မိမိရှေ့၌ မျက်နှာမကောင်းဖြစ်လျက်တောင်းပန်နေသူအား ခက်ခြာ ကြည့်မိသည်။ဘုန်းကံစည်းခြားလို တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့် အရပ်6ပေကျော်လောက်ရှိမည့်ကောင်လေးနှစ်ယောက်က ခက်ခြာ သတိရလာသည်နှင့်ဘေးနားမှာရပ်ကာ သူငယ်ချင်းအတွက်တောင်းပန်စကားတွေတတွက်တွက်ပြောနေ၍ကြောင်ကြည့်ရုံမှတစ်ပါး တုန့်ပြန့်စရာ လမ်းစကားကမရှိ။
"ဘာဖြစ်ခဲ့မှန်းမသိပေမဲ့ကျွန်တော်တို့ ကိုရတုခက်ခြာကိုတောင်းပန်ပါတယ်"
ခက်ခြာဘာပြန်ပြောသင့်လဲ။ဘယ်လိုဖြစ်ခဲ့ရတာလဲဆိုတာ ဘယ်ကနေစပြီးရှင်းပြရမလဲ။ခေါင်းရှုပ်သွားရသည်ဘာတွေအတင်းတောင်းပန်နေတာလဲ။
ဘေးနားမှာရပ်ကြည့်နေသော ဟန် က ကိုရတုခက်ခြာနှင့် အစ်ကို့ ကိုကြည့်၍ သက်ပြင်းချကာ စကား ဝင်ပြောဖို့လုပ်ရသည်။
"စည်းခြားကြောင့် ကိုရတုခက်ခြာ ထိခိုက်ဒဏ်ရာရခဲ့ရခဲ့ရတာဆိုရင် သူ့အစားကျွန်တော်တို့ကပဲတောင်းပန်ပါတယ် "
ထိုအခါမှခက်ခြာ နားလည်သွားရသည်။ထင်ကျေးတွေနဲ့တောင်းပန်နေသူတွေက စကားသာပြန်မပြောပါက တစ်ချိန်လုံး တောင်းပန်စကားသာ ကြားနေရမည်ဖြစ်၍ ခက်ခြာ တုန့်ပြန်ဖို့စကားရှာရသည်။
"ရပါတယ် သူဘာဖြစ်လာမှန်းမသိပဲ တဇွတ်ထိုး လုပ်လိုက်မိတာ ကိုယ့်အမှားလဲပါ တယ်"
ခက်ခြာအဖြေကြောင့် တောင်းပန်စကားဆိုနေသော ဝနတို့ ခဏလောက်တိတ်သွားရသည်။ထို့နောက်ဆေးရုံကုတင်အား ခပ်လျောလျောမှီ၍ ထိုင်နေသူအား မှိတ်သုန်မှိတ်သုန်ကြည့်မိကြသည်။
အနည်းငယ်စေ့စပ်တွေးကြည့်မိသည်နှင့်ပြသနာဖြစ်ရသည့်အကြောင်းအရင်းကို ဟန် တို့ရိပ်စားမိလာသည်။
မနေ့ည 9 နာရီလောက်က mediaပေါ်ပျံ့နှံ့လာသော postတွေကြောင့် စည်းခြား ဒေါသထွက်ကာ စိတ်တိုနေချိန်၌ ကိုရတုခက်ခြာ စီပြန်သွားတော့ တစ်ယောက်တစ်ခွန်းစကားများကြရင်း ပြသနာတက်ကြတာဖြစ်မည်။
စည်းခြားအနေဖြင့် ထိုသို့သတိလွတ်သည်အထိ စိတ်မတိုဖူးသည်မှာကြာနေပြီဖြစ်၍ အခုကိစ္စသည် တော်တော်လေးအခြေအနေဆိုးကာ စည်းခြား ၏ ကွယ်ပြောက်နေသော စိတ်အားနိုးစွပေးလိုက်ဟန်ရှိသည်။
YOU ARE READING
Bhone Khan Siee Khaar(ongoing)(Complete ပြီးသားပြန်တင်)
Romanceစိတ်ကူးယဉ်သက်သက်တစ်ခုသာဖြစ်ပါတယ်ဗျ။ Completed ပြီးသားFic ပါ ပြန်တင်တာပါဗျ။❗ Yu Ya Chi