အပိုင်း (၁.၂) - ငါမကြောက်ဘူး

160 18 0
                                    

Unicode

လုချန်ယင်းသည် နောက်ပိုင်းမှ သူတို့သူမအားဘာလို့ဒီလိုဆက်ဆံလဲဆိုတာ
သိလိုက်ရတော့သည်။ သူမရဲ့
ဝိဉာဏ်ကြောသည် အရမ်းရှုပ်ထွေး
လွန်းပြီးကျင့်ကြံဖို့ သင့်တော်နေတာမျိုး
မဟုတ်၍ ရှအိမ်တော်အတွက်ဘာအကူညီ အထောက်အပံ့မှမပေးနိုင်သောကြောင့်
ဖြစ်သည်။

ရှယွမ်နဲ့ မဒမ်ရှတို့သည် သူမအားသနား
သည့်ပုံစံနှင့်ပြောပြီးနောက်ပိုင်းတွင်
ရှအိမ်တော်ရှိ ဝိဉာဏ်ကျောက်တုံးများ၊ရတနာပစ္စည်းနှင့်တစ်ခြားတန်ဖိုးရှိသည့်အရာအကုန်လုံးသည် ရှကျင်စူးဆီသို့ပဲရောက်သွားတော့သည်။ လုချန်ယင်း
ကတော့အဲ့လိုဆိုရင်တောင် ဘာမှ
မဖြစ်ပါဘူး ပြောရရင် သူမမှာမွေးရာပါ
လက်ဆောင်ကောင်းလဲပါလာတာမှ
မဟုတ်တာ ကျင့်ကြံမရတော့လဲ
မကျင့်ကြံတော့ဘူးပေါ့။ ဒီတိုင်း သန်မာလာအောင်ကိုယ့်အားကိုယ်ကိုးပြီး မိဘတွေအတွက်လက်စားချေပေးဖို့မလုပ်ပေးနိုင်တော့တာကိုပဲသူမဝမ်းနည်းနှမြောမိရုံတင်ပဲဖြစ်သည်။

နှစ်အနည်းငယ်ကြာသောအခါ
မိန်းကလေးနှစ်ယောက် တစ်ဖြည်း
ဖြည်းကြီးလာသည်နှင့် သူတို့ကြားမှ
ကွာဟချက်များသည်တဖြည်းဖြည်းကြီးလာသည်။ ရှကျင်စူးသည် လူများစွာရဲ့အချစ်ခံလေးအဖြစ်ကြီးပြင်းပြီး
ရှအိမ်တော်၏မျှော်လင့်ချက်လေး
ဖြစ်သည်။ တစ်ဖက်မှလုချန်ယင်းထံတွင်
တော့ အသက်ဆယ့်ခြောက်နှစ်နီးပါးရှိပြီဆိုသော်လည်း သူမဝိဉာဏ်ကြောထဲကို
ချီဘယ်လိုစုရမလဲဆိုတာတောင်
မသိသဖြင့် သူမတွင်လေ့ကျင့်ဖို့
အခွင့်အလမ်းပင်မရှိပေ။

သူမသည်အများအမြင်တွင် ရှအိမ်တော်ရဲ့ပထမသခင်မလေးဆိုပေမဲ့ တစ်ကယ်
တမ်းမှာတော့သူမသည် အိမ်စေ
တစ်ယောက်လိုပင်အလုပ်များကိုလုပ်
ရသည်။ အစပိုင်းမှာတော့ သူမသည်
မငြင်းဆန်ခဲ့ပေ ၊ဘာကြောင့်လဲဆို သူမကောင်းကောင်းလုပ်ပေးနိုင်တာဘာမှမရှိပဲ အလကားစားသောက်နေသည်ဟုခံစားရသောကြောင့်ဖြစ်သည်။ အလုပ်နည်း
နည်းလုပ်ရလဲ ငြင်းဆန်ခြင်းမရှိပဲ
လုပ်လိုက်တာပဲဖြစ်သည်။

အဲ့တာပြီးနောက် အကုန်လုံးက
ဒီလိုဖြစ်တာကိုကျင့်သားရသွားကျပြီး သူမအားဒီလိုအလုပ်လုပ်ခိုင်းတာ
သည်ဘာမှမမှားဘူးဟုထင်လာကျတော့သည်။ မဒမ်ရှသည်သူမအားပို၍ပြောဆိုကာသိသိသာသာပင် ခိုင်းလာတော့သည်။ အချိန်ကြာလာတာနဲ့အမျှ လုချန်ယင်း
သည်လည်း သတ္တိနည်းကာ စိတ်အားငယ်
တတ်ပြီးအလွယ်တကူအရှုံးပေးလွယ်တဲ့ ကလေးမလေးတစ်ယောက်ဖြစ်လာတော့သည်။

ဆရာနဲ့တပည့်ကြားကချစ်ခြင်းက ရလဒ်ကောင်းရှိလာမည်မဟုတ်Where stories live. Discover now