Unicode
ညနေခင်းအချိန် ပေကျင်းလမ်းမကြီးပေါ်မာ တရွေ့ရွေ့မောင်းနှင်လာတဲ့ အနက်ရောင်ကားတစ်စီး.........။
ထိုကားတစ်စီးပေါ်မာ 18နှစ်ရွယ် ကောင်လေးတစ်ယောက်က 23နှစ်အရွယ် သူ့အစ်ကိုဖြစ်သူကို လုပ်ချင်တာမလုပ်ရလို့ဆိုပြီး နှုတ်ခမ်း
ထော်ရင်း စိတ်ဆိုးနေသတဲ့။အစ်ကိုဖြစ်သူက ဘယ်လိုပဲချော့ချော့ ထိုကောင်ငယ်လေးက စိတ်ဆိုးမပြေပဲ အပြင်ဘက်ကို ငေးနေလျက်....။
ရှေ့ခန်းမာ မောင်းနေတဲ့ ဦးလေးက အပြင်ဘက်ကို ငေးကာပြုံးနေသော ကောင်လေးအပြုံးကို မြင်နေပေမယ့် သခင်လေးက ညီဖြစ်သူစိတ်ဆိုးပြေဖို့အတွက် ချော့နေတာမို့ မမြင်လိုက်
အစ်ကိုဖြစ်သူက တတွတ်တွတ်ချော့နေသလောက် ညီဖြစ်သူကလည်း စိတ်မဆိုးတော့ပဲနဲ့ စိတ်ဆိုးချင်ယောင်ဆောင်နေလျက်
"စိတ်ဆိုးပြေပါတော့ ဝမ်ငယ်ရာ မနက်ဖြန်ကော့တဖန်ပြန်လိုက်ပို့မယ် ဟုတ်ပြီလား စိတ်ဆိုးပြေတော့နော် "
ဟုတ်ပါတယ် သူလေးက အစ်ကိုဖြစ်သူဝမ်ကျိုးချန်ပါ
"ကော့ ကော့ တကယ်ပြောတာနော် "
ဒါလေးကျတော့ ချက်ချင်းကြီး သူ့ဘက်လည့်လာတယ်
"တာပေါ့ ဒါပေမယ့် နေ့ခင်းဘက်ကော့နဲ့ ကုမ္မဏီလိုက်ရမယ်နော် ညနေခင်း နေမပြင်းတော့တဲ့ အချိန်မှ ကော့လိုက်ပို့မယ် အခုကော့ကို စိတ်ဆိုးပြေပါတော့"
"ဟီး ဟုတ် ကော့ သားစိတ်မဆိုးတော့ဘူးနော်"
မျက်နှာလေးတလက်လက်နဲ့ အစ်ကိုဖြစ်သူရင်ခွင်ထဲတိုးဝင်လာတဲ့ အချွဲလေးကြောင့် ကျိုးချန်လည်း ပြုံးနေလျက်.......။
ပါးမားမရှိတော့တဲ့ နောက်ပိုင်း သူ့မာဒီညီလေးတစ်ယောက်ပဲ ရှိတာမို့ ညီဖြစ်သူမျက်နှာတစ်ချက်ပျက်ရင် ကျိုးချန်မနေတတ်တော့ဘူးးးးး
သူအလိုလိုက်မှန်းသိလို့လည်း အဆိုးလေးကဆိုးချင်သလိုဆိုးနေတာ
ဒီနေ့စိတ်ဆိုးရတဲ့ အကြောင်းက နေ့တစ်ဝက်
မာ ကျောင်းပြေးပြီး နေပူထဲ စကိတ်သွားစီးလို့ ကျိုးချန်နည်းနည်းဆူလိုက်တာ