အပိုင်း (၁.၁) - ငါမကြောက်ဘူး

296 21 0
                                    

Unicode

လုချန်ယင်းသည် အိမ်တော်မှကန်ထုတ်ခံလိုက်ရသည်။

သူမ မြေကြီးပေါ်မှခက်ခက်ခဲခဲဖြင့်ထလိုက်ရသည် သူမပါးစပ်ဖျားမှစီးကျနေသည့်သွေးများကိုသုတ်ကာ စိတ်ကြီးဝင်ပြီးမောက်မာလှတဲ့ "ညီမ" ဖြစ်သူ ရှကျင်စူးကို လှည့်ကြည့်လိုက်ပြီးနောက် သူမနောက်ထပ်တစ်ကြိမ် ရှကျင်စူးနောက်ရှိရက်စက်တဲ့မကောင်းတဲ့အစောင့်တွေကိုထပ်ကြည့်လိုက်သည်။ သူမသက်ပြင်းတစ်ချက်ချကာ ပြန်လှည့်ပြီး တုန်ယင်နေသောခြေလှမ်းများဖြင့် ထွက်ခွါလာခဲ့သည်။

သူမတစ်ဖြည်းဖြည်းနဲ့ထွက်သွားသည်ကိုအဝေးမှကြည့်ပြီးနောက်
ရှကျင်စူးသည် ရက်စက်စွာနှာမှုတ်ပြီးလှောင်လိုက်သည်။

" သူမပါးနပ်လို့ကံကောင်းသွားတယ်
မှတ် နောက်တစ်ခါ အဖေနဲ့အမေကို စိတ်တိုအောင်လုပ်ရင် ဒီလောက်
လွယ်လွယ်ရိုက်နှက်မောင်းထုတ်ရုံနဲ့ပြီးသွားမှာမဟုတ်ဘူး "

ဟုပြောပြီးနောက် သူမရွံရှာတဲ့အကြည့်နဲ့ပါးစပ်ပိတ်ပြီး နောက်လှည့်မကြည့်ပဲ
အိမ်တော်ထဲဝင်သွားတော့သည်။

အမှန်တိုင်းပြောရရင်တော့
လုချန်ယင်းသည် တစ်ကယ်ကို
အပြစ်မဲ့လှသည်။

သူမသည်အရင်ကလုချန်ယင်း
မဟုတ်ပေ၊ အရင်လုချန်ယင်းသည် ရှကျင်စူး သန်မာကြမ်းတမ်းတဲ့
အစောင့်တွေကို သူမအား ပညာပေးဖို့ရိုက်နှက်ခိုင်းလိုက်ထဲက သေသွားခဲ့ပြီဖြစ်သည်။ လက်ရှိလုချန်ယင်းသည် လုချန်ယင်းလို့ခေါ်သည်ဆိုပေမဲ့လည်း အမှန်
တော့ သူမကအချိန်ကူးပြောင်းလာတာ
ဖြစ်သည်။

ပြန်တွေးကြည့်မှ သူမကဒီတိုင်းတစ်ရေးအိပ်လိုက်ရုံတင်ပါ နိုးလာတော့ သူမက ဒီမျိုးရိုးကော နာမည်ပါတူနေတဲ့ သနားစရာကောင်မလေး ခန္ဓာကိုယ်ထဲကို သေသေချာချာကြီး ကူးပြောင်းလာသည်။
လုချန်ယင်း မတတ်နိုင်စွာပဲ သက်ပြင်း
ထပ်ချလိုက်သည်။သူမတစ်ကိုယ်လုံးမှ
နာကျင်မှုကိုသည်းခံကာ လက်ကို
မြှောက်လိုက်ပြီး တစ်ဒုန်းဒုန်းနဲ့ကိုက်ခဲနေသော သူမခေါင်းကိုဖိလိုက်သည်။သူမ
စိတ်ထဲရှိ သူမမှတ်ဉာဏ်များကို ဂရုတစ်
စိုက်တူးထုတ်ရန် လမ်းမဘေးရှိ
သစ်ပင်နားတွင် မှီလိုက်သည်။

ဆရာနဲ့တပည့်ကြားကချစ်ခြင်းက ရလဒ်ကောင်းရှိလာမည်မဟုတ်Where stories live. Discover now