သူငယ်ချင်းဖြစ်တဲ့ ရီရီအိမ်လာရင်းကနေ ရီရီတို့ရပ်ကွက်ထိပ်က ပိတောက်ပန်းပင်ကြီးမှာဝါထိန်နေအောင်ပွင့်နေသည့် ပန်းတွေ ။လှိုင်းတို့ရပ်ကွက်မှာတော့ပိတောက်တွေမပွင့်သေး ။
ထိုအပင်အောက်မှာ အုံနေသည့်ကလေးတစ်သိုက်နား လှိုင်းအသာသွားမိသည် ။သွားရခြင်းအကြောင်းအရင်းကတော့ အပင်ကိုမော့ကြည့်ရင်း ကလေးတွေလက်ထဲကဝါဝါပိတောက်ပန်းကိုင်းတွေကြောင့်ပါ ။
"ဟိတ် ကလေးတို့ မမကိုပန်းလေးနည်းနည်းလောက်ပေးလို့ရမလားဟင် "
အပင်အောက်မှာက ၇နှစ်၈နှစ်အရွယ်ကောင်လေးတွေ ၅ယောက်လောက်ရှိသည် ။လှိုင်းပြောတော့ အပင်ပေါ်ကိုကြည့်နေရာမှ အားလုံးအကြည့်တွေကလှိုင်းဆီရောက်လာ၏ ။ကလေးတွေအကုန်လုံးက ကောင်းကောင်းမွန်မွန်ဝတ်စားထားသည်ကြောင့် ဒီရပ်ကွပ်ထဲကလူချမ်းသာအိမ်ကကလေးတွေသာဖြစ်နိူင်သည် ။
"အ်ို "
လှိုင်းပေါ်ကျလာသည့် ပိတောက်ပန်းပွင့်အကြွေလေးတွေ ။ယခင်ထဲက လှိုင်းကပိတောက်ပန်းအားချစ်တက်၍ ပိတောက်မြင်လျှင်မနေနိူင် ။အခုလိုကိုယ်ပေါ်ကို အပွင့်သေးသေးလေးတွေ တဖြုတ်ဖြုတ်ကြွေနေတော့ လှိုင်းသဘောတကျပြုံးရင်း အပေါ်ကိုမော့ကြည့်မိသည် ။
"အမလေး! "
မြင်ကွင်းထဲမှာ အပင်ပေါ်ကကြွေကျနေတဲ့ပိတောက်ပွင့်တွေအပြင် ဖြူဖြူအရိပ်လေးအားတွေ့ရ၍ လှိုင်းရင်ဘတ်လေးအားဖိ၍အော်မိသည် ။မအော်လို့ရမည်လား ထိုအရိပ်က အပင်ပေါ်ကနေဖြတ်ခနဲ့ခုန်ချလာတာ လှိုင်းရှေ့ကို ။
"လန့်သွားတာလား အတာတောင်းပန်ပါတယ် "
ဂုတ်ဝဲကေလေးက နားရွတ်နားလောက်လေးမှာပဲ ။ရှေ့ကဆံပင်တွေကိုအပြောင်သိမ်းပြီး ကြက်တောင်စည်းထားသည် ။မျက်နှာကဝိုင်းသည်လည်းမဟုတ် ချွန်သည်လည်းမဟုတ်ပေမဲ့ မျက်နှာကျပုံဟာ ကြည့်ကောင်း၏ ။နှာတံရှည်သည်က ဖြတ်ခနဲ့ကြည့်တာတောင် မျက်နှာမှာထင်းနေ၏ ။လှိုင်းထက်အတော်ငယ်အုံးမည် ။အခုမှအထက်တန်းအရွယ်လောက်သာရှိအုံးမည့် ကြက်တောင်စည်းနှင့်ကောင်မလေး ။

YOU ARE READING
အတာ့ရင်ခုန်သံ လှိုင်း
Romanceနွေဦးမှာ အတာဆီက မေတ္တာတွေရောယှက်ပါဝင်နေတဲ့ အဝါရောင်ပန်းတွေကိုလက်ခံသွားတာ ။