Part:6

259 14 1
                                    

Unicode

ရှောင်ကျန့် ဒီနေ့တစ်နေ့လုံး စိတ်နဲ့လူကမကပ်သလို သူဒီအိုးတစ်လုံးလုပ်တာကလည်း မနက်ကတည်းက အခုထိ တစ်ဝက်တောင်မကျိုးသေးဘူးးးး

စိတ်ကစုစည်းလို့မရတဲ့အခါ သူ့ရဲ့အိုးကလည်း ပြန်ပြန်ပြီး ပျက်နေတာမို့ စိတ်တိုတိုနဲ့ပဲ လက်ထဲက ရွံ့မြေတွေကို ဘန်းကနဲ့ ပစ်ပေါက်ပစ်လိုက်သည်။

မနေ့က သူရှင်းကို လက်ထပ်ဖို့ ခွင့်တောင်းတဲ့အခါ သူစိတ်တိုင်းကျအဖြေကို ပြန်မရခဲ့

( Flashback.......

"ကိုယ့် ကိုလက်ထပ်မလားရှင်း"

"ဘာ...."ရှင်းရှင်း တစ်ယောက် ရှောင်ကျန့်စကားကြားပြီး သူမ အံ့ဩပေါင်းမှုများစွာနဲ့

"ကို ရှင်းကို သဘောကျနေတယ်ဆိုတာ ရှင်းလည်း ရိပ်မိလောက်မာပါ "

"ကျန့်ကော့"

"ဒီကြားထဲ ရှင်းကိုဖွင့်မပြောဘူးဆိုလည်း ရှင်းကိုယ့်ကို ပြန်မကြိုက်မာစိုးလို့ ပြီးတော့ ရှင်း ကိုယ့်ကိုတစ်မျိုးထင်သွားမာလည်း ကြောက်နေလို့ ဒါပေမယ့် ဒီနေ့တော့ ကိုယ်စိတ်ထဲကနေပဲ ရှင်းကို တိတ်တိတ်ကလေး မချစ်သွားချင်တော့ဘူး ရှင်းကိုကိုယ့်ရဲ့ အိမ်ထောင်ဖက် အနေနဲ့ရှိစေချင်တာ အကြောင့်မို့ ရှင်းကိုယ့်ကို လက်ထပ်ပါလား?"

ပြောပြီးတာနဲ့ သူမရှေ့ ဒူးထောက်ထိုင်ချတဲ့ ကျန့်ကော့ကြောင့် ရှင်းရှင်းတစ်ယောက် အံ့ဩခြင်းနဲ့ ထပ်ပြီးတိတ်ဆိတ်နေမိတယ်

ဒီကြားထဲ သူမကျန့်ကော့ကို အစ်ကိုတစ်ယောက်လိုပဲ မြင်လာခဲ့တာ။ကျန့်ကော့ သူမကို ဂရုစိုက်တာသိပေမယ့် ဒီအတိုင်း သူမလည်း ညီမလိုပဲမို့ အများကြီး မတွေးခဲ့

"ရှင်း"

မျော်လင့်ချက် များစွာနဲ့ သူမကို မော့ကြည့်လာတဲ့ ကျန့်ကော့

ရှင်းရှင်းလည်း သက်ပြင်းချကာ ရှောင်ကျန့်ရှေ့ ဒူးထောက်ချလိုက်သည်။

"ရှင်း ဘာလုပ်တာလဲ ထ ထပါ"

"ကျန့်ကော့ ရှင်းကိုဒီအတိုင်းပဲ ပြောခွင့်ပေးးးးရှင်းအပေါ် အခုလိုမျိုးတွေးပေးလို့ ရှင်းတ
ကယ်ကျေးဇူးတင်ပါတယ်"

You've reached the end of published parts.

⏰ Last updated: Jun 23, 2023 ⏰

Add this story to your Library to get notified about new parts!

မောင့်ရဲ့နတ်သားလေးWhere stories live. Discover now