အခန်း-၄

1.6K 117 1
                                    

"မ.အဖြေပေး "

မနေ့ကစဥ်စားပေးမယ်ပြောလိုက်တာနဲ့ ဒီနေ့ချက်ချင်းအဖြေလာတောင်းသည့် ကြက်တောင်စည်း ။ရီရီအိမ်ကမနက်စောစောပြန်ရောက်တာနှင့် အိမ်မှာမေမေအားချက်ပြုတ်တာကူပြီး ဆွမ်းကိုယူကာ ဥပုသ်စောင့်ဖို့ရပ်ကွက်ထဲကကျောင်းကိုအသွားမှာ စက်ဘီးတစ်စီးဖြင့်အဖြေလာတောင်းသည် ။

"မ.လို့ "

"တို့ ကျောင်းသွားမလို့လေ "

"သိတယ် ။အဲ့ဒါကြောင့် တရားမယူခင် အတာ့အချစ်တွေယူပြီးတော့ အဖြေပေး ။မဟုတ်ရင် ဒီနေ့တစ်နေ့လုံး ဥပုသ်သည်နားကို အတာကပ်လို့ရတော့မှာမဟုတ်ဘူး "

"မင်းတော့ ပေါက်တက်ကရတွေပြောနေ ငရဲကြီးတော့မှာပဲ ။အို..

ဆက်ခနဲ့ခါးအားဆွဲယူပြီး လမ်းနားကပိတောက်ပင်အကွယ်သို့ဆွဲခေါ်သွားသည် ။သူ့လက်တစ်ဖက်ကထိန်းလာတဲ့ဘီးကိုတော့ ဒီတိုင်းလမ်းပေါ်ပစ်ချထားခဲ့လိုက်တာ ကြမ်းတမ်းလိုက်တဲ့ကလေး ။လှိုင်းမှာဆွမ်းချိုင့်မမှောက်အောင် မနည်းထိန်းရသည် ။

"မနက်ဖြန် ​သင်္ကြန်အတက်နေ့ ။အတာ့မွေးနေ့ "

"သင်္ကြန်တွင်းမွေးတာလား "

"အင်း ။သင်္ကြန်အကျနေ့မွေးတာ ။ဒါပေမဲ့ အင်္ဂလိပ်လိုမှတ်တော့ မွေးနေ့ကဒီနှစ်မှသင်္ကြန်တွင်းကျတာပေမဲ့ အတက်နေ့ဖြစ်သွားရော "

နထင်းနားကဆံပင်တွေကိုနားကြားထဲညှပ်ပေးရင်းပြောတော့ လှိုင်းကိုယ်လေးအနည်းငယ်တုန်သွားသည် ။ပြောတာကိုငြိမ်ငြိမ်မပြောဘူး ။ခါးကိုဖက်ပြီးလည်းလူနားအတင်းတိုးလာသည် ။လှိုင်းမှာသာပျာနေရတာ ။

"မနက်ဖြန်မွေးနေ့မို့ မ.အတာ့ကိုအဖြေပေးနော် "

"တို့ တို့မချစ်ဘူး "

ပြွတ်စ့်!

"နွေအတာမောင်!
ဘာလုပ်တာလဲ အွန်း..

မချစ်ဘူးချည်ပြောနေတဲ့ မ.နှုတ်ခမ်းသားလေးတွေကို အတာစုပ်နမ်းပစ်သည် ။ခါးသိမ်သိမ်းလေးကိုဖျစ်ညစ်ရင်း မေးရိုးအားထိန်းကား အားနဲ့ကိုစုပ်နမ်းနေတာ ။မ.ကတော့ သူမဆွမ်းချိုင့်မမှောက်အောင်ထိန်းနေရတော့ အတာ့ဆီကသိပ်မရုန်းနိူင် ။

အတာ့ရင်ခုန်သံ လှိုင်းWhere stories live. Discover now