Unicode
ရှောင်ကျန့် သူ့အလုပ်ထိ လာရောက်သော အရူးလေးကြောင့် သက်ပြင်းချရပြန်သည်။
Wang Group က သားငယ်လေးမို့ သူ့အလုပ်နေရာကို ဘယ်လိုလုပ်ပြီးသိလဲဆိုတာ ရှောင်ကျန့် လေကုန်အောင်မေးမနေတော့ဘူး
"ဘာလာလုပ်တာလဲ"
"လွမ်းလို့ ဟီး"
"ဘာ!"
ဟောက်ရွှမ်းကတော့ သူ့ရှေ့ကလူက သူ့သူငယ်ချင်းမှ ဟုတ်ရဲ့လားဆိုပြီး ပါးစပ်အဟောင်းသားနဲ့ ငုတ်တုတ်မေ့နေလျက်
"လန့်လိုက်တာ ဖြည်းဖြည်းအော်ပါ နတ်သားလေးက ရုပ်လေးချောသလောက် အသံအောင်ချက်ကတော့ ဈေးထဲကအဒေါ်ကြီးတောင် အရှူံးပေးရတယ် ဟွန့်"
"ဘာ "ရှောင်ကျန့်သွေးတက်ပြီလေ ဒီစောက်ကလေးးးး
"ပြန်တော့"
"အဆို သားကိုချစ်တယ်ပြောလေ"
"ငါလုပ်လိုက်ရ"
ရှောင်ကျန့် စိတ်တိုလွန်းလို့ လက်နဲ့ရိုက်မိမလို့ ဖြစ်ရပါတယ်
လက်လေးနဲ့ ကာရင်း သူကြောက်နေတယ်ဆိုတဲ့ ပုံစံလေးကို မြင်ပြန်တော့ သူကပဲလွန်နေသူဖြစ်သလို
မျက်လုံးအိမ်လေးထဲမာ မျက်ရည်အပြည့်နဲ့ သူ့ကိုမော့ကြည့်လာတဲ့ သူလေးက မျက်တောင်တစ်ချက် ခတ်လိုက်တာနဲ့ မျက်ရည်ဘူးသီးက ရွာချလာသလိုမျိုးးးးး
ရိပေါ် အခုအချိန်ထိ လက်နဲ့ရွယ်ဖို့ မပြောနဲ့ ခက်ထန်သော စကားနဲ့မကြုံဖူးသေးတာမို့ လူကဝမ်းနည်းလာတယ်
ချစ်တာတော့ချစ်ပေမယ့် သူ့ကိုရိုက်မလို ဖြစ်ရတဲ့အထိတော့ သူစိတ်မကောင်းဖြစ်ရတယ်လေ
ဘေးကဟောက်ရွှမ်းကတော့ ရိပေါ်ကို ရရဲ့လားဆိုပြီး မေးလာတယ်
အခုလောဆယ်မာ ရိပေါ်အရမ်းငိုချင်တာမို့ ငိုချပစ်လိုက်သည်။
နတ်သားလေးက သူ့ကိုချော့မလားလို့ ထင်ပေမယ့်
သူ့ကိုကြည့်ပြီး ကျစ်သတ်လာတာမို့ ရိပေါ်ငိုသံလေး မြင့်လိုက်သည်။"ကော့ကော့ သားကို လာခေါ်ဦး ဒီမာ နတ်သားဆိုးလေး သားကိုအနိူင်ကျင့်နေတယ် အီးးးး😭"