Unicodeနှစ်ဖက်မိဘတွေနှင့်အတူ5 Star hotelမွာ မနက္စာ စားရန်ခိျန်းဆိုပြီးကြသည်နှင့်ရှေ့ဆင့်နောက်ဆင့်ကိုယ့်ကားနှင့်ကိုသွားလိုက်ကြသည်။
ကွန်ဒိုတစ်ခန်းထဲနေကြမှန်းသိကြသော်လဲရှေ့ဆင့်နောက်ဆင့်ကိုယ့်ကားကိုစီဖြင့်ရောက်လာသောဂျစ်ကန်ကန်နှစ်ယောက်ကိုရောက်နှင့်နေသောနှစ်ဖက်မိဘတွေကမည်သို့မှမပြော။
လက်ထပ်ထိန်းများခြင်းက တစ်ခြားသူတွေလိုချစ်ကြိုက်၍သဘာဝကိုဆန့်ကျင်ကာ လက်ထပ်ကြသည်မဟုတ်ပဲ မချစ်မနှစ်သက်ပဲ ယောက်ျားမာနတွေပြိုင်ဆိုင်မှုကြောင့်သဘာဝကိုဆန့်ကျင်ကာ စတန့်ထွင်၍ လက်ထပ်ကျခြင်းဖြစ်သည်။
တစ်ခြားသူတွေသာ ဒီကိစ္စကိုသိပါက အကြီးအကျယ်ပင်လျော့ရကြပေမည်။မာနတွေကြောင့်မချစ်မနှစ်သက်တဲ့သူကိုလက်ထပ်လိုက်သည် ဟူသည်က ခေါင်းစဉ်နှင့်လွဲမှားနေသည်ဟုသတိပြုနိုင်ပေမည်။
ဖြစ်ပျက်ထားသည့်အကြောင်းအရာတွေအား နားလည်ထားသောမိသားစုနှစ်ဖက် လုံးက သားနှစ်ယောက်အား အဆင်ပြေအောင်ငြှိနှိုင်းပေးရုံမှလွဲ၍ ရွေးချယ်စရာမရှိ။
"မခေါ်နိုင်ဘူး"
"မလိုက္ဘူး"
"........."VIP roomဖြစ်နေ၍သာတော်တော့သည် နှစ်ဖက်မိဘ၏စကားအဆုံး ပြိုင်တူပြန်ဖြေလိုက်သည့် အဖြေက တော်တော်လေးကသိကအောက်ဖြစ်သည်။
ခက်ခြာအတွက်တော့ မား တို့ဆုံးဖြတ်ချက်အားကြားပြီးသည်နှင့်ပထမဆုံးနှင့်နောက်ဆုံး အကြိမ် ကိုယ်ပိုင်အိမ်မဝယ်ထားမိခြင်းကိုစိတ်ပျက်မိခြင်းဖြစ်သည်။
ကုမ္ပဏီနဲ့အားလပ်ခိျန်ပင်မရှိသောကြောင့် အိမ်ကိုသိပ်မပြန်ဖြစ်။ကုမ္ပဏီမှာသာအနေများသည်။
ထို့ကြောင့်အခုလက်ရှိနေ နေသောကွန်ဒိုကိုသာလျှင် ခက်ခြာပိုင်ဆိုင်ထား၍ အိမ်ဟုပြောလိုက်တာနဲ့ မိဘအိမ်ကလွဲရင် မရှိသေး။မဝယ်နိုင်၍မဟုတ်ပဲ မလုပ်ဖြစ်သေးတာဆိုပိုမှန်မည်။ခြံကျယ်ကျယ်နှင့်အိမ်ကြီးမှ အိမ်မဟုတ် အမြင့်ဆုံးဈေးဖြင့်ပေးဝယ်ထားတဲ့ကွန်ဒိုခန်းကလည်း ခက်ခြာအတွက်အိမ်ပင်ဖြစ်သည်။
YOU ARE READING
Bhone Khan Siee Khaar(ongoing)(Complete ပြီးသားပြန်တင်)
Romansaစိတ်ကူးယဉ်သက်သက်တစ်ခုသာဖြစ်ပါတယ်ဗျ။ Completed ပြီးသားFic ပါ ပြန်တင်တာပါဗျ။❗ Yu Ya Chi