ခက်ခြာကိုယ်လုံးအားကုတင်ပေါ်ကိုပစ်တင်လိုက်ပြီးအပေါ်မှအုပ်မိုးလာသူကြောင့်ရုန်ရင်းဆန်ခတ်ဖြစ်ကာ တွန်းထုတ်ရင်းခက်ခြာအော်လိုက်မိသည်။
" ငါ့အသားကိုမထိနဲ့"
အဟက်!!
စည်းခြားကရယ်သည်။ခက်ခြာလက်တွေကို လက်ဖဝါးကြီးကြီးတွေဖြင့်ဖမ်းချုပ်ထားလိုက်ပြီး ကိုယ်ကို ကိုင်းကာ နှုတ်ခမ်းလေးကိုငုံနမ်းလိုက်သည်။
ပြွတ်!!
အောက်ဆီဂျင်ပြတ်သည်အထိ ခပ်ကြမ်းကြမ်းအနမ်းပေးလိုက်ပြီးနောက် နှုတ်ခမ်းလေးကိုလွတ်ပေးလိုက်သည်။
" မင်းပြောတော့အွတ်!အ!"
လေပင်ဝဝ လင်လင်မရှုရှိုက်လိုက်ရတစ်ဖန်ထပ်နမ်းလာသောဘုန်းကံစည်းခြားကြောင့် ခက်ခြာ ပြောလက်စ စကားတွေက တိုးလိုးတန်းလန်း။
နှုတ်ခမ်းလေးအားလွတ်ပေးလိုက်သော်လဲစည်းခြားအနေဖြင့် ရတုခက်ခြာဆိုသည့် ထိုလူအားလွတ်ပေးဖို့စိတ်ကူးမရှိ။လက်တစ်ဖက်မှ ရတုခက်ခြာလက်တွေအားဖမ်းချုပ်ထားသဖြင့် ကျန်လက်တစ်ဖက်ဖြင့် မျက်နှာကိုဆွဲမော့ကာ မျက်ဝန်းတွေအား စည်းခြားကို စိုက်ကြည့်စေသည်။
"ပြောပါအုံး ကျုပ်ပြောတဲ့အချက်တွေထဲက မချိုးဖောက်လိုက်မိတဲ့အချက်လေး"
ခက်ခြာ သူ့လက်တွေကြားမှ ရုန်းကြည့်မိသည်။ရုန်းမရသည့်အဆုံးလေကိုခပ်ပြင်းပြင်းရှုကာ မောနေသည့်ကြားမှစည်းခြားကိုစိုက်ကြည့်မိသည်။
"ငါ့အမှားမဟုတ်ဘူး"
ပြွတ်!
"အမှားမဟုတ်ဘူး"ဟုထပ်ပြောရဲသောနှုတ်ခမ်းလေးအား အပြစ်ပေးသည့်သဘောဖြင့်ငုံ့နမ်းလိုက်သည်။
"ဒါဆိုဘယ်သူမှားတာလဲ"
"မင်းလေ"
မတုန့်မဆိုင်းပြန်ဖြေသော စကားလုံးကြောင့် စည်းခြားက ရယ်သည်။သူမှားတာတဲ့။ဘာအမှားလုပ်လို့လဲ။
ဒီလောက်တိုပြတ်နေတာဝတ်မှတော့လူကြည့်ခံရမယ် သူများတွေရဲ့အာရုံထဲမှာ ထင်းနေအောင်ပေါ်နေမယ် ဒါကိုသူကခွင့်ပြုပေးရမှာလား။မဖြစ်နိုင်တာ။
YOU ARE READING
Bhone Khan Siee Khaar(ongoing)(Complete ပြီးသားပြန်တင်)
Roman d'amourစိတ်ကူးယဉ်သက်သက်တစ်ခုသာဖြစ်ပါတယ်ဗျ။ Completed ပြီးသားFic ပါ ပြန်တင်တာပါဗျ။❗ Yu Ya Chi