အပိုင်း(၁၃)U+Z

1.2K 78 9
                                    

Unicode
ဆောင်းတွင်းအငွေ့အသက်တွေရနေရပြီ။
အေးသထက်လည်းအေးလာပြီ။
မြူတွေလည်းပိုပိုအုပ်ဆိုင်းလာပြီ။
မြက်ခင်းစိမ်းတွေလည်းအဖြူရောင်သန်းလို့လာလေပြီ။
ခိုက်ခိုက်တုန်ချမ်းလာတော့မည့်ရာသီမှာ မုဒြာတစ်ယောက်
နွေးထွေးရန် ခိုလှုံစရာ ရင်ခွင် မရှိပေ။

" ရာသီဥတုကအရမ်းအေးလာပြီ မောင်...
မုဒြာ မောင့်အနားမှာမရှိတဲ့အတွက် မောင့်ကို
ဂရုမစိုက်ပေးနိုင်ဘူး။ နေကောင်းအောင်နေပါ။
တစ်ခါတစ်လေကျတော့လည်း မောင့်ကို
တမ်းတမ်းတတ လွမ်းမိပါတယ်။"

ကြာပန်းပုံစံလည်ဆွဲလေးကို စောင့်နေတာလား?
မောင့်အခေါ်ကိုစောင့်နေရတာလား?
မကွဲပြားတော့ဘူး...သေချာတာတော့
မောင် မုဒြာကို ရှာတွေ့နိုင်မည့်နေ့ကိုတော့
မုဒြာ စိတ်ပါလက်ပါစောင့်စားနေတာကတော့
သေချာနေသည်။

"kookie...."

မုဒြာ အိမ်ထဲဝင်ရန် ပြင်ဆင်ချိန်လေးတွင် သူ့နောက်ကျောက
အသံနက်ကြီးဟာ ထွက်ဆိုလို့လာတယ်။ မုဒြာသေချာသိနေတာ
က ဒါသည် မောင်မဟုတ်ဘူးဆိုတာပဲ!
မုဒြာလှည့်ကြည့်လိုက်ပါသည်။အင်း သေချာနေတာပဲ

"Kim Min young!!!!"

"မှတ်မိသားပဲ kookie က"

"ခင်ဗျား ဒီကို ဘာလာလုပ်တာလည်း"

"စိတ်အေးအေးထားပေးပြီး နားထောင်ပေးပါနော်။"

"အင်း ပြောပါ။နားထောင်နေပါတယ်"

"Taehyung က ဒီက kookie ကို ဒါပေးခိုင်း
လိုက်လို့ပါ"

"ဗျာ!!!ပေးခိုင်းလိုက်တယ်!!သူက ကျွန်တော်
ဒီမှာရှိတာကို ဘယ်လိုသိလည်း"

"သူသိတာကြာပြီတဲ့။ဒါပေမဲ့ သူ kookie ကို ပြန်မခေါ်
တော့ဘူးတဲ့ ဒါကြောင့် ဒီကွာရှင်းစာချုပ်ပေးခိုင်းလိုက်တာ"

"ကွာ....ကွာရှင်းစာချုပ်!!!!"

"ဟုတ်တယ် ဒီမှာ..."

မုဒြာလည်း မင်ယောင်းလက်ထဲက စာချုပ်လေးကို
ယူကြည့်လိုက်လေသည်။မောင့်လက်မှတ်ပါနေတာပဲ
သူ့လက်မှတ်တော့မပါသေးဘူး။ စာချုပ်အသစ်ထပ်
လုပ်ထားတာပဲ!!

"သူမပါလာဘူးလား"

"မပါဘူး kookie"

"သူဘာပြောလိုက်သေးလည်းဟင်"

   ~မခူးထိုက်သော ရွှေကြာငယ်~(Complete)Where stories live. Discover now