Part (3) U/Z

6.6K 312 41
                                    

Unicode

ring! ring!

မနက်စောစောစီးစီး ဖုန်းမည်သံကြောင့်အိပ်နေရင်းနှင့်ပင်ခက်ခြာမျက်မှောင်ကြုံ့
လိုက်မိသည်။

အသံမြည်နေသောဖုန်းအားအိပ်နေရင်းပင်လိုက်စမ်းလိုက်သည်။မျက်ဝန်းတွေမဖွင့်ချင်သည်မို့ ဟိုစမ်းလိုက်ဒီစမ်းလိုက်
ဖုန်းရှာသည့်အခါ မကိုင်လိုက်နိုင်၍ဖုန်းက ကျသွားသောကြောင့်ဖုန်းရှာဖို့အခက်တွေ့သွားရသည်။

အသံကမမြည်​တော့၍ဖုန်းရှိနေနိုင်မည့်နေရာအားဟိုစမ်းဒီစမ်း​လုပ်လို့မရ ။ထလည်းမထချင်သေး၍အရေးကြီးလျှင်ထပ်ခေါ်လိမ့်မည်ဟုတွေးကာ စောင်ထဲပြန်ကွေးလိုက်သည်။ဆောင်းတွင်းကြီး စောစောထရအောင် ရတုခက်ခြာကအရူးမဟုတ်။

(why you always in a mood?
Fucking' round actin 'brand new)

မဆက်မပြတ်ထွက်လာသော Mood သီချင်းသံကြောင့် ခက်ခြာ ဆက်အိပ်၍မရ။ Fuckဟုတစ်ချက်ဆဲရေးလိုက်ပြီးနောက် စောင်ခြုံထဲမှထွက်လိုက်ရသည်။

ဆံပင်တွေကိုဆွဲဖွပစ်လိုက်ပြီးကုတင်ပေါ်မှာ
ငုတ်တုတ်ထိုင်ပစ်လိုက်သည်။အိပ်ရာထကာစမို့မျက်ဝန်းတွေမဖွင့်ချင်သည့်တိုင်အားယူကာဖွင့်ပြီး
နောက်ဖုန်းလိုက်လိုက်ရှာရသည်။

ကုတင်ပေါ်ကအစဘေးနားကစားပွဲတင်အဆုံးသေချာလိုက်ရှာသော်လည်းအိပ်ချင်မူးတူးဖြစ်နေ၍ပဲလားမပြောတတ်ရှာ၍မတွေ့။

သေချာစဉ်းစားကြည့်မှ ညကGameရှုံး၍ဖုန်းကိုလွင့်ပစ်ထားမိမှန်းကိုယ့်ဟာကိုယ်သတိရသွားသည်။

ထိုအခါမှမျက်ခုံးတန်းတွေစုကြုံ့လိုက်ပြီး
ကုတင်ပေါ်မှမထဘဲလက်တံရှည်ရှည်ဖြင့်ကုတင်အောက်အားလှမ်းစမ်းလိုက်သည်။ခဏလောက်ဟိုရှာဒီရှာလုပ်ပြီးနောက်စမ်းလိုက်မိသည့်ဖုန်းကြောင့်ခန္ဓာကိုယ်ကိုအနည်းငယ်ရှေ့တိုးကာကောက်ယူပစ်လိုက်သည်။ထိုအခါလက်ထဲပါလာသည့်
မှန်ပြင်အနည်းငယ်ကွဲနေသောဖုန်းတစ်လုံးကြောင့်လက်ဖဝါးပြင်ဖြင့်မှန်ပြင်အားသုတ်ပစ်လိုက်သည်။

ဖုန်းကိုဖွင့်လိုက်သည့်အခါ
5ခါခန့်ခေါ်ဆိုထားသော လီလီအိန်ဂျယ် နံပတ်ကြောင့်မျက်မှောင်ကြုံ့လိုက်မိသည်။မနက်အစောကြီးမထတတ်သည် လီလီ က တောင်သူ့အရင်နိုးနေသည်။
အံ့သြမှုကြောင့်မျက်ခုံးတန်းတို့မြင့်တက်သွားပြီးပြန်ခေါ်ဖို့လုပ်လိုက်သည်။

 Bhone Khan Siee Khaar(ongoing)(Complete ပြီးသားပြန်တင်)Where stories live. Discover now