တစ်စုံတစ်ယောက်ကမိမိအားလှုပ်နိုးနေသည်ဟုခံစားမိသည်နှင့် မျက်ဝန်းတွေကိုအားယူကာဖွင့်လိုက်မိသည်။အသိစိတ်ရသည်နှင့်တစ်ပြိုင်နက် အချည်းအနှင်းဝင်ရောက်လာသောနာကျင်မှုတွေကြောင့် ကျစ်!! ခနဲ စုတ်သတ်လိုက်ပြီး မျက်ဝန်းတွေကိုရအောင်ဖွင့်ကြည့်လိုက်မိသည်။ထိုအခါ....
"ကျုပ်နိုးနေတာ ကြာနေပြီ ။ခင်ဗျားအိပ်နေတာခေါ်မကြားအော်မကြား။"
မျက်ဝန်းတွေဖွင့်ပြီးခြင်းမြင်လိုက်ရသည့်မျက်နှာနှင့် မကျေမခြမ်းရေရွက်သံကြောင့်မျက်မှောင်ကြုံ့လိုက်မိသည်။ကိုယ့်ဟာနှင့်ကို ဘာတွေဖြစ်သွားလဲဟု တွေးချိန်တောင်မရသေးတစ်ပါးသူ၏ပစ်ပစ်ခါခါပြောသံကြောင့်မလှုပ်ချင်သည့်ကြားကနေ ဒေါသထွက်လိုက်ရသေးသည်။
အနှေးနှင့်အမြန် အကြောင်းအရာတွေအားစူးစမ်းကြည့်ပြီးသည်နှင့် တရိပ်ရိပ် မြင်နေရသော ပုံရိပ်တွေကြောင့် ဖွင့်ထားသောမျက်ဝန်းတွေအားတဖန်မှိတ်ချလိုက်သည်။
တကယ်ကြီး အားးး!!
"ဟ...ပြန်မအိပ်နဲ့။ မိုးလင်းနေပြီ ထတော့"
"ငါလိုးမသား"
မိမိဘေးနားဖုန်းတစ်လုံးဖြင့် ဆူညံပူညံလုပ်နေသူအားနာနေသည့်ကြားကနေ ခြေတံသွယ်သွယ်ဖြင့် အားယူကာ ကန်ချလိုက်သည်။အလိုက်ကန်းစိုးကိုမသိဘူးဒီကောင်!!
စည်းခြားကကုတင်ပေါ်တစ်ခြမ်းသာဝင်ထိုင်ပြီး အိပ်နေသူအားနိုးကာ ဖုန်းကြည့်နေမိတာဖြစ်သည်။သူသောင်းကျန်းထား၍ အားကုန်နေပြီဟု မှတ်ယူထားသောသူက မပြောမဆိုအမှတ်တမဲ့ကန်ချလိုက်၍လျော့တိလျော့ရွဲထိုင်နေမိတဲ့သူ့အပြစ်ကြောင့် ဖုန်းကြည့်ရင်း ကုတင်အောင် ဒူးထောက်ကျသွားရသည်။
သတိဝင်သည်နှင့် အားနေသောလက်တစ်ဖက်ဖြင့် အလျှင်အမြန်အရှိန်ထိန်းမှုကြောင့် ကြမ်းပြင်ပေါ် ထောက်ထားမိတဲ့လက်က စပ်ဖြင်းဖြင်းဖြစ်သွားရသည်။
"အ!ခင်ဗျား"
ကန်ချက်တစ်ခုအားပေးနိုင်သည်အထိ အားကျန်နေသေးသော ကုတင်ပေါ်ရှိ ထိုတစ်ယောက်အား စူးရဲစွာစိုက်ကြည့်လိုက်မိသည်။
YOU ARE READING
Bhone Khan Siee Khaar(ongoing)(Complete ပြီးသားပြန်တင်)
Romanceစိတ်ကူးယဉ်သက်သက်တစ်ခုသာဖြစ်ပါတယ်ဗျ။ Completed ပြီးသားFic ပါ ပြန်တင်တာပါဗျ။❗ Yu Ya Chi