Unicode
"အော်! သားထယ် လာလေ...ဒါနဲ့ သားငယ်လေး မုဒြာမပါဘူးလား ""မုဒြာက ဈေးဝယ်ဖို့ ကျန်ခဲ့တယ်"
"အော်.... ဒါနဲ့ သားက ဒီကို ဘာကိစ္စရှိလို့လည်း"
" မုဒြာအကြောင်း သိချင်လို့ပါ "
" ထင်ပါတယ် ဘာလို့လည်း သူက သားကို စကားမပြောဘူးလား"
" မဟုတ်ပါဘူး သူက ဖော်ဖော်ရွေရွေပါပဲ နည်းနည်းထူးဆန်းလို့ပါ"
" သူက အဲ့အတိုင်းပဲ အေးတိအေးစက်နိုင်တယ် "
" မဟုတ်ဘူး သူ့နာမည်! သူ့ကို ကျွန်တော်က
Jeon Jungkook လို့ခေါ်တော့ သူကမကြိုက်ဘူးတဲ့
ကုမုဒြာ တဲ့""အော်! အဲ့ဒါက ပြောရရင် ရှည်တယ်ကွဲ့ အန်တီတို့ မိသားစုမှာ အဲ့လိုမျိုး 3ယောက်ရှိတယ် "
" ဗျာ ...."
" ကုမုဒြာ... ဥမ္မာဒေဝီ...ဒန္တီမူရာ ဆိုပြီးတော့လေ "
" ဗျာ... ကျွန်တော်တော့ နားမလည်တော့ဘူး "
" အရင်ဆုံး မင်းသိချင်တဲ့ ကုမုဒြာအကြာင်းပြောပြမယ်လေ"
" ဟုတ်ကဲ့ အန်တီ "
" သူ့အသက် 5နှစ်ပြည့်မွေးနေ့မှာ အန်တီတို့က ဘုရားကျောင်းသွားခဲ့တယ် မင်းသိတဲ့အတိုင်း အန်တီတို့က ဗုဒ္ဓဘာသာလေ.... အဲ့တော့ကိုယ်နဲ့ဆိုင်တဲ့ ဘုရားတစ်ဆူကိုသွားခဲ့ကြတယ်! အဲ့မှာ ဘုရားကျောင်းကြီး(ဘုန်းကြီးကျောင်း)လည်းရှိတယ်လေ.. ထမင်းဟင်းတွေ ချက်ပြီး ချိုင့်နဲ့ထည့်သွားတယ်... သားငယ်လေးကလဲ လိုက်လာတယ် .........
ဘုရားဖူးပြီး နေရာအနှံ့လျှောက်ရင်း ... ပဒုမ္မာကြာကန်နားကိုရောက်တော့ ရေအလယ်မှာ ကြာဖူးကြီးတစ်ခုကို သားငယ်ကတွေ့သွားတယ်...."
YOU ARE READING
~မခူးထိုက်သော ရွှေကြာငယ်~(Complete)
Fanfiction"စိတ်ချလုံခြုံစေတဲ့ နားခိုရာလေးတစ်ခု ငါ့ကိုပေးပါ" #vely_hsu Starting date- 2.4.2023 Ending date-5.5.2024