Part 9

525 85 4
                                    


[Zawgyi]

သွေးမျိုးနွယ်၏ အမျိုးသား ဇာတ်လိုက်ကဒီမှာ (အပိုင်း 7)

သူရဲ့နှုတ်ခမ်းပေါ်က အေးစက်နူးညံ့တဲ့ အထိအတွေ့ကို ခံစားလိုက်ရပြီး ကျိနင်သည် သူ့ကိုဟာရီနော့စ် နမ်းနေတာကို ရုတ်တရက် သိလိုက်ရတယ်။

သူ အံ့သြသွားပြီး ဟာရီနော့စ် ရဲ့ ရင်ဘတ်ကို ချက်ချင်း တွန်းထုတ်လိုက်တယ်။

နောက်ဆုံးမှာသူတို့သည် သွေးစုပ်ဖုတ်ကောင် ဝတ္ထုလောကတွင် အရင်က နမ်းဖူးခဲ့ကြပေမယ့် ဒီကမ္ဘာမှာတော့ သူတို့ဟာ ခင်မင်ရင်းနှီးမှုတစ်ခုသာ ရှိလို့ ဟာရီနော့စ်ဒီလိုလုပ်လိမ့်မယ်လို့မမျှော်လင့်ထားခဲ့မိဘူး။

သူသည် သဲသဲကွဲကွဲ ဆက်ဆံရေးမရှိသော သူငယ်ချင်းဖြစ်သောကြောင့်ဟာရီနော့စ် ကို ဤသို့ပြုလုပ်ရန် သူ ခွင့်မပြုနိုင်ပေ။

ထို့ကြောင့်ကျိနင်သည်ဟာရီနော့စ် ကို တွန်းထုတ်လိုက်ပြီး သူ့နှုတ်ခမ်းကို လက်ပြန်သုတ်ကာ မျက်မှောင်ကြုတ်၍ဒေါသတွေပြကာ "မင်းဘာလုပ်တာလဲ" ဟု အေးစက်စွာ မေးလိုက်သည်။

ကျိနင် ၏အမူအရာကိုမြင်လျှင် ဟာရီနော့စ်သိသိသာသာထိတ်လန့်သွားသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းကို တိုးတိုးလေးချ၍ မျက်လုံးကို ငုံ့ကာ "...တောင်းပန်ပါတယ်"

ကျိနင် သည် အေးစက်သောမျက်နှာဖြင့် မပျော်မရွှင်ဖြစ်နေပုံပေါ်သော်လည်း တကယ်တမ်းတွင်တော့ဟာရီနော့စ် သည် မနာလိုမှုကြောင့် တစ်စုံတစ်ခုလုပ်မည်ကို စိုးရိမ်နေရပြီး သဲလွန်စမရှိဘဲ “ အနာဂတ်မှာငါတို့ သူငယ်ချင်းဖြစ်နေတုန်းပဲ” ဆိုတာကို ဘယ်လိုသုံးရမလဲဆိုတာ တွေးနေပေမယ့် ဟာရီနော့စ်က သူ့ဆီကို သူ့လက်ကို ဆန့်တန်းနေတာကို တွေ့လိုက်ရပြီး ရုတ်တရက် မူးဝေသွားလေတယ်။

"ဒါပေမယ့် မင်းအခု နားမလည်သေးပါဘူး.....ကျိနင်"

"မင်းရဲ့အမှတ်တရဟောင်းတွေကို ပြန်မမှတ်မိစေချင်ဘူး"

…...ကျိနင် သည် သတိမေ့မြောရာမှ နိုးလာပြီး ကုချန်းနှင့် ဇာတ်ပို့မင်းသမီးတို့ ဝိုင်းရံကာ မြေပြင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရပြီး မင်းသမီးသည်လည်း ထိုင်နေကာ မောပန်းနွမ်းနယ်နေကာကုချန်း က သူတို့အနားတွင် ရပ်နေလေသည်။
ခဏလောက် ထိတ်လန့်သွားပြီးနောက် ကျိနင်သည် သရဲခြောက်သောအိမ်၏ မြေအောက်ခန်းတွင်ဖြစ်ကြောင်း ချက်ချင်းသိလိုက်ရပြီး ၎င်းတို့ သုံးဦးသည် ဆားစက်ဝိုင်းဖြင့် ဝန်းရံထားသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးနောက်လွတ်မြောက်ဖို့ကျရှုံးခြင်း(ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang