Unicode
ထိုနေ့ကစလို့ ရိပေါ်က ရှောင်ကျန့်ဆီကို နေ့တိုင်းလိုလို ဖုန်းဆက်ဖြစ်တယ်။ဆက်တဲ့အကြောင်းကလည်း သူ့ကြောင့်ဒဏ်ရာရတာမို့
သူနာတယ် ဆေးလာလိမ်းပေး အဖော်လာလုပ်ပေးဆိုပြီး တစ်မျိုးပြီးတစ်မျိုးရစ်တယ်။ရှောင်ကျန့်ကိုတော့ နတ်သားလေးလို့ သူခေါ်တယ်။
အစကကြောင်ရပေမယ့် မျက်နှာပြောင်လွန်းတဲ့ ကောင်လေးကြောင့် ပြောမရတဲ့အဆုံး ရှောင်ကျန့်ကပဲ အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးအေးချမ်းတယ်ဆိုပြီး လွှတ်ထားလိုက်တာ (ကိုကိုနော် နန်းကလေးကို ဟွန့်😏)
"ဟေ့ နတ်သားလေး ထမင်းလာစားတာလား"
ရှောင်ကျန့်နဲ့ ရှင်းတို့နဲ့ ထမင်းစားနေချိန် ရုတ်တရက် သူ့ကိုခေါ်လာသော အသံကြောင့် သူသက်ပြင်းချမိတယ်
ဒီအသံက လည့်မကြည့်လည်း သူသိပ်သိတာပေါ့ (ကိုကိုနော် အခုကတည်းက အသံပါမှတ်ထားနေပြီ😁)
"နတ်သားလေးက မာနကြီးလိုက်တာ"
စိတ်မကောင်းသလိုပုံစံနဲ့ ဒီအရူးလေးကို ရှောင်ကျန့်ခေါက်ချင်ပြီလေ
"ဘာလာရှုပ်တာလဲ?"
"နတ်သားလေးနော် သူများက တွေ့လို့လာနှုတ်ဆက်ရုံကို"
"ကဲ့ပါ ကျန့်ကော့ရေ လာမောင်လေး မမတို့နဲ့လာထိုင်"
ရှင်းရှင်းကတော့ ထိုကောင်လေးကိုတွေ့လိုက်တာနဲ့ သူမရင်ထဲ လေပြင်းလာတိုက်သွားသလို
နှုတ်ခမ်းစူကာ ကျန့်ကော့ကို ချွဲနေတာကို မြင်ရပြန်တော့ သူမမာ အသဲတယားယားးးးးးး
သူမခေါ်လိုက်တော့ မျက်နှာလေးလက်လာပေမယ့် ကျန့်ကော့ကိုတော့ ကြောက်သေးတယ်ထင်
"ခေါ်လေ ကျန့်ကော့ "
"အင်း လာထိုင်"
ရှောင်ကျန့်စကားဆုံးတာနဲ့ ဟီးကနဲ့ရယ်ကာ ချက်ချင်းကြီး ရှောင်ကျန့်ဘေးနားရောက်လာတယ်
ဝူယန်ကတော့ ပြုံးနေရုံ....ပါလာတဲ့ ဟောက်ရွှမ်းက ရှင်းရှင်းနား ပြေးသွားထိုင်တာမို့ ရှင်းရှင်းကတော့ အပြုံးလေးနဲ့သာ ကြိုဆိုလိုက်တယ်