Part 8❤💚

97 16 0
                                    

Unicode

ငြိမ်းချမ်းရေးယူ တာအဆင်မပြေခဲ့ဘဲ စစ်ဖြစ်ဖို့
သေချာသလောက်ရှိသွားတော့ သူတို့အားလုံး
အရင်လို အားယားမနေတော့ ကိုယ်စီတာဝန်ခွဲယူကာ
စီစဥ်စရာရှိတာကိုစီစဥ်နေရပြီ
အကြောင်းစုံကို ပြောပြလိုက်တော့ ဘယ်သူကမှ
အပြစ်မတင်တဲ့အပြင် ဆုံးဖြတ်ချက်မှန်ကြောင်း
ထောက်ခံလိုက်ကြသေးတယ်
စားနပ်ရိက္ခာတွေ မလုံလောက်မှာစိုးရိမ်နေပေမယ့်
ပြည်သူတွေအပေါ် အခွန်တိုးကောက်တာမျိုးကို
ဘုရင် ကမလုပ်ခဲ့ ဒါပေမယ့်လည်း ​တာဝန်သိပြည်သူ
တွေက ရိက္ခာ အမြောက်အမြားကို ပို့ပေးလာတယ်
ပြီးတော့ ကိုယ်ပိုင်အသိစိတ်နဲ့ စစ်တပ် ထဲကိုဝင်လာ
ကြတဲ့ အင်ပါယာ အတွင်းက အနှံ့အပြားက လူငယ်
တွေက နှစ်သောင်း နီးပါး
ပြည်သူတွေရဲ့သိတတ်မှုအပေါ် ဘုရင်မင်းမြတ် က
အလွန်ကို စိတ်ကျေနပ်မိသည်

"ဝေ့ရင်း "
"အစ်မ ကျန်းယန်းလီ "
စစ်ဖြစ်ရင် ဒဏ်ရာစစ်သည်တွေ ကိုပြုစုပေးဖို့လာပြီး
အားဖြည့်ပေးတဲ့ ကျန်းယန်းလီ နဲ့ မျန်မျန် တို့က
အဖွဲ့တွေနဲ့အတူ ရောက်လာတယ်
"ငါ့မောင်လေး တွေ ဒီအတောအတွင်း အဆင်ပြေ
ရဲ့လား "
"ပြေပါတယ် အစ်မ ရဲ့ သတိရနေခဲ့တာ"
"သတိရတယ်ဆိုပြီး ဘာလို့ပြန်မလာတာလဲ"
"ကျွန်တော်တို့ကအားနာလို့ပါ"
"မိသားစုဝင်အချင်းချင်း ဘာအားနာစရာလိုလို့လဲ"
ဝေ့ဝူရှန့် ကပိုပြီး ခင်တွယ်နေပေမယ့် ရှောင်းကျန့် က
တော့အဲ့လောက်ထိ မခင်တွယ်တတ်ဘူး
မောင်နှမတွေ အလွမ်းသယ်နေတာကို ဘေးကနေ
ကြည့်နေတဲ့ ကျန်းချန် ကဝင်ပြီး လုပ်စရာရှိတာ
လုပ်ဖို့ပြောမှ လူစုကွဲသွားတဲ့အဖြစ်

တစ်ဖက် တော်ဝင်ဆေးကုသဆောင် တွင်

ချမ်းသာတဲ့လူတန်းစား တွေ ကပို့ပေးလာတဲ့
ဆေးဝါးတွေ ဆေးမြစ်တွေကို စစ်ဆေးနေတဲ့ ရိပေါ်
"ရိပေါ် ညီလေး ခဏလောက် နားဦးလေ မင်း
တောအုပ်ကနေပြန်လာကတည်းက မနားရသေးဘူး
မလား "
"ကျွန်တော် မပင်ပန်းပါဘူး အစ်ကို ရှီးချန် အသင့်
ဖြစ်အောင်ပြင်ထားရမယ်မလား "
"ကျန်တဲ့သူတွေ ရှိပါသေးတယ် ခဏလောက်ပဲ
နားလိုက်ပါ "
"အစ်ကို "
"ပြောလေ ဘာပြောချင်လို့လဲ"
"ကျွန်တော့်ကိုယ်ကျွန်တော် အသုံးမကျတဲ့ သူတစ်
ယောက်လိုခံစားနေရတယ်"
"ဘာဖြစ်လို့လဲ ရိပေါ် "
"အခုချိန်မှာ တစ်ခြားသူတွေ ကစစ်ပွဲမှာကိုယ်တိုင်
တိုက်ဖို့ပြင်ဆင်နေကြပြီ ဒါပေမယ့်ကျွန်တော်ကတော့
အရိပ်အောက်မှာ ထိုင်နေရတယ် ကိုယ့်ကိုယ်အပိုလူ
တစ်ယောက်လို ခံစားရတယ်သိလား"

I Love You ❤💚Where stories live. Discover now