အပိုင်း (၁.၄) - ငါမကြောက်ဘူး

96 13 0
                                    

Unicode

" အခြားရွေးချယ်စရာလမ်းမရှိဘူး "

ထိုစကားမှ အထီးကျန်မှုနဲ့ ခါးသက်မှုများကိုခံစားလို့ရသည်။  သူမ မျက်လွှာချလိုက်ပြီး သူမမျက်တောင်များသည် တုန်ယင်နေခဲ့သည်။ ကြည့်တာနဲ့တင် သူမသည် မကြမ်းတမ်းပဲ အလွန်နုနယ်သည့်ပုံစံဆိုပေမဲ့ သူမ မျက်ခုံးအနားသတ်များသည်သူမအား ခိုင်မာအပြည့်နှင့်ပင်။

ယောကျာ်းလေးတပည့်ရဲ့မှင်မဲအရောင်
မျက်လုံးများသည် သူမအား ခဏစိုက်
ကြည့်ပြီးနောက် တစ်ခြားဂိုဏ်းသားများ၏စကားပြောရန်တုန့်ဆိုင်းနေသည့်အကြည့်အောက်တွင် သူသက်ပြင်း
တစ်ချက်ချကာပြောလိုက်သည်။

" ထားပါတော့ ဒီတစ်ခါ ကျင်းလင်မြို့ကနေတစ်ခြားလူသစ်တစ်ယောက်မှ
မခေါ်ရသေးဘူးဆိုတော့ ငါမင်းကို
အရင်ခေါ်သွားလိုက်ပါ့မယ် "

အခြားလူများသည် ထိုစကားများကြား
သည်နှင့်ချက်ခြင်း ငြင်းဆန်ချင်ကျပြီး
သူ့အား "ပိုင်ထန်ရှစ်ရှု" ဟုခေါ်လိုက်ကျ
သည်။

( Shishu - ဆရာ့ရဲ့ညီလေးအားခေါ်သည့်အခေါ်အဝေါ် )

ပိုင်ထန် သူတို့စကားဆက်ပြောတာကိုရပ်
ရန်လက်ပြလိုက်သည်။ ထို့နောက်
ကျန်သုံးယောက်သည် လုချန်ယင်းအား
မကျေနပ်သောမျက်နှာများဖြင့်
ကြည့်နေကျသည်။

လုချန်ယင်းသည်အဲ့လောက်လိုက်ပြီး
ဂရုမစိုက်နိုင်ပေ။ အခွင့်အရေးမရှိတာ
ထက်စာရင် အခွင့်အရေးရှိတာက
ပိုကောင်းသည်။ သူမ လက်အားကျစ်
ကျစ်ဆုပ်၍ အရိုအသေပြပြီးပိုင်ထန်ရဲ့အကူအညီအားကျေးဇူးတင်လိုက်သည်။

ပိုင်ထန်သည်ပြုံးပြီး ဒါကဒီလောက်
မလိုအပ်ပါဘူးဟုပြောလိုက်သည်။
ထို့နောက် လူအများစုရဲ့ မနာလိုအားကျသောအကြည့်များအောက်တွင် ဒဏ်ရာများနှင့်ထိတ်လန့်နေသော လုချန်ယင်းအား ဓားပေါ်တင်ကာခေါ်ဆောင်သွားတော့သည်။

ကူးပြောင်းမလာခင်က လုချန်းယင်သည် လေယျာဉ်ပျံ နှင့် ကျည်ဆန်ရထားဘာညာတို့ကိုစီးခဲ့ဖူးသည် သို့ပေမဲ့ သူမဘယ်တုန်းကမှအစွမ်းရှိသောဓားပျံစီးခဲ့ဖူးသောအတွေ့အကြုံမရှိပေ။

ဆရာနဲ့တပည့်ကြားကချစ်ခြင်းက ရလဒ်ကောင်းရှိလာမည်မဟုတ်Where stories live. Discover now