ သွေးထွက်အောင် စီစဉ်ထားလိုက်မယ်.. ညဘက် အိပ်တဲ့အခါ ကျွန်တော့်အသက်ရှူသံတွေ ထယ်ကြားစေရမယ်.. ကျွန်တော့်ရင်ခုန်သံတွေလည်း ထယ့်အတွက် အမြဲဖွင့်ပေးထားမယ်.. ဒါဆို မလုံလောက်သေးဘူးလား.. ထယ် ဘာလိုချင်တာလဲ”

“ငါ့ဂျွန် ဘယ်မှာလဲလို့ “

ဓားကို တင်းတင်းဆုပ်ရင်း အသံကိုမြှင့်မေးလိုက်သည်။

“အခုချိန်ကစပြီး ကျွန်တော်က ထယ့်ဂျွန်.. အာ အရင်ထဲက ကျွန်တော်က ထယ်ပိုင်ပြီးသားပဲ.. သူတို့တွေကြောင့် မလာနိုင်ခဲ့တာ”

“အနားမလာနဲ့”

“ကျွန်တော်လည်း အသွေးနဲ့အသားနဲ့ဂျွန်ပါ.. ထယ့်လို သွေးတော့မဟုတ်ဘူးပေါ့”

ရှေ့ကလူထံတွင် ဂျွန့်ကိုရှာမတွေ့သည့်စိတ်က ကိုယ့်ကိုဆွဲချနေသည်။ တစ်ထေရာတည်းတူသော မျက်နှာလေးကိုကြည့်ရင်း ဓားနှင့်ရွယ်သောလက်က တုန်ယင်လာသည်။

မလုပ်ရက်.. ကိုယ်တကယ် မလုပ်ရက်ပါ။

ရုတ်တရက် ဆွဲအားတစ်ခုဖြစ်ပေါ်လာပြီး လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ဓားက ရှေ့ကလူဆီ လွင့်ပါသွားတော့သည်။

“ထယ် ကျွန်တော့်ရှေ့မှာ သံတွေကို မသုံးသင့်ဘူး”

ဓားကိုင်ထားတဲ့ တက်တူးတွေနဲ့လက်ကို ကိုယ်ငေးကြည့်မိသည်။

မင်းနဲ့တစ်ထေရာတည်းသောလက်က အခုတော့ ကိုယ့်ကို ခြောက်လန့်နေပြီပဲ ဂျွန်။

“ဇွက်”

“ဟာ့!!”

ဂျွန်ထိုးချလိုက်သော ဓားက သူ့ဗိုက်သူ ဦးတည်သည်။ အလန့်တကြားအော်လိုက်မိတဲ့ ကိုယ့်ရှေ့မှာပင် ဂျွန့်လက်တွေက ဓားကိုဆွဲထုတ်ကာ ထိုနေရာကို လက်နဲ့ဆွဲဖြဲပြလာသည်။

ရုပ်ရှင်တွေထဲမှာသာ မြင်ခဲ့ဖူးသော စက်ရုပ်ဆိုသောအရာက အမှန်တကယ် ကိုယ့်ရှေ့ကဂျွန်ဖြစ်နေသည်ကို ဆွံ့အစွာ တွေ့မြင်လိုက်ရသည်။

သံframeတွေကြားက အပြာရောင်အလင်းအချို့ကို တွေ့သည်။ ဝိုင်ယားကြိုးတွ ယှက်ထွေးနေကြသည်။ အပေါ်ယံကို အရေပြားတုနဲ့ မံထားသည်ပဲ။

“ကျွန်တော်က robotပဲထယ်.. ဒါပေမယ့် ကျွန်တော့်မှာ ကိုယ်ပိုင်အသိဉာဏ်ရှိတယ်.. ကိုယ်ပိုင်ခံစားချက်ရှိတယ်.. ကိုယ်ပိုင်အတွေးအခေါ်ရှိတယ်..”

“ပြီးတော့ ထယ့်ကိုလည်း ချစ်တတ်တယ်”

“မသိချင်ဘူး.. ငါ့ဂျွန်ဘယ်မှာလဲ”

“သူ လာနိုင်မှာမဟုတ်ဘူး.. သူ လာ လို့ မ ရ ဘူး”

“မင်း... ဘာတွေလုပ်”

TEEEEEEEEEEEEEEEEEEE

ရုတ်တရက် ခြံပြင်ဘက်ဆီက အချက်ပေးသံပေါ်လာသည်။

စက်ရုပ်ဂျွန်က ကိုယ့်ကို ဖျက်ကနဲ တစ်ချက်ကြည့်ပြီးနောက် screenရှိရာ သွားကြည့်သည်။

“အိုး..”

“ဘယ်သူလာတာလဲ”

ခြံတံခါးဘက်မှာ အဲ့လိုအချက်ပေးသံတွေတပ်ထားမှန်း မသိခဲ့။ ဆူညံနေသည်မှာ တစ်ခုခုဖြစ်တော့မည့်အတိုင်းပင်။

“ထယ်.. ကျွန်တော့်ဧည့်သည်တွေလာတယ်.. ကျွန်တော့်ကို ခွင့်လွှတ်နော်”

“ဟင်!!”

တုံ့ပြန်ချိန်လေးပင်မရလိုက်။ သူဆွဲခေါ်ရာ တရောသောပါးပါသွားပြီးနောက် ဘယ်တုန်းကမှမမြင်ခဲ့ဖူးတဲ့ မြေအောက်ခန်းရှိရာ တွန်းချခံလိုက်ရသည်။

အောက်က မွေ့ရာအထူကြီးပေါ်ကျသွားပြီး နာကျင်နေသောခါးက ပိုမိုဆိုးရွားစွာ နှိပ်စက်တော့သည်။

အပေါ်တည့်တည့်အပေါက်ကနေ ငုံ့ကြည့်နေတဲ့စက်ရုပ်လူသားက တံခါးပြန်ပိတ်နေချိန်မှာပဲ အိမ်ပြတင်း‌ပေါက်မှန်တွေ တပြိင်နက်ခွဲခံရသံကို ကြားလိုက်ရသည်။

ဘာတွေဖြစ်နေပြီလဲ။

မြန်မြန်ဆန်ဆန်ပိတ်ဆို့သွားသော အပေါက်ကို တားချိန်ပင်မရ။

လျှပ်တပြက်မြင်လိုက်ရသည်က ထိုစက်ရုပ်လူသား၏အပြုံး။

မွေ့ရာပေါ်ကဆင်းကာ ကြည့်ကြည့်လိုက်တော့ မြေအောက်ခန်းသည် တစ်စုံတစ်ခုကို ပုန်းခိုရန် အစဦးထဲက ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားခဲ့ပုံပေါ်သည်။

အစားအသောက်တွေ လုံလောက်စွာ ထည့်သွင်းထားသော စတိုခန်းရှိသည်။ အဝတ်ဗီရိုတစ်လုံးနှင့် အိပ်ရာကြီးကြီးပါရှိသော အခန်းတစ်ခန်း။ တီဗွီအောက်ဆက်နှင့် CDခွေများ။

Open Meဆိုသော CDတစ်ချပ်ကို မြင်သာအောင်ထောင်ထားသည်။

အခွေထိုးကြည့်လိုက်တော့ အနီးကပ်ဂျွန့်မျက်နှာကို တွေ့ရသည်။

“ကျွန်တော့်ထယ်.. အာ.. ဒီဟာကို ကျွန်တော် လိုရမယ်ရပြင်ထားတာပါ.. လိုမယ်လို့တော့ မထင်ခဲ့ပါဘူး.. ကျွန်တော့်ထယ်ကို ကျွန်တော်က အရာအားလုံးနဲ့ဝေးရာမှာ ခွဲခြားထားတာမို့ ထယ့်အတွက် ဒါတွေက ထူးဆန်းနေလိမ့်မယ်..”

“ကျွန်တော် မကြာခဏ ခရီးသွားရတဲ့အကြောင်းကို ပြောပြမယ်.. ဒါက ဘာလို့လဲဆိုတော့ ကျွန်တော်က စက်ရုပ်တွေတည်ဆောက်တဲ့နေရာမှာ အရေးပါတဲ့လူတစ်ယောက်ဖြစ်နေလို့လေ.. အင်း ထယ်ကြားလိုက်တာ မမှားဘူး.. ကျွန်တော်တို့ စက်ရုပ်တွေတည်ဆောက်တယ်.. ကျွန်တော့်အလုပ်က စက်ရုပ်တွေအတွက် Programရေးဆွဲရတာမျိုးပေါ့.. ဘာအတွက်တည်ဆောက်လဲဆိုတာတော့ ထယ်သိထားရင် အန္တရာယ်များတယ်.. ကျွန်တော်မပြောတော့ဘူး.. “

“ကျွန်တော်တို့တွေ လူသားနဲ့ အနီးစပ်ဆုံးဆင်တူတဲ့ စက်ရုပ်တစ်ရုပ်ကို ဖန်တီးနိုင်ခဲ့တယ်.. အင်မ်.. အတိအကျဆို ကျွန်တော်နဲ့ပေါ့.. မာမီက ကျွန်တော်ထယ့်ဆီလာနေတဲ့အချိန်တွေမှာ နောက်ဆံမတင်းစေဖို့အတွက် ဒီက ကျွန်တော့်နေရာမှာ အစားထိုးတစ်ယောက်ကို ဖန်တီးကြည့်ဖို့အကြံပေးတယ်.. ကျွန်တော် အောင်မြင်ခဲ့တယ်..”

“အကယ်၍များဆိုတဲ့စိတ်နဲ့ ဒီအခန်းကို တည်‌ဆောက်ဖြစ်ခဲ့တာ.. အဲ့ဒီကောင်ကို ကျွန်တော့်နေရာမှာ အလုပ်တွေလုပ်ဖို့အတွက် သူနဲ့ကျွန်တော် မှတ်ဉာဏ်အချို့တွေ ချိတ်ဆက်ထားရတယ်.. သူထယ့်ကို ကျွန်တော်လို စွဲလမ်းမှာကို စိုးခဲ့တာလေ.. ကျွန်တော် သူ့ကို မယုံကြည်ခဲ့ဘူး.. ဒါပေမယ့်”

ပြောတာကိုရပ်ပြီး ဂျွန်က သူ့ကိုယ်သူရယ်သည်။

“စက်ရုပ်တစ်ရုပ်က လူလိုအသိဉာဏ်ရှိနေရင်တောင် ခံစားချက်တွေတော့ ရှိမလာနိုင်ပါဘူး.. ဒါပေမယ့် ထယ် အခုဒါကိုကြည့်နေတယ်ဆိုရင်တော့ ဖြစ်နိုင်ချေနှစ်ခုရှိတယ်.. သူ့မှာ ထယ်နဲ့ပတ်သတ်တဲ့ ခံစားချက်ရှိနေတာ.. မဟုတ်ရင် သူ့ကိုယ်သူ ကျွန်တော့်နေရာတွေမှာ အစားထိုးဖို့လုပ်နေတာ.. သေချာတာတစ်ခုကိုပြောရရင် ဒီကောင့်မှာ ကိုယ်ပိုင်အသိဉာဏ်ရှိတယ်”

”အစထဲက ထယ့်ကို ဒီရှုပ်ထွေးတဲ့ဇာတ်လမ်းတွေကြား ဆွဲမခေါ်ချင်ခဲ့ဘူး.. တစ်ချိန်ချိန်မှာ အေးဆေးပဲ ပြောပြချင်ခဲ့တာ.. ဒါပေမယ့် ဒီလိုတွေဖြစ်လာပြီပေါ့အခု”

“ဘာပဲဖြစ်ဖြစ် ထယ် စိတ်ပူဖို့မလိုဘူး.. ဒီထဲကို ရောက်ပြီမို့ ကျွန်တော်လာခေါ်တာကို စောင့်နေရုံပါပဲ.. ကျွန်တော့်မိသားစုနဲ့ မကြာခင်တွေ့ကြရအောင် ထယ်”

အဆုံးသတ်သွားသော ဗီဒီယိုကလစ်လေးက ပိတ်သွားပြီဖြစ်သည်။ ကိုယ်ကတော့ ဘယ်လိုပင်တုန့်ပြန်ရမှန်းမသိပါ။

အရာအားလုံးကို သဘောမပေါက်နိုင်သေးဘဲ ရှုပ်ထွေးနေဆဲဖြစ်သည်။

ဒါဆို စက်ရုပ်တစ်ပိုင်းဂျွန်က ထွက်ပြေးလာခဲ့သည်ပေါ့။

𝙃𝙞𝙨 𝙃𝙚𝙖𝙧𝙩 𝙞𝙨 𝙎𝙩𝙖𝙞𝙣𝙡𝙚𝙨𝙨 𝙎𝙩𝙚𝙚𝙡Where stories live. Discover now