Unicode
" ဟာ! မင်းတို့ပါလား … လာလေ ဝင် "" အေး မင်းယောင်းပြောလို့လေ မုဒြာ သတိလစ်တယ်ဆိုလို့ "
" အေး! ဟုတ်တယ် "
" CEOအခု မုဒြာရော"
" ဟိုမှာလေ "
ဆိုကာ ထယ်လက်ညွှန်းရာကြည့်တော့ အမွှေစိန် ကားတွန်းလေးကို စိတ်ဝင်တစားကြည့်နေသော ကောင်လေးဟာ ပန်းရောင် ခေါင်းလေးသာပါသည့် ယုန်ရုပ်လေးကို ပိုက်ထားတာ ချစ်ဖို့အလွန်ကောင်းလှသည်။ မင်ယောင်းလည်း ထိုကောင်လေးနား ပြေးသွားကာ .... ဆိုဖာပေါ်ထိုင်နေသည့် မုဒြာနှင့်မထိုင်ပဲ ကြမ်းပြင်ပေါ်သာ ထိုင်ချလိုက်သည်။
ဒီအရုပ်လေးပါ👇
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
" မုဒြာ! ကျွန်တော် မုန့်တွေ ဝယ်လာတယ်! နေကောင်းရဲ့လား
ဘာဖြစ်နေသေးလည်းဟင်!"" မင်ယောင်း မင်းကAlphaဆို မုဒြာနားမကပ်ပါနဲ့"
" ကျွန်တော်က Beta ပါ"
"ဟမ်! ဒါဆို ငါတို့2ယောက်လည်း ဝေး"နေရမှာပေါ့"
ဆိုကာ ပြောလိုက်သော Min Yoongi နဲ့ Wang YiBo
ကျန်သော Jimin နဲ့ Xiao Zhan ကတော့ ပြုံးကာ" ကျွန်တော်တို့ကရတာပေါ့ omega နဲ့ Beta လေ"
ပြောပြီး မုဒြာအနားသို့ ရောက်သွားကြလေသော ကောင်လေး
2ယောက်နှင့် မင်ယောင်းတို့ကြောင့် မုဒြာလေးဟာ သူမမြင်ဖူးခဲ့သလို တစ်ခါမှလည်း မတွေ့ဖူးခဲ့တဲ့ အပြုံးချိုချိုလေး .… Mark ခဏချွတ်ထားတာကြောင့် အထင်းသားကြီးကို
Taehyung မြင်ခွင့်ရလိုက်သည်။သူပြုံးလိုက်ရင် ရီတာနဲ့ ဝေခွဲမရပေ။ ထင်းခနဲဆို မြင်လိုက်ရတာက အပြုံးမှာ ပါဝင်နေသောအချက်များစွာရှိနေသည်။
နှုတ်ခမ်းဘေးလေးတွေရဲ့ အပေါ်ဘက်တွင် အချိုင့်လေးနှစ်ဖက်ပါဝင်သလို နှုတ်ခမ်းအောက်ကဆွဲဆောင်နေပါသော မဲ့နက်လေးနှင့် ရုတ်တရက်ထွက်ပေါ်လာသော ယုန်သွားလေးနှစ်ချောင်းနှင့်
ကြည်လဲ့နေသော မျက်ဝန်းဝိုင်းလေးတွေဟာ အပြုံးပေါ်မူတည်ပြီးအနည်းငယ် မေးသွားသည်။ နတ်သားလေးလိုများလှသလား
မုဒြာ ကိုယ်မြင်ဖူးသမျှ အပြုံးတွေထဲမှာ ကိုယ့်ရင်ဘတ်ကြီးကို
*ဒုတ်!ဒုတ်!ဒုတ်!*မြည်အောင် မင်းဘဲပြုံးနိုင်သလား!!
ကိုယ့်အမေပြုံးရင်တောင် ကြည့်နူးနေတာပဲရှိတာ မင်းနဲ့ကျမှ
ရင်ဘတ်ကြီးကပါ။ မင်းက ဆွဲငင်အားပြင်းတဲ့ သံလိုက်တစ်ခုလား??
![](https://img.wattpad.com/cover/338418718-288-k278175.jpg)
YOU ARE READING
~မခူးထိုက်သော ရွှေကြာငယ်~(Complete)
Fanfic"စိတ်ချလုံခြုံစေတဲ့ နားခိုရာလေးတစ်ခု ငါ့ကိုပေးပါ" #vely_hsu Starting date- 2.4.2023 Ending date-5.5.2024