Unicode
"သရက်သီးတွေ ကကြီးလည်းကြီးတယ် အရည်
လည်ရွှမ်းမယ့်ပုံပဲ"
"ဟုတ်တယ် အရမ်းအရသာရှိလောက်တယ်"
ရိပေါ် နဲ့ ဝေ့ရင်း နှစ်ယောက်မှာ ထိုစကားနှစ်ခွန်းပြော
ပြီးတာနဲ့ သရက်ပင်ပေါ်ကို သူ့ထက်ငါ အပြိုင်တက်
သွားကြတယ်
နောက်ကလိုက်လာတဲ့ ရှောင်းကျန့် နဲ့ လန်ကျန့် မှာ
စွံ့အ လို့ကောင်းတုန်း
အကြောင်းကား ဝေ့ဝူရှန့် ကသစ်ပင်တက်ကျွမ်းကျင်
တာတော့ဖြစ်နိုင်မည် တိမ်လွှာနန်းမြိုင်မှာ ဘဝ
တစ်လျှောက်လုံး နေလာခဲ့ရတဲ့ ရိပေါ် က ကျွမ်းကျင်
နေတာက ထူးဆန်းပါဘိ
"မင်းတို့ဘာလုပ်နေကြတာလဲ မြန်မြန်ဆင်းခဲ့ ပြုတ်ကြမယ် ရိပေါ်"
"မင်းတို့ဘာလုပ်နေကြတာလဲမြန်မြန်ဆင်းခဲ့ ပြုတ်ကြမယ် ဝေ့ရင်း"ယင်းသို့ စကားတစ်ခွန်း ကိုတစ်ပြိုင်တည်းပြောလိုက်
တဲ့သူနှစ်ဦး သရက်ပင်ပေါ်က ကောင်လေးနှစ်ယောက်
ကတော့ကြားဟန်မပြု
အလုံးလှတဲ့သရက်သီးတွေကိုအားရပါးရခူးနေတုန်း
"ရိပေါ် "
"ဝေ့ရင်း "
ထပ်ပြီးခေါ်လိုက်တဲ့နှစ်ယောက်ကြောင့် မပျော်တော့
တဲ့ သရက်ပင်ပေါ်က ကောင်လေးနှစ်ယောက် ရဲ့
မျက်နှာက ရှုံမဲ့လို့
ရိပေါ် က ဝေ့ရင်း နားကို တစ်ခုခုတိုးတိုးလေးကပ်
ပြောလိုက်တယ် ပြီးတော့ တစ်ယောက်ကို
တစ်ယောက် ကြည့်ပြီး ခေါင်းငြိမ့်ပြသည်
"ခုန် "
အပေါ်ကနှစ်ယောက်ရဲ့ ထူးဆန်းတဲ့အပြုအမှုကို
ကြောင်ကြည့်နေမိတဲ့ အောက်ကနှစ်ယောက်မှာ
သရက်ပင် ပေါ်ကနေ ပြိုင်တူခုန်ချလိုက်တဲ့သူတွေ
ကြောင့် အလန့်တကြားကိုယ်စီအလျင်အမြန်ပြေးကာ ခုန်ချလာသူတွေကို
ဆီးဖမ်းလိုက်တယ်
သက်ဆိုင်ရာ လူရဲ့ရင်ခွင်ထဲရောက်သွားချိန်
လေပြည်လေညှင်းလေးရဲ့တိုက်ခတ်မှုကြောင့်
သစ်ရွက်တွေကြွေကျသလို ခူးလာတဲ့သရက်သီးတွေ
ကလည်း မြေပေါ်တဘုတ်ဘုတ်ပြုတ်ကျ
လေထဲမှာ ဝဲပျံ နေတဲ့ ချောမောတဲ့ကောင်လေး
လေးယောက် အပေါ်ကိုပဲ နေရောင်ခြည် ကဖြာကျ
နေသယောင်
တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းစုံမိချိန်
ပြင်းပြင်းထန်ထန် လှုပ်ခတ်လာတဲ့ ရင်ခုန်သံတွေ
က စီးချက်ကျကျ
(လော့လော့ -ဘယ်လောက်တောင် ကြည့်ကောင်း
လိုက်တဲ့မြင်ကွင်းလေးလဲ)
(မင်မင် -ဟုတ်ပ ရင်ထဲကိုအေးသွားတာပဲ)
YOU ARE READING
I Love You ❤💚