Part 12❤💚

107 14 1
                                    

Unicode

"ငါတို့မှာ သိနိုင်တဲ့ နည်းလမ်းတွေရှိတယ်လေ"
((မင်မင် & လော့လော့ - အပိုတွေ ငါတို့ပြောလို့
သိတာကို))
"ထားပါ​တော့ ကျွန်မအခုဒီကိုလာရတဲ့အကြောင်းက"
"စစ်ပွဲကို တားချင်လို့မလား"
"အင်း တစ်ဝက်တော့ မှန်တယ် ရိပေါ် တစ်ခုကျန်သေးတယ်"
"အဲ့တာကဘာလဲ"
"လူတစ်ယောက်ကိုကျွန်မ ရှာချင်တာ ရှောင်းကျန့်"
"ဘယ်သူ့ကိုလဲ"
"ရှင်တို့ဘာသာ စုံစမ်းလေ "
((မင်မင် - ခီယန် ရှာချင်တဲ့သူက သူ့မိဘတွေကို
သတ်သွားတဲ့သူကို))
"မင်းမိဘတွေကိုသတ်တဲ့သူမလား"
"ရိပေါ် ကတော်လိုက်တာ ရှင်ဘယ်လိုသိလဲ"
"ဒီလိုပါပဲ ခီယန် ရယ်"
"မင်း သူ့ကိုဘယ်လိုရှာလို့ရမလဲဆိုတာသိလား"

"ဟင့်အင်း ဒါပေမယ့် သေချာတာတစ်ခုက အဲ့လူသတ်သမားကြောင့် ကျွန်မအစ်ကိုက ဒီစစ်ပွဲကို
စတင်ခဲ့တာပဲ ရှောင်းကျန့်"
"ငါတို့မင်းကို ကူရှာပေးမယ်"
"ကူညီပေးမယ်ဆိုရင် ရှင်တို့ကိုကျေးဇူးတင်ရမှာပေါ့"
"အခုတော့ မင်း ဒီကိုရောက်နေတာ ဘယ်သူမှမသိ
ဘူးဆိုတော့ မင်းပုန်းနေသင့်တယ်"
"နန်းတော်ထဲမှာနေမှဖြစ်မယ် ကျွန်မကျန်တာမသိ
ပေမယ့် လူသတ်သမားက ဟော့ဒီ နန်းတော် ထဲမှာ
ရှိနေတယ်"
"သေချာရဲ့လား"
"အင်း ကျွန်မအစ်ကိုက ပြောဖူးတယ်"
ရိပေါ် နဲ့ ရှောင်းကျန့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်တယ် ပြီးမှ
"ကောင်းပြီ မင်း နေလို့ရအောင် ငါတို့စီစဥ်ပေးမယ်"
"ကျေးဇူးတင်ပါတယ် ရှောင်းကျန့် ရိပေါ် "
"မင်း တော်ဝင်ဆေးကုသဆောင် မှာအကူအဖြစ်နေရ
မယ် ခီယန်"
"ရပါတယ် ကျရာနေရာမှာနေရမှာပေါ့"

"ဒါဆို မင်းအခု ဒီနန်းဆောင်ကလူသိပ်မလာဖြစ်ဘူး
ဆိုတော့ နေလို့ရတယ် ငါတို့စီစဥ်စရာရှိတာစီစဥ်ဖို့
ပြန်ဦးမယ်"
Zhanyi အတွဲက ခီယန် ကိုနှုတ်ဆက်ပြီးပြန်တယ်
အပြန်လမ်းတွင်
"ရိပေါ် မင်းဘာလို့ သူမ့ကို ဆေးကုသဆောင် မှာ
ထားတာလဲ"
"ငါအနီးကပ်စောင့်ကြည့်လို့ရအောင်လေ"
"ဘာပြောတယ်"
"ဟာ....ရှောင်းကျန့် ရယ်ငါပြောချင်တာက သူမက
ဘယ်လိုပဲငါတို့မိတ်ဆွေလို့ပြောပြော စောင့်ကြည့်ရ
မယ်လေ သူမကငါတို့ကို ဒုက္ခမပေးဘူး လို့မပြောနိုင်
ဘူး"
((လော့လော့ - ပြီးတော့ ရှင်တို့ ဘုရင် နဲ့နီးစပ်အောင်
လည်း ပါတယ်))
"အဲ့လိုလား မင်းအဲ့တစ်ယောက်နဲ့သိပ်ပြီး
အရောမဝင်နဲ့နော် ငါပြောတာကြားလား "
"အေးပါ ငါ့ကိုဘာလို့ဒီလိုမျိုးတွေပြောနေတာလဲ"
"ဘာလို့ဆို ငါကမင်းကို......."
"ဘာဖြစ်လဲ ဆက်ပြောလေ"

I Love You ❤💚Where stories live. Discover now