Description

1K 24 0
                                    

Unicode

ဆရာနဲ့တပည့်ကြားကချစ်ခြင်းကရလဒ်ကောင်းရှိလာမည်မဟုတ်။

သူမ ချင်းရွှမ်ဂိုဏ်းကို တပည့်အဖြစ်ပညာလေ့လာဖို့ဝင်လာခဲ့တုန်းက
ဂိုဏ်းချုပ်ဆရာဦးလေးကြီးသည်
သေချာစွာ လေးလေးနက်နက်ဖြင့်
နေ့ဝက်ကြာအောင် လုချန်ယင်းအားပြောကြားခဲ့သည်။

လုချန်ယင်းသည်နားထောင်ပြီးနောက် *တိမ်နှင့်မြူနှင်းများကြားရောက်သွားသလို စိတ်ရှုပ်ထွေးသွားသည်။ သူမကိုကြည့်ရတာ သူများကိုသွားပြဿနာရှာမဲ့ပုံပေါက်နေလို့လား?

အဲ့တာပြောပြီးနောက် ဆရာဦးလေးကြီးနဲ့ ဆရာဦးလေးငယ် အပြင် စီနီယာအမကြီးများနဲ့ စီနီယာအကိုကြီးများ တစ်ယောက်ပြီးတစ်​ယောက် သူမအား တွေးတောစေရလောက်တဲ့ကိစ္စများအားစတင်ပြောဆိုကျတော့သည်။

အဓိကပြောသွားတဲ့ကိစ္စများကတော့ "ဆရာတပည့်ကြားကချစ်ခြင်းကကောင်းတဲ့ရလဒ်ရှိလာမှာမဟုတ်ဘူး" နှင့် "ဘာလို့ချစ်ခြင်းအကြောင်းတွေတွေးနေမှာတုန်း နတ်ဖြစ်ဖို့အရင်ကျင့်ကြံ" တို့ပင်ဖြစ်သည်။ အဲ့လိုပြောသွားတာများကပင် အစကဘာအတွေးမှမရှိတဲ့ လုချန်ယင်းအား မလုပ်နဲ့ဆိုမှပိုလုပ်ချင်သည့် ပုံကန်ချင်စိတ်များပေါက်ဖွားလာစေသည်။

သူမသည် ဂိုဏ်းကြီးတစ်ခုလုံးရှိလူများကို သူမ မလုပ်သင့်မလုပ်အပ်တဲ့အရာများအားလုပ်မိမှာကို စိုးရိမ်စေရလောက်တဲ့အထိဖြစ်စေတဲ့ သူမရဲ့ဆရာဖြစ်သူပုံစံက ဘယ်လိုမျိုးရှိမလဲဆိုတာသိချင်သွားမိသည်။

ထို့နောက် လုချန်ယင်း သူမရဲ့ဆရာဖြစ်သူကိုမြင်လိုက်ပြီး...နောက်....အာ....ဘယ်လိုပြောရမလဲ ....ဘယ်လိုဖြစ်ဖြစ်...တစ်ခါတစ်လေလောက် မလုပ်သင့်မလုပ်အပ်တဲ့အရာလေးတွေလုပ်ရတာလဲ စိတ်လှုပ်ရှားဖို့ကောင်းတာပဲလေ။

云里雾里 (yún lǐ wù lǐ) - စိတ်ရှုပ်ထွေးတာ/ ဇဝေဇဝါဖြစ်တာမျိုးပေါ့

Zawgyi

ဆရာနဲ႔တပည့္ၾကားကခ်စ္ျခင္းကရလဒ္ေကာင္းရွိလာမည္မဟုတ္။

သူမ ခ်င္း႐ႊမ္ဂိုဏ္းကို တပည့္အျဖစ္ပညာေလ့လာဖို႔ဝင္လာခဲ့တုန္းက
ဂိုဏ္းခ်ဳပ္ဆရာဦးေလးႀကီးသည္
ေသခ်ာစြာ ေလးေလးနက္နက္ျဖင့္ေန႔ဝက္ၾကာေအာင္ လုခ်န္ယင္းအားေျပာၾကားခဲ့သည္။

လုခ်န္ယင္းသည္နားေထာင္ၿပီးေနာက္ *တိမ္ႏွင့္ျမဴႏွင္းမ်ားၾကားေရာက္သြားသလို စိတ္ရႈပ္ေထြးသြားသည္။ သူမကိုၾကည့္ရတာ သူမ်ားကိုသြားျပႆနာရွာမဲ့ပုံေပါက္ေနလို႔လား?

အဲ့တာေျပာၿပီးေနာက္ ဆရာဦးေလးႀကီးနဲ႔ ဆရာဦးေလးငယ္ အျပင္ စီနီယာအမႀကီးမ်ားနဲ႔ စီနီယာအကိုႀကီးမ်ား တစ္ေယာက္ၿပီးတစ္​ေယာက္ သူမအား ေတြးေတာေစရေလာက္တဲ့ကိစၥမ်ားအားစတင္ေျပာဆိုက်ေတာ့သည္။

အဓိကေျပာသြားတဲ့ကိစၥမ်ားကေတာ့ "ဆရာတပည့္ၾကားကခ်စ္ျခင္းကေကာင္းတဲ့ရလဒ္ရွိလာမွာမဟုတ္ဘူး" ႏွင့္ "ဘာလို႔ခ်စ္ျခင္းအေၾကာင္းေတြေတြးေနမွာတုန္း နတ္ျဖစ္ဖို႔အရင္က်င့္ႀကံ" တို႔ပင္ျဖစ္သည္။ အဲ့လိုေျပာသြားတာမ်ားကပင္ အစကဘာအေတြးမွမရွိတဲ့ လုခ်န္ယင္းအား မလုပ္နဲ႔ဆိုမွပိုလုပ္ခ်င္သည့္ ပုံကန္ခ်င္စိတ္မ်ားေပါက္ဖြားလာေစသည္။

သူမသည္ ဂိုဏ္းႀကီးတစ္ခုလုံးရွိလူမ်ားကို သူမ မလုပ္သင့္မလုပ္အပ္တဲ့အရာမ်ားအားလုပ္မိမွာကို စိုးရိမ္ေစရေလာက္တဲ့အထိျဖစ္ေစတဲ့ သူမရဲ႕ဆရာျဖစ္သူပုံစံက ဘယ္လိုမ်ိဳးရွိမလဲဆိုတာသိခ်င္သြားမိသည္။

ထို႔ေနာက္ လုခ်န္ယင္း သူမရဲ႕ဆရာျဖစ္သူကိုျမင္လိုက္ၿပီး...ေနာက္....အာ....ဘယ္လိုေျပာရမလဲ ....ဘယ္လိုျဖစ္ျဖစ္...တစ္ခါတစ္ေလေလာက္ မလုပ္သင့္မလုပ္အပ္တဲ့အရာေလးေတြလုပ္ရတာလဲ စိတ္လႈပ္ရွားဖို႔ေကာင္းတာပဲေလ။

云里雾里 (yún lǐ wù lǐ) - စိတ္ရႈပ္ေထြးတာ/ ဇေဝဇဝါျဖစ္တာမ်ိဳးေပါ့

ဆရာနဲ့တပည့်ကြားကချစ်ခြင်းက ရလဒ်ကောင်းရှိလာမည်မဟုတ်Where stories live. Discover now