Part 5❤💚

119 16 0
                                    

Unicode

ညရောက်တော့မှ သူတို့ နားရတော့တယ်
"ကိုကို သမီးလုပ်ထားတဲ့လှေလေးကိုကြည့်ပါဦး "
ချစ်စရာကောင်းတဲ့ ကလေးမလေးဟာသူလုပ်ထား
တဲ့ စက္ကူ လှေလေးကို ဝေ့ရင်း ကိုပြတယ်
"ညီမလေး ကတော်လိုက်တာ "
"ညီမလေး တို့ကိုပုံပြင်ပြောပြ "
"ဘယ်လိုလုပ်မလဲ ကိုကို ကပုံပြင်မပြောတတ်ဘူး"
"ကိုကို ပြောပြပေးမယ် နားထောင်မလား"
"ဟုတ်ကဲ့ "
အနားကိုရောက်လာတဲ့ ရိပေါ် ကထိုင်လိုက်တယ်
သူတို့က မီးပုံကြီးတစ်ခုလုပ်ထားပြီး အောက်မှာ
အနွေးဓာတ်ရအောင် ကောက်ရိုးတွေခင်းအိပ်ကြတယ်
ဝေ့ရင်း အပါအဝင်ကလေးဆယ့်ငါးယောက်လောက်
က ရိပေါ် ပြောမှာကိုတိတ်တဆိတ်နားထောင်နေ
ကြတာ အသက်ပင်ပြင်းပြင်းမရှူကြ

"ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ မင်းသား
လေးတစ်ပါး ရှိတယ်တဲ့ အဲ့မင်းသားလေးက ချောမော
ခန့်ညားတဲ့အပြင် မင်းသားတွေတပ်အပ်တဲ့ပညာတွေ
လည်းတတ်မြောက်တာပေါ့ သူ့တိုင်းပြည်က ချမ်းသာ
ကြွယ်ဝပြီးစစ်အင်အားတောင့်တင်းတော့ သူ့ကိုတိုင်း
ပြည်အတွင်းက မိန်းမပျို တွေတင်မကဘူးအိမ်နီးချင်း
တိုင်းပြည် ကမိန်းမပျိုတွေနဲ့ မင်းသမီးတွေကပါ
လက်ဆက်ချင်ကြတာပေါ့"
"ကိုကို အဲ့မင်းသားလေးက တော်တော်ချောမှာပဲနော်"
"အင်း ပုံပြင်ဆက်မယ် ဒါပေမယ့် မင်းသားလေးက
တော့ မိန်းမပျိုတွေကို စိတ်မဝင်စားသလို နှစ်လည်း
မနှစ်သက်ဘူးတဲ့ "
"ဘာလို့လဲ သားသာဆိုရင် ဘယ်တစ်ယောက်ညာ
တစ်ယောက် ယူ​ဖြစ်မှာ"
အသက်ဆယ်နှစ်သာရှိသေးတဲ့ ကောင်လေးရဲ့စကား
ကြောင့် သူတို့တစ်ဖွဲ့လုံး အားရပါးရ
ရယ်လိုက်သေးတယ်

မနီးမဝေးမှာ ထိုင်နေတဲ့ လန်ကျန့် ရှောင်းကျန့်
နျဲ့ဟိုက်စန်း ကျင်းဇီရွှမ်း တို့အဖွဲ့ကလည်း ရိပေါ်
တို့ပြောနေတာကို အတိုင်းသားကြားနေရတယ်
"တစ်နေ့မှာတော့ မင်းသားလေးတို့တိုင်းပြည်ထပ်ပို
ပြီးအင်အားကြီးတဲ့ တိုင်းပြည်အကြီးကြီးက
ဘုရင်ကြီး ရောက်လာတယ် အဲ့ဘုရင်ကြီးက မဟာ
မိတ်ဖွဲ့ဖို့လာတာပေါ့ ထုံးတမ်းအစဥ်အလာအရ တိုင်းပြည် တစ်ပြည်နဲ့တစ်ပြည် မဟာမိတ်ဖွဲ့ရင်
တော်ဝင်မိသားစု ချင်း ပေါင်းစည်းရတယ်"
"မိသားစုချင်း ပေါင်းစည်းတယ်ဆိုတာကဘာကြီးလဲ"
"လက်ထပ်တာကိုပြောတာ "
ဝေ့ရင်း ကဖြေပေးတယ်
"ဟုတ်တယ် လက်ထပ်တာကိုပြောတာ ဒါပေမယ့်
တိုင်းပြည်နှစ်ခုလုံးမှာ မင်းသမီး မရှိဘူးတဲ့ နှစ်ဖက်
လုံးက မင်းသားတွေချည်းပဲ ဒါနဲ့ ဘုရင်နှစ်ယောက်က
တိုင်ပင်လိုက်ပြီး သူတို့သားတော် တွေကိုသီးသန့်တွေ့
ခိုင်းလိုက်တယ် မင်းသားတွေ တွေ့ကြတော့ နှစ်ယောက် ကအကြိုက်ချင်းတူတဲ့အပြင် ဝါသနာ
ချင်းကလည်းတူနေတော့ အခက်အခဲမရှိဘဲ ခဏအတွင်း အလွန်ရင်းနှီးသွားကြတယ်"

I Love You ❤💚Where stories live. Discover now