အပိုင်း (၇)

316 37 6
                                    


နတ်မြွေလောက၏ အရှင်သခင်-7-





-


-

---



--------------

ယနေ့ညီလာခံအတွင်း ကျွတ်စီကျွတ်စီသံများညံလို့နေသည်။

ဦးရီးတော်၁၃( ကျောက်စိမ်းကိုယ်တော်)သည်  ရုတ်တရက်အလည်လာသည်ဟု အပြောများနေ၏။

ဦးရီးတော်သည် ပဉ္စမမြောက်အဆင့် ၊ကျောက်စိမ်းအမြုတေပိုင်ဆိုင်သူဖြစ်ပြီး နဝမမြောက်အဆင့် (ရွှေအဆင့်လျောင်းလျာ) ပုလဲအမြုတေသို့ တက်လှမ်းတော့မည့်ပုဂ္ဂိုလ်ဖြစ်သည်။

တချိန်က အရှင်ဝမ်နှင့် အာဏာပြိုင်ဆိုင်ခြင်းများရှိ‌ခဲ့သော်လည်း ဧကရာဇ်ဘွဲ့သည် ဝမ်ရိပေါ်အပိုင်ဖြစ်သွားသည်မို့ ကျန်းမာရေးအကြောင်းပြကာ ရှောင်ထွက်သွားသည့်သူဖြစ်သည်။

ရုတ်တရက်ရောက်လာခြင်းသည် အကြောင်းမဟုတ်၊ သို့သော်  နတ်မြွေလောကကြီးသည် ငှက်မိစ္ဆာများကြောင့် အထိအခိုက်များနေသည့်အချိန်မို့ ပိုလို့ပင် အန္တရာယ်များလှ၏..။

ရှောင်းဧကရာဇ်ရဲ့ အမိန့်ကြောင့် ညီလာခံမတက်ပေမဲ့ ညီလာခံမှ သတင်း‌များက ဝမ်အရှင့်ထံအမြဲရောက်‌ေလ့ရှိတယ် ။

ဦးရီးတော်၁၃သည် ကောင်းကျိုးသယ်လာမည့်သူမဟုတ်၊ ယုတ်ညံ့သောပရိယာယ်များမပါဝင်ဖို့ရာ မျှော်လင့်မိပါရဲ့...။


" ဝမ်စဲ့.."


"  ကျွန်တော်မျိုးအပြင်မှာ စောင့်ကြပ်နေပါတယ် အရှင်  "


" စားစရာတစ်ခုခု ပြင်ထားလိုက်.. ခနနေ ဦးရီးတော်ကို ‌ဝမ်ခဲ့နဲ့အတူ ခေါ်ဆောင်လာခဲ့ပါ.."


" အမိန့်တိုင်းပါ အရှင် "


နန်းဆောင်တွင်းမှ ကျက်သရေအဖြာဖြာရှိလှသော  ဝမ်ဧကရီသည် ဖြူဖွေးသောပုလဲရောင်ဝတ်ရုံတော်ကြီးဆင်မြန်းလျက်....။

ရွှေကမ္ဗလာခင်းထားသောစားပွဲပေါ်ရှိ ငှက်မိစ္ဆာများနှင့် နတ်မြွေများ၏ စည်းခြားနယ်မြေပုံအား ဂရုတစိုက်လေ့လာနေ၏...။

အထိအခိုက်များနေသောနယ်များအား အနီရောင်အမှတ်အသားများပေးထားလျက်... ဆိုးရွားသော အခြေအနေအား ကျော်ဖြတ်ရန်  အကြံဉာဏ်ထုတ်နေမိတော့သည်။


‌နတ်မြွေလောက၏ အရှင်သခင် [Ongoing ]حيث تعيش القصص. اكتشف الآن