အပိုင်း ( ၄ ) ⚠︎ ⚠︎

1.4K 102 38
                                    

.
.
.

.

.......

နတ်မြွေတိုင်းပြည်ကြီးမှာ ဒီနေ့ သိပ်ခမ်းနားကြီးကျယ်တဲ့ပွဲတော်ကြီးရှိတယ်။

ထိုပွဲသည် သစ္စာကျောက်တိုင်ဝင်္ကမ္ဘာအသိုက်ကနေထွက်လာနိုင်တဲ့ မဟူရာအမြုတေပိုင်ရှင်နဲ့ အရှင်သခင်ဝမ်တို့ရဲ့ ဇမ္ဗူရှားလွန်းတဲ့ ထိမ်းမြားပွဲကြီး။

မဟူရာအမြုတေပိုင်ရှင်က အရှင်ဝမ့်ကို သိပ်တန်ဖိုးထားကြောင်း သူ ရယူလာတဲ့ နတ်မင်းအမြုတေကို မဂ်လာခန်းဝင်အဖြစ်ပေးသည်။
မြောက်များစွာသော ရတနာများကို ခင်းကျင်းပြီး အရှင်သခင်ဝမ်ကို လက်ထပ်ယူခဲ့သည်။

ကျေးကျွန်ပြုပါမည်ဟူ၍ သစ္စာဆိုခဲ့သော အရှင်မင်းဝမ်သည် ဧကရီတစ်ပါးအဖြစ် နေရမည်ဟု ကြားသိရသောအခါ နတ်မြွေမျိုးနွယ်များမှာလဲ ကျေနပ်ကြသည်။

မကျေနပ်တဲ့သူမှာ ဝမ်ရိပေါ်သာဖြစ်သည်။

" ဧကရာဇ်ရှောင်း နှင့် အရှင်မင်းဝမ်.. အဟမ်း ဧကရီဝမ်တို့ သွေးသစ္စာသောက်သုံးရမဲ့အချိန်ရောက်ပါပြီ "

ညလယ်တိတိသို့ရောက်သည့်အခါ နတ်ဆရာမကြီးထံမှာ အချက်ပေးစကားထွက်ပေါ်လာသည်။
ဝမ့်ရဲ့သွေးနှင့် ရှောင်းကျန့်ရဲ့ လက်ဆက်တဲ့သွေးတွေကို ထည့်ထားတဲ့ရွှေခွက်တွေက အနားရောက်လာသည်။
အနားရောက်လာ‌တာတောင် လှမ်းမယူသေးတဲ့ ဝမ်က တုတ်တုတ်တောင်မလှုပ်။

ပုဝါဆောင်းထားသည့် ဝမ်သည် ကျေနပ်နေမည်မဟုတ်မှန်းရှောင်းကျန့် ရိပ်စားမိပါသည်။

အချစ်ကို အပိုင်အစားရတဲ့နေ့ကိုဖြင့် ရှောင်းကျန့်မေ့မယ်မထင်။

အချစ်ကလေးရဲ့လက်ဖျားတွေ အေးစက်နေပါရောလား...

ဟက်*

မင်းလေးရဲ့ လက်ကျန်ဘဝအစိတ်အပိုင်းမှာ ကိုယ့်ကို ပါခွင့်ပြုပါ  ဝမ်~~

နတ်ဆရာမ ကမ်းလာတဲ့  ရွှေခွက်နှစ်ခွက်စလုံးကို သူတစ်ယောက်တည်း သောက်ပစ်လိုက်တယ်။
ဒါကို နတ်ဆရာမက ကြောင်,အ ပြီးကြည့်နေခဲ့ပြီး ပြည်သူတွေက ဟင်ကနဲ၊ဟာကနဲ။

ဒီလိုလက်ဆက်ပွဲမျိုး သူတို့မှ မတွေ့ခဲ့ဖူးလေပဲ။

ရှောင်းကျန့်က ရုတ်တရက်အနီရောင်ပုဝါအောက်တိုင်းဝင်ရင်း ဝမ့်ရဲ့ ပါးပြင်ကလေးကို အသာအုပ်ကိုင်ပြီး နှုတ်ခမ်းလွှာချင်းဖိကပ်ပစ်လိုက်တဲ့အခါ
ဝမ်ရဲ့မျက်ဝန်းတွေက အံ့ဩမင်သက်နေသည်။

‌နတ်မြွေလောက၏ အရှင်သခင် [Ongoing ]Donde viven las historias. Descúbrelo ahora