Part 13 ❤💚

108 14 0
                                    

Unicode

^^ငါတို့ဖျောင်းဖျတုန်းကကျနားမဝင်တဲ့ ဟန်ကွမ်ကျွင်း က ရီလင်လောင်ဇူ လည်းဖျောင်းဖျ ရော သိပ်မကြာလိုက်ဘူးနော် တန်းသဘောတူတာ^^
^^တူမလား စဥ်းစားလေ ရှောင်းကျန့်^^
((မင်မင် -ကဲရန်ဖြစ်မနေနဲ့ ခရီးထွက်ဖို့ လိုအပ်တာ
တွေပြင်ဆင်ကြဦးလေ))
((လော့လော့ -ရှင်တို့ ခီယန် ကိုဘယ်လိုလုပ်မှာလဲ))
^^မပူပါနဲ့ ငါ့မှာအကြံရှိပါတယ်^^
ရိပေါ် ရဲ့အကြည့်က ထန်ဇယ် ဆီကိုဖြစ်တာကြောင့်
ရှောင်းကျန့် တထွေး သီးသွားတယ်
^^မင်းက ဘုရင်မင်းမြတ် ဆီ အပ်ထားမလို့လား^^
^^အင်း မဟုတ်လည်းသူတို့နှစ်ယောက်က အကြင်လင်မယား ဖြစ်မယ့်သူတွေပဲလေ^^
((လော့လော့ -ရိပေါ် ပြောတာထောက်ခံတယ်))

သန်းခေါင်ချိန် တွင်

ယန်ကျင်း မြို့တော် ကြီး၏ လူကုံထံတွေ သာနေ
နိုင်သည့် အိမ်ကြီးအိမ်ကောင်းတွေရှိတဲ့ နယ်မြေရှိ
အကြီးဆုံးအိမ်ကြီးမှာ လူတစ်ချို့က လျှို့ဝှက်တွေ့ဆုံ
ပြီး ဆွေးနွေးနေကြလေရဲ့
ထိုသူတွေက အိမ်ပိုင်ရှင်ဖြစ်တဲ့ အမတ်ကြီး ကျုံရန်
နဲ့ နန်းတွင်းက ရာထူးကြီးသူတစ်ချို့ဖြစ်တယ်

"မင်းဆရာကြီး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ "ဟုတ်တယ် သိုင်းလောကသားတွေ ပါဝင်လာတာ
ကျွန်တော်တို့လုပ်ငန်းတွေကိုရှုပ်ထွေးကုန်တယ်"
"မင်းတို့ ဘာကိုစိတ်ပူနေတာလဲ"
ကျုံရန် ကအေးဆေးတည်ငြိမ်စွာပြန်ဖြေတယ်
"မပူလို့ရမလား အခု ခီ မျိးနွယ်စု ခေါင်းဆောင်
ဟောင်းသေရတဲ့အကြောင်းရင်းကိုလိုက်စုံစမ်း​နေကြ
ပြီလေ မင်းဆရာကြီး ရဲ့"
အမတ်ချုပ်ကြီး ချိန်ယုံ က ပြောလာတယ်
"အဲ့တော့ဘာဖြစ်လဲ စုံစမ်းမယ့်သူက နှစ်ယောက်
တည်းပဲလေ အဲ့နှစ်ယောက်က ဘာလုပ်နိုင်မှာမလို့လဲ"
"မင်းဆရာကြီး သူတို့က ဝေ့ ရှောင်းကျန့် နဲ့
လန် ရိပေါ် ဆိုတာကိုမမေ့နဲ့ဦး"

"ချိန်ယုံ သူတို့က သူတို့ အစ်ကိုတွေလောက်
မထက်မြက်ဘူး သူတို့ကိုထည့်မတွက်ဘဲ ငါတို့
အခုလက်ရှိ စဥ်းစားရမှာက ဟန်ကွမ်ကျွင်း နဲ့
ရီလင်လောင်ဇူ ကို တစ်ချိန်ကလည်း ငါတို့အစီအစဥ်
ကသူတို့ကြောင့်ပျက်ဖူးတယ်မလား"
မင်းဆရာကြီး ပြောတာကိုထောက်ခံကြောင်း
ကျန်တဲ့သူတွေက ခေါင်း​ငြိမ့်ပြတယ်
"မင်းတို့စိတ်ပူနေမယ်ဆိုရင်လည်း ငါတို့ဂိုဏ်းမှာ
အားကိုးရတဲ့ လက်ရွေးစင် ငါးယောက် ကို
ရှောင်းကျန့် နဲ့ ရိပေါ် နောက် နောက်ယောင်ခံ
လိုက်ခိုင်းလိုက်မယ် "

I Love You ❤💚Where stories live. Discover now