အပိုင်း(၆)U+Z

3.9K 248 23
                                    

Unicode
ဒီလိုနဲ့ နေ့ရက်တွေ ဖြတ်သန်းလာတာ သူတို့ရဲ့ Anni Versityဟာ 3လပြည့်တော့ .... မုဒြာနဲ့မောင်ဟာ အရင်ကထက်ရင်းနှီးလာကြပြီး မုဒြာလေးဟာလည်း လူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်လာတယ်။

ဒီနေ့တော့ Sunday ဖြစ်သလို Anni3လ ရော ...
September 1ရက်နေ့ဖြစ်တဲ့ မုဒြာငယ်လေးရဲ့ အသက်20ပြည့်နှစ် ဖြစ်သည်။

မနက်8နာရီမှာ အမေနဲ့အမရယ် ဘူဆန်က အဒေါ်နဲ့ အဒေါ့်သမီး
ကျွန်တော့် တဝမ်းကွဲအမ တို့က ဆိုးလ်းကို တက်လာတယ်။သူတို့တွေက ရောက်တာနဲ့ ချက်ပြုတ်ကြပြီး မုဒြာငယ်ငယ်ကသွားခဲ့တဲ့ဘုရားကျောင်း သွားကြလေသည်။

ကျန်ခဲ့တဲ့ မောင်နဲ့ မောင့်အဖေရယ် မောင့်သူငယ်ချင်းတွေဟာမုဒြာအတွက် surpriseတစ်ခုပြင်ဆင်နေလေသည်!!

"omma.."

"ပြောလေ သားငယ်"

"appaက မလာဘူးလား ဟင်!"

"အော်! appaက မအားလို့နေမှာပါ"

"မောင်လေးရယ် appaက မမတို့အတွက် ပိုက်ဆံရှာနေတာလေ"

"ဟုတ်ကဲ့ မမ!!"

"ဒေါ်ဒေါ်"

"မုဒြာလေးတောင် အသက်20ပြည့်သွားပြီ...ဒေါ့်ဒေါ့်အာဂူးလေ
ငယ်ငယ်ထဲက အဖေမရှိဘဲ ဒေါ်ဒေါ်တို့လက်ထဲမှာ ကြီးလာတာ"

"မုဒြာ!!!"

"မမ မူရာ"

" မင်းယောကျာ်းက မင်းကိုတော်တော်မှ ချစ်ရဲ့လား"

"ချစ်ရယ်လို့တော့ ဘယ်ဟုတ်ပါ့မလည်း! တော်တော်တော့
ဂရုစိုက်ပါတယ်"

"အေးပေါ့! မင်းက သူ့ကိုသာယာမှုပေးနိုင်တဲ့ မိန်းမမှ မဟုတ်တာ"

"သမီး မူရာ"

အားလုံးရဲ့ အကြည့်တွေက မူရာ့အပေါ် ကျရောက်သွားကြသည်!
မုဒြာက လွဲရင်ပေါ့''''

" အင်း! မိန်းမမဟုတ်ပေမဲ့ အိမ်ရှင်မကောင်း ဖြစ်အောင်တော့ ကြိုးစားနေပါတယ်! ပြန်ရအောင် omma !! ဘုရားလဲ ကန်တော့ပြီးပြီ သားလည်း နားချင်ပြီ"

"အေး! သားလေး"

သူတို့လမ်းလျှောက်လာကြတာ ပဒုမ္မာကြာကန်ကြီး ရှေံဖြစ်သည့်အတွက် မုဒြာက ထိုင်ပြီး ရေတွေကို လက်နဲ့ ကစားနေရာက ရုတ်တရက်ကုန်းထလိုက်တော့ မူးဝေ‌သွားတဲ့ ခေါင်း....

   ~မခူးထိုက်သော ရွှေကြာငယ်~(Complete)Where stories live. Discover now