Part:4

167 20 8
                                    

Unicode

မနက်ခင်း အိပ်ယာကနိုးထတာနဲ့ မနေ့က သူ့နတ်သားလေးသူ့ကို ချီပြီး အိပ်ယာထဲပို့ပေးတာကို တွေးပြီး ရိပေါ်တစ်ယောက် နတ်သားလေး
ခေါ်သလိုမျိုး အရူးလေးလို ပြုံးနေမိတယ်။သူအိပ်ချင်ယောင်ဆောင်တာကို သူ့နတ်သားလေးက မသိရှာဘူး ဟိဟိ....။

"ကဲ့ နိူးပြီဆို ထပါတော့ဗျာ ဘာတွေပြုံးစိပြုံးစိဖြစ်နေတာတုန်း"

"ဟီးးကော့ကော့ သားကလေ....ခိခိ"

ကျိုးချန်ညီဖြစ်သူကိုကြည့်ပြီး ခေါင်းတခါခါ

"‌ကဲ့ဗျာ ပြောစရာရှိတာ မပြောပဲ ဘာလို့တခိခိရယ်နေတာတုန်း"

"ခိခိ သားကလေ ချစ်တတ်ပြီထင်တယ်"

"မနေ့က ပြန်ပို့ပေးတဲ့ ပိန်သေးသေးကောင်လေးဆိုပါတော့"

"အာ ဘာပိန်သေးသေးတုန်း ကော့နော် သူများနတ်သားလေးကို ဟွန့်😏"

"ဟီးးးးဒါနဲ့ ကော့ကဘယ်လိုလုပ်ပြီးသိတာလဲ?

"ကော့မာ ဟောဒီဝမ်ငယ်ပဲ ရှိတာလေ ဝမ်ငယ်အူထဲမာ ဘယ်လိုရှိလဲဆိုတာ ကော့အကုန်သိတယ်ဗျာ"

"ဟိဟိ ကော့ကအကောင်းဆုံးပဲ"

"ကဲ့ ထတော့ ထမင်းစားပြီး ကုမ္မဏီသွားရအောင်"

"ဟုတ် ကော့"

ကျိုးချန် ညီဖြစ်သူခေါင်းကို ဖွကာ အရင်အောက်ဆင်းလိုက်သည်။
.
ရှင်းရှင်းတစ်ယောက် Weiboပေါ်မာ Wang Yiboဆိုတဲ့ အကောက်ကို လိုက်ရှာနေမိတယ်

အောဟော် တွေ့ပါပြီ....အထဲမာ ဘာတွေတင်လဲ မကြည့်ခင် ရှင်းရှင်းတစ်ယောက် အရင်ဆုံး Following လုပ်လိုက်သည်။ပြီးမှ သူ့ရဲ့
ကလေး ဘာတွေတင်ပြီး ဘာတွေကြိုက်တတ်လဲဆိုတာ လိုက်ကြည့်နေရတာပေါ့

"ဘာတွေကြည့်နေတာလဲ ရှင်း"

"ဝမ်ရဲ့အကောက်လေ"

ကျိုးချန် ရှင်းစကားကြောင့် ကြောင်သွားတယ်။

"ရှင်းက ချစ်ရမယ့်သူရှိနေပြီလား?"

"အာ CEO...ဟို ဟို"

ရှင်းရှင်းတစ်ယောက် CEO လို့ မထင်တာမို့ ဝမ်လို့ပြောလိုက်တာ။ငါ့ကိုများ စိတ်ဆိုးသွားတော့မာလားမသိ

မောင့်ရဲ့နတ်သားလေးWhere stories live. Discover now