အပိုင်း (၂.၁) - ငါနိုင်သွားပြီ

108 13 2
                                    

Unicode

ချင်းရွှမ်းဂိုဏ်းအနားနီးလာလေလေ
ဒဏ္ဍာရီဆန်ဆန် ရှုခင်းများကိုပိုတွေ့ရလေဖြစ်သည်။ တစ်ခါမှမကျင့်ကြံဖူးတဲ့
လုချန်ယင်းပင် သူမပတ်ဝန်းကျင်ရှိ
အရှိန်အဝါသည် အလျှံအပယ်ပို၍များပြားလာသည်ကိုခံစားလို့ရသည်။

ပိုင်ထန်သည်နောက်ဆုံးတော့ အင်ပါယာဓားအားရပ်လိုက်တော့သည်။
နောက်တပည့်သုံးယောက်သည်တောင်
ဂိတ်ပေါက်ဝနားတင်စောင့်နေသည်မှာ အချိန်တော်တော်ကြာပြီဖြစ်သည်။

လုချန်ယင်း ဓားပေါ်မှာ ယိုင်တိုင်ယိုင်တိုင်
ဖြင့်ဆင်းလာသည်။ ဒီတစ်ခါတော့ တောင်
ဂိတ်ပေါက်ဝတွင်းသူတို့ပဲရှိတာမဟုတ်ပဲ အခြားတပည့်များစွာပါရှိနေကျသည်။ သူမသည်တစ်ခြားသူများအား သံသယမဖြစ်စေရန် ပိုင်ထန်၏ အင်္ကျီလက်အားမဆွဲတော့ပေမဲ့ သူမသည်အခုထိအားနည်းနေဆဲဖြစ်သည်။ သူမသည်ဓားပျံနဲ့အကြာကြီးပျံသန်းခဲ့ရသောကြောင့် ဆင်းလာသောအခါ သူမခြေထောက်များသည်
ချက်ခြင်း ပျော့ခွေသွားတော့သည်။
ထို့ကြောင့် သူမဘေးနားရှိပိုင်ထန်သည်
သဘာဝကျကျပင် သူမအား လှမ်းကူညီပေးလိုက်သည်။

စန္ဒကူးအနံ့ဖျော့ဖျော့သည် သူမနှာခေါင်းအတွင်းသို့ဝင်ရောက်လာသည်။
သူသည် သူ့နာမည်အတိုင်းပင် ဖြောင့်မတ်ကာ အကူအညီပေးတတ်ပြီး သူ့ဘေးနားရှိလူများအား လုံခြုံသည့်စိတ်ခံစားချက်ကိုပေးနိုင်သည်။

" သတိထား "

ပိုင်ထန်သူမအား ကူညီပေးပြီးနောက် သူသည် သူမလက်ကိုလွှတ်လိုက်ကာ
သူမအားညင်သာစွာပြောလာသည်။

လုချန်ယင်း သူမသိပြီဖြစ်ကြောင်းခေါင်းငြိမ့်ကာပြောလိုက်သည်။ သူမပြန်မတ်
တပ်ရပ်လိုက်သောအခါ သူမအား စိတ်တိုနေသောမျက်လုံးများဖြင့်ကြည့်နေကျသော သူမအရွယ်ဝန်းကျင်မိန်းကလေး
တပည့်များစွာကိုတွေ့လိုက်ရသည်။ သူမခဏလောက်ကြောင်သွားပြီးနောက် အခြားတပည့်တွေနှင့်စကားပြောနေသော ပိုင်ထန်ကိုလှာ့်ကြည့်လိုက်ပြီးနောက် သူမဘာတွေဖြစ်နေသည်ဆိုတာကိုနားလည်
သွားတော့သည်။

သူမသည် သူမနှင့်ပိုင်ထန်ကြားရှိအကွာအဝေးအားခြားရန် ခြေလှမ်းအနည်းငယ်
ကို အရိပ်အယောင်တစ်စိုးတစ်စိမျှမရှိစွာဖြင့် ရွေ့လိုက်သည်။ အဲ့နောက်မှပင်
မိန်းကလေးတပည့်အနည်းငယ်၏
အမူအယာသွားသည်ပျော့ပြောင်းသွားတော့ပြီး သူမအား " သိတတ်သားပဲ "ဟူသော အကြည့်များပေးလာတော့သည်။

ဆရာနဲ့တပည့်ကြားကချစ်ခြင်းက ရလဒ်ကောင်းရှိလာမည်မဟုတ်Where stories live. Discover now