အပိုင်း(၁၉)U+Z

1.1K 86 12
                                    

~ပြတ်တောက်နေပါသော အနာများနဲ့~
~ကြိုးစလေးကို ကုထုံးရင်း ပြန်လည်၍~
~ချည်နှောင်မည်။~

Unicode

အဖြူရောင်စတိုင်လ်လက်ရှည်လေးဝတ်ကာ
ခြံထဲသို့ထွက်လာတော့ လူနှစ်ယောက်ကို
တွေ့ရပါလေသည်။

မူရာ နဲ့ မင်ယောင်း~~~

"မုဒြာ!!"

"မုဒြာမရှိဘူးဗျာ့ သေသွားပြီ"

"ဟမ်!ဒါဆို မင်းက"

"jeon Jungkook ပါ"

"နောက်တတ်လိုက်တာဟယ်"

"Kookie... ကိုယ် မင်းကိုပြောစရာရှိလို့ပါ
ခဏနားထောင်ပေးပါနော်"

"Sorry ဗျ အချိန်မရှိလို့"

"ငါ တောင်းပန်ပါတယ် မုဒြာ!!အို ဂျောင်ဂု"

"ဘာအတွက်လည်း"

"အရာအားလုံးအတွက်ပါ"

"ဘယ်လို!!"

"ငါ ထယ်ယောင်းကို နင့်ဆီကလုယူခဲ့မိတာကိုပါ။
ငါမရည်ရွယ်ပါဘူး"

"ရတယ် မလိုဘူး"

"သေသေချာချာနားထောင်ပါဦးဟယ်"

"မလိုဘူးလို့ပြောနေတယ်လေ"

"Kookie ကိုယ်တို့အကြံစည်တွေကြောင့်
မင်းတို့ဝေးခဲ့ရတာပါ!!ကွာရှင်းစာချူပ်က"

"ဘာဖြစ်လည်း ကွာရှင်းစာချုပ်က!!"

"ငါတို့စီစဉ်ခဲ့တာပါ။ထယ်ယောင်းမဟုတ်ဘူး
ထယ်ယောင်းကမင်းကိုမကွာရှင်းခဲ့ဘူး"

"ဘာ!!!!ဘာတွေပြောနေတာလည်း"

"ဟုတ်တယ်!မမတို့အကြံစည်တွေပါ။
ကွာရှင်းစာချုပ်အတုတွေလုပ်ပြီးမင်းတို့ကို
ဝေးအောင်လုပ်ခဲ့တာပါ"

"ဟုတ်ပါတယ်။ထယ်ယောင်းကိုလည်း မင်း
လက်မှတ်ပြပြီး မင်းလက်ရေးအတုလုပ်ပြီးတော့
ငါထယ်ယောင်းကိုစာပေးခဲ့တာပါ။"

"နောက်ပြီး မမရခဲ့တဲ့ကိုယ်ဝန်က ထယ်ယောင်း
ရဲ့ သွေးသားမဟုတ်ဘူး။မမရဲ့ငယ်ရည်းစား
တခြားသူနဲ့ပါ။မမအဲ့နေ့က အိပ်ခဲ့ပေမဲ့
သူမမကိုဘာမှမလုပ်ခဲ့ဘူး။ဆေးခတ်တာမှန်ပေမဲ့
သူ မမကို အခန်းထဲကထုတ်ပြီး တစ်ယောက်ထဲ
ကြိတ်ခံနေတာပါ။အဲ့ဒါကို မမက သူအိပ်သွားတော့
သူ့ဘေးနားဝင်ပြီး အိပ်မိရုံပါ။"

   ~မခူးထိုက်သော ရွှေကြာငယ်~(Complete)Where stories live. Discover now