"အန်တီ ဒီထဲဆားနည်းနည်းထည့်မှအဆင်ပြေမယ်ထင်တယ် "
"အေးအေး ။သမီးလှိုင်းအဆင်ပြေသလိုကြည့်လုပ်လိုက်ပါကွယ် ။အန်တီဒီကြက်သားအိုးလေးကို လွှတ်လို့မရလို့ "
"ဟုတ်ဟုတ် "
မနက်လေးနာရီထဲကထပြီး အန်တီရယ် ၊အိမ်ဖော်မလေးနှစ်ယောက်နှင့်လှိုင်းတို့ဆွမ်းကပ်ရန်နဲ့ ဧည့်သည်များကျွေးရန်ချက်ပြုတ်ရသည် ။ရီရီကတော့မချက်တက်ပေမဲ့ဝိုင်းကူရုံသာ ။
"မိရီရီ ညည်းအဲ့ဒီမုန်လာထုပ်ထိုင်လှီးတာပြီးပါ့အုံးမလား "
ကာတွန်းရုပ်ပါသည့်ညဝတ်အင်္ကျီဝမ်းဆက်နှင့်ဆံပင်တွေကဖြစ်သလိုစုစည်းထားပြီး ထမင်းစားထိုင်ခုံပေါ်အကျအနထိုင်၍မုန်လာထုပ်ကိုလှီးနေတာက အတော်ကိုကြာနေပါပြီ ။
"မာမီကလည်း မာမီပဲသေးသေးလေးတွေဖြစ်အောင်လှီးဆို ။အဲ့ဒါကြောင့် "
"ဟဲ့ ။အဲ့လောက်ကြီးထိ မသေးလည်းရတယ်လေ "
မနက်စောစောတည်းကတကျက်ကျက်ဖြစ်နေတဲ့ရီရီတို့သားအမိကိုကြည့်ရင်း လှိုင်းပြုံးမိသည် ။
ရင်းနှီးပြီးသားမြင်ကွင်းမို့ လှိုင်းအတွက်တော့နေရမခက် ။ထို့နောက်တာဝန်ယူထားတဲ့အပိုင်းကိုပဲ ပြီးစီးအောင်လုပ်ရတော့သည် ။မနက်ဆွမ်းအမှီချက်ရမည်ပင် ။အားလုံးချက်ပြုတ်ပြင်ဆင်ပြီးတော့ မနက်၆နာရီခွဲပြီ ။၇နာရီမှာဆွမ်းကပ်ရမည်ကြောင့် စောစောထဲကမုန်လာထုပ်သာလာလှီးပေးပြီးအချိန်ကုန်သွားသည့်ရီရီကို ပြင်ဆင်ဖို့လွှတ်လိုက်နှင့်သည် ။
လှိုင်းလည်းရေချိုးရန် အပေါ်ထပ်တက်ရတော့သည် ။
"လှိုင်းခုမှရေချိုးမလို့လား "
"အင်းလေ "
"နာရီဝက်တော့လိုပါသေးတယ် ။မြန်မြန်ပြင်ခဲ့ဆွမ်းတူတူကပ်ရအောင်လို့ "
"ဟုတ်ပါပြီ "
မနေ့ကခေါင်းလျော်ထားသည်ကြောင့် ခေါင်းကတော့မလျော်ရတော့ရေကိုခပ်သွက်သွက်ချိုးရတော့သည် ။နွေရာသီပူစပ်စပ်မှာ မနက်ခင်းရေအေးအေးလေးနှင့်ချိုးလိုက်ရတော့လန်းဆန်းကာနေလို့ကောင်းသွားသည် ။
![](https://img.wattpad.com/cover/338780462-288-k474167.jpg)
YOU ARE READING
အတာ့ရင်ခုန်သံ လှိုင်း
Romanceနွေဦးမှာ အတာဆီက မေတ္တာတွေရောယှက်ပါဝင်နေတဲ့ အဝါရောင်ပန်းတွေကိုလက်ခံသွားတာ ။